မေကြးတိုင္းေဒသဖြံ႕ၿဖိဳးေရးရန္ပံုေငြျဖင့္ လွဴဒါန္းထားသည့္ ေမာ္ေတာ္ယာဥ္ႏွင့္ပဲ့ေထာင္မ်ား ျပန္ေပးၿပီ

မေကြးတိုင္းေဒသဖြံ႕ၿဖိဳးေရးရန္ပံုေငြျဖင့္ လွဴဒါန္းထားသည့္ ေမာ္ေတာ္ယာဥ္ႏွင့္ပဲ့ေထာင္မ်ား ျပန္ေပးၿပီ
ဧပြီ 30, 2017
By Tachileik News Agency

မေကြးတိုင္းေဒသႀကီး ေဒသဖံြ႔ၿဖိဳးေရးရန္ပံုေငြမွ ျပည္ေထာင္စု ႀကံ႕ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီသို႔ လွဴဒါန္းထားသည့္ ေမာ္ေတာ္ယာဥ္ႏွင့္ ပဲ့ေထာင္မ်ားအား ဧၿပီလ (၂၉)ရက္ေန႔တြင္ တိုင္းေဒသႀကီးအစိုးရ အဖြဲ႔ထံ ျပည္ေထာင္စုအစိုးရ ညႊန္ၾကားခ်က္ျဖင့္ ျပန္လည္လႊဲေျပာင္းေပးလုိက္ေၾကာင္း သိရသည္။

ယခင္အစုိးရလက္ထက္ မေကြးတိုင္းေဒသႀကီး ေဒသဖြံ႕ၿဖိဳးေရးရန္ပံုေငြမွ ေငြက်ပ္ (၁.၇)ဘီလီယံ၊ ေမာ္ေတာ္ယာဥ္ (၄)စီး၊ ဘက္ဟိုး (၁) စီး၊ ပဲ႔ေထာင္ေရယာဥ္(၂)စီးတို႔အား ျပည္ေထာင္စုႀကံ႕ခုိင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီသုိ႔ လွဴဒါန္းထားျခင္းျဖစ္ၿပီး “ေရႊသုခ” အေသးစားလုပ္ငန္းသို႔ ေငြက်ပ္(၁.၅၇)ဘီလီယံေက်ာ္ လဲႊေျပာင္းေပးခဲ႔သည္ကို ေဖာ္ထုတ္ေတြ႔ရိွရသျဖင့္ အဆိုပါေငြေၾကးႏွင့္ ေမာ္ေတာ္ယာဥ္မ်ားအား တိုင္းေဒသႀကီးအစိုးရအဖြဲ႕ထံ ျပန္လည္လႊဲေျပာင္းေပးရန္ ျပည္ေထာင္စုအစိုးရအဖြဲ႕က ညႊန္ၾကားထားျခင္းျဖစ္သည္။

ယခင္ တိုင္းေဒသႀကီးအစိုးရလက္ထက္ ေရနံလက္ယက္တြင္းတိမ္လုပ္ငန္းမွရရိွသည့္ ေဒသဖံြ႔ၿဖိဳးေရး ရန္ပံုေငြ က်ပ္ (၇.၄၅၉)ဘီလီယံ ပတ္သက္၍ လက္ရိွမေကြးတိုင္းေဒသႀကီးအစိုးရအဖဲြ႔က ဆက္လက္ ေဆာင္ရြက္ရမည့္ကိစၥရပ္မ်ားကို ျပည္ေထာင္စုအစိုးရအဖဲြ႔ ႏိုင္ငံေတာ္သမၼတရံုးမွ ဧၿပီ လ (၈)ရက္ေန႔က ညႊန္ၾကားစာေပးပို႔ခဲ႔ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~
ဒေသဖွံ့ဖြိုးရေးရန်ပုံငွေထဲမှ USDP ပါတီသို့ လှူဒါန်းထားသည့် မော်တော်ယာဉ်နှင့်ပဲ့ထောင်များ ပြန်ပေးပြီ


မကွေးတိုင်းဒေသကြီး ဒေသဖွံ့ဖြိုးရေးရန်ပုံငွေမှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသို့ လှူဒါန်းထားသည့် မော်တော်ယာဉ်နှင့် ပဲ့ထောင်များအား ဧပြီလ (၂၉)ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရ အဖွဲ့ထံ ပြည်ထောင်စုအစိုးရ ညွှန်ကြားချက်ဖြင့် ပြန်လည်လွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။

ယခင်အစိုးရလက်ထက် မကွေးတိုင်းဒေသကြီး ဒေသဖွံ့ဖြိုးရေးရန်ပုံငွေမှ ငွေကျပ် (၁.၇)ဘီလီယံ၊ မော်တော်ယာဉ် (၄)စီး၊ ဘက်ဟိုး (၁) စီး၊ ပဲ့ထောင်ရေယာဉ်(၂)စီးတို့အား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသို့ လှူဒါန်းထားခြင်းဖြစ်ပြီး “ရွှေသုခ” အသေးစားလုပ်ငန်းသို့ ငွေကျပ်(၁.၅၇)ဘီလီယံကျော် လွှဲပြောင်းပေးခဲ့သည်ကို ဖော်ထုတ်တွေ့ရှိရသဖြင့် အဆိုပါငွေကြေးနှင့် မော်တော်ယာဉ်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ပြန်လည်လွှဲပြောင်းပေးရန် ပြည်ထောင်စုအစိုးရအဖွဲ့က ညွှန်ကြားထားခြင်းဖြစ်သည်။

ယခင် တိုင်းဒေသကြီးအစိုးရလက်ထက် ရေနံလက်ယက်တွင်းတိမ်လုပ်ငန်းမှရရှိသည့် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ် (၇.၄၅၉)ဘီလီယံ ပတ်သက်၍ လက်ရှိမကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဆက်လက် ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ပြည်ထောင်စုအစိုးရအဖွဲ့ နိုင်ငံတော်သမ္မတရုံးမှ ဧပြီ လ (၈)ရက်နေ့က ညွှန်ကြားစာပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~