တာလေမြို့ ဟွေခိုက်ရွာတွင် တောင်သူ (၃၀)ဦးအား စိုက်ပျိုးရေးဆိုင်ရာ နှစ်ရက်တာသင်တန်း ပို့ချ

တာလေမြို့ ဟွေခိုက်ရွာတွင် တောင်သူ (၃၀)ဦးအား စိုက်ပျိုးရေးဆိုင်ရာ နှစ်ရက်တာသင်တန်း ပို့ချ
ဧပွီ 8, 2017
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် တာလေမြို့ နားယောင်းကျေးရွာအုပ်စု ဟွေခိုက်ရွာတွင် တောင်သူ (၃၀)ဦးအား စိုက်ပျိုးရေးဆိုင်ရာ သင်တန်းကို ဧပြီလ (၇)ရက်နေ့မှစ၍ နှစ်ရက်တာ သင်တန်းပို့ချကြောင်း သိရသည်။


ယင်း သင်တန်းအား တာချီလိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးလှဝင်း၊ တာလေမြို့ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးလွှမ်းမိုးသူနှင့် ခရိုင်ဦးစီးမှူးရုံး သီးနှံကာကွယ်ရေးဌာနခွဲမှ ဒုဦးစီးမှူး ဒေါ်မြသန္တာတို့က သင်တန်းပို့ချခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။


~~~~~~~~⊰❂ unicode ~~~~~~~~
တာလမြေို့ ဟွေခိုက်ရွာတွင် တောင်သူ (၃၀)ဦးအား စိုက်ပျိုးရေးဆိုင်ရာ နှစ်ရက်တာသင်တန်း ပို့ချ

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် တာလမြေို့ နားယောင်းကျေးရွာအုပ်စု ဟွေခိုက်ရွာတွင် တောင်သူ (၃၀)ဦးအား စိုက်ပျိုးရေးဆိုင်ရာ သင်တန်းကို ဧပြီလ (၇)ရက်နေ့မှစ၍ နှစ်ရက်တာ သင်တန်းပို့ချကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် စပါးအစွမ်းရှိ စိုက်နည်းစနစ်၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ စိုက်ပျိုးနည်းပညာ၊ ခေတ်မီ တောင်စောင်းစိုက်ပျိုးနည်းစနစ်နှင့် သဘာဝပိုးသတ်ဆေးပြုလုပ်သုံးစွဲနည်းများကို လည်းကောင်း၊ တောင်သူ ကိုယ်တိုင် တစ်ပိုင်တစ်နိုင် မျိုးသန့်စိုက်ပျိုးထုတ်လုပ်နည်း၊ ဘက်စုံစိုက်ပျိုးရေးနည်းစနစ်၊ သဘာဝ ဝန်းကျင်မပျက် စိုက်ပျိုးနည်းစနစ်နှင့် ရေတိုက်စားခြင်းကြောင့် မြေဆီလွှာဆုံးရှုံးခြင်းများ ကို လည်းကောင်း၊ သီးနှံတွင် ကျရောက်တတ်သော ပိုးမွှား၊ ရောဂါ၊ ပေါင်းမြက်၊ ကြွက်၊ခရုစသည့် ဖျက်ပိုး ရောဂါများ ခွဲခြားနည်းနှင့် ပိုးသတ်ဆေး သုံးစွဲနည်း၊ ကြိုတင်ကာကွယ်နည်းများကို လည်းကောင်း စာတွေ့လက်တွေ့ ပို့ချခြင်းဖြစ်ကြောင်းသိရသည်။

ယင်း သင်တန်းအား တာချီလိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးလှဝင်း၊ တာလမြေို့ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးလွှမ်းမိုးသူနှင့် ခရိုင်ဦးစီးမှူးရုံး သီးနှံကာကွယ်ရေးဌာနခွဲမှ ဒုဦးစီးမှူး ဒေါ်မြသန္တာတို့က သင်တန်းပို့ချခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~