ကျိုင်းတုံ ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီမှာ ကြိုတင်မဲအများဆုံးဖြစ်နေ

ကျိုင်းတုံ ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီမှာ ကြိုတင်မဲအများဆုံးဖြစ်နေ
ဧပွီ 1, 2017
By Tachileik News Agency
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ကျင်းပပြုလုပ်နေသည့် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်လွှတ်တော် ကျိုင်းတုံ မဲဆန္ဒနယ် အမှတ်(၂)၏  ကြိုတင်မဲရလာဒ်မှာ ပြည်ခိုင်ဖြိုးပါတီမှာ ရလာဒ်အများဆုံးဖြစ်နေပြီး ပယ်မဲ(၁)မဲသာ ရှိကြောင်း သိရသည်။
၂၀၁၇ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအတွက် ရှမ်းပြည်နယ်လွှတ်တော် ကျိုင်းတုံ မဲဆန္ဒနယ် အမှတ်(၂)၏ ကြိုတင်မဲရေတွက်မှုမှာ ဧပြီလ(၁)ရက်နေ့ ည(၇)နာရီအချိန်ထိတွင် ပြည်ခိုင်ဖြိုးပါတီမှ (၇၃၃)မဲ၊ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ (၃)မဲ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ (၂)မဲ နှင့် ပယ်မဲ (၁)မဲရရှိပြီး ကျန်ရှိသည့် ပါတီများမှာ ကြိုတင်မဲရရှိခြင်း မရှိကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ဇွဲမြတ်

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ကျင်းပပြုလုပ်နေသည့် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်လွှတ်တော် ကျိုင်းတုံ မဲဆန္ဒနယ် အမှတ်(၂)၏ ကြိုတင်မဲရလာဒ်မှာ ပြည်ခိုင်ဖြိုးပါတီမှာ ရလာဒ်အများဆုံးဖြစ်နပြေီး ပယ်မဲ(၁)မဲသာ ရှိကြောင်း သိရသည်။
၂၀၁၇ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအတွက် ရှမ်းပြည်နယ်လွှတ်တော် ကျိုင်းတုံ မဲဆန္ဒနယ် အမှတ်(၂)၏ ကြိုတင်မဲရေတွက်မှုမှာ ဧၿပီလ(၁)ရက်နေ့ ည(၇)နာရီအချိန်ထိတွင် ပြည်ခိုင်ဖြိုးပါတီမှ (၇၃၃)မဲ၊ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ (၃)မဲ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ (၂)မဲ နှင့် ပယ်မဲ (၁)မဲရရှိပြီး ကျန်ရှိသည့် ပါတီများမှာ ကြိုတင်မဲရရှိခြင်း မရှိကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ဇွဲမြတ်
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~