စားသံုးသူအကာအကြယ္ေပးႏိုင္ေရးတြက္ ထိေရာက္သည့္ ျပစ္ဒဏ္မ်ား ဥပေဒတြင္ ထပ္မံျဖည့္စြက္ရန္ ျပင္ဆင္ေန

စားသံုးသူအကာအကြယ္ေပးႏိုင္ေရးတြက္ ထိေရာက္သည့္ ျပစ္ဒဏ္မ်ား ဥပေဒတြင္ ထပ္မံျဖည့္စြက္ရန္ ျပင္ဆင္ေန
ဧပြီ 29, 2017
By Tachileik News Agency

စားသံုးရန္မသင့္သည့္ စားေသာက္ကုန္မ်ား ေစ်းကြက္မွ ရွင္းလင္းေရး ႏွင့္ ထုတ္ကုန္လံံုျခံဳ စိတ္ခ်ေရးအတြက္ ဥပေဒတြင္ ပုဒ္မႏွင့္ ျပစ္ဒဏ္မ်ား ျပင္ဆင္ျဖည့္စြက္ေရးကုိ ရွမ္းျပည္နယ္(ေတာင္ပိုင္း) ၊ ေတာင္ႀကီးၿမိဳ႕တြင္ စားသံုးသူေရးရာဦးစီးဌာန အျငင္းပြားမႈေျဖရွင္းေရးအဖြဲ႕နွင့္ လုပ္ငန္းေကာ္မတီ (၂)ရပ္က ဧၿပီလ ၂၈ ရက္ေန႔ က ညိႇႏိႈင္းေဆြးေႏြးေနေၾကာင္း သိရသည္။

“အစားအေသာက္နဲ႔ပတ္သက္ၿပီး တရားမ၀င္ တင္သြင္းတာေတြကို ထိထိေရာက္ေရာက္ စိစစ္အေရးယူျခင္း မရွိတာက အားနည္းခ်က္ တစ္ခုျဖစ္တယ္။ ကုန္စည္၀န္ေဆာင္မႈရဲ႕ အရည္အေသြးမျပည့္၀မႈေၾကာင့္ စားသံုးသူ အခြင့္အေရးေတြကို မ်ားစြာထိခိုက္နိုင္တယ္။ ရွမ္းျပည္မွာလည္း စားသံုးသူေတြကို အကာအကြယ္ ေပးနိုင္ဖို႕ ဥပေဒနဲ႕အညီ ထိေရာက္ေအာင္ အေရးယူႏိုင္ဖို႕ ေဆာင္ရြက္သြားရပါမယ္”ဟု ရွမ္းျပည္နယ္စားသံုးသူအျငင္းပြားမွဳေျဖရွင္းေရး အဖြဲ႕ ဥကၠဌ ၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕၊ စီမံကိန္း ႏွင့္ စီးပြားေရး၀န္ႀကီး ဦးစိုးညြန္႔လြင္ က ေျပာသည္။

လက္ရိွအခ်ိန္ထိ ရွမ္းျပည္နယ္အတြင္း တရားမဝင္ တင္သြင္းမႈမ်ားကို ထိထိေရာက္ေရာက္ စိစစ္ အေရးယူႏုိင္ျခင္း မရွိေသးေၾကာင္း ရွမ္းျပည္နယ္စားသံုးသူအျငင္းပြားမွဳေျဖရွင္းေရး အဖြဲ႕ ဥကၠဌ ၊ ရွမ္းျပည္နယ္ အစိုးရအဖြဲ႕၊ စီမံကိန္း ႏွင့္ စီးပြားေရး၀န္ႀကီး ဦးစိုးညြန္႔လြင္ က ေျပာႀကားလုိက္ျခင္းျဖစ္သည္။

“စားသံုးသူ အကာကြယ္ေပးေရးမွာက လက္ရွိ ဥပေဒၾကမ္းမွာ ပုဒမ္( ၃၁) ခုပဲ ပါ ပါတယ္။ အခု စားသံုးသူေရးရာ အေနနဲ႕ လက္ရွိ ဥပေဒၾကမ္းေရးဆြဲတဲ့ အထဲမွာေတာ့ ပုဒ္မေပါင္း (၈၂) ခုပါတယ္။ လက္ရွိဥပေဒရဲ႕ အားနည္းခ်က္ေတြကို ျပန္လည္တင္ျပထားတယ္။ ျပစ္ဒဏ္ေတြကိုလည္း အရင္တုန္းကထက္ ပိုတိုးျမႇင့္ထားတာေတြ ရွိတယ္။ လုပ္ငန္းရွင္ေတြ ထုတ္လုပ္တဲ့ အရည္အေသြး ေထာက္ခံခ်က္မွာက မပါတဲ့ ကိစၥေတြ အမ်ားႀကီးရွိတယ္။ မွတ္ပံုမတင္တာေတြလည္းရွိတယ္။ ျပစ္မႈ ျပစ္ဒဏ္မွာ လုပ္ငန္းအရြယ္အစားေပၚ မူတည္ၿပီးေတာ့ ျပစ္မႈေတြ တိုးျမႇင့္ထားပါတယ္”ဟု စားသံုးသူေရးရာဦးစီးဌာန၊ လက္ေထာက္ညြန္ၾကားေရးမွဴး ဦးမင္းေအာင္က ေျပာသည္။

ရွမ္းျပည္နယ္အတြင္း စားသံုးသူအခြင့္အေရးကာကြယ္ေရးဆုိင္ရာ လုပ္ငန္းမ်ားကို ရွမ္းျပည္နယ္စားသံုးသူ အျငင္းပြားမႈေျဖရွင္းေရးအဖြဲ႕တြင္ အဖြဲ႕၀င္ (၁၆)ဦး၊ ရွမ္းျပည္နယ္စားသံုးသူ တိုင္ၾကားမႈလက္ခံေဆာင္ ရြက္ေပးေရးလုပ္ငန္းေကာ္မတီတြင္ အဖြဲ႕၀င္( ၉)ဦး၊ ရွမ္းျပည္နယ္ ထုတ္ကုန္လံုျခံဳ စိတ္ခ်ရမႈဆိုင္ရာ လုပ္ငန္းေကာ္မတီတြင္ အဖြဲ႕ဝင္ (၁၂) ဦး၊ စားသံုးသူ အျငင္းပြားမႈေျဖရွင္းေရးအဖြဲ႕တစ္ခုစီတြင္ အဖြဲ႕၀င္ (၉)ဦးစီျဖင့္ ေတာင္ႀကီး၊ မူဆယ္၊ က်ဳိင္းတံု၊ လာရိႈး၊ ေက်ာက္မဲ တို႔တြင္ ဖြဲ႕စည္း ေဆာင္ရြက္ေနျခင္း ျဖစ္ေၾကာင္း သိရသည္။

ယခင္က လုပ္ငန္းအမ်ိဳးအစားေပၚ မူတည္၍ ျပဌာန္းခ်က္ တစ္ရပ္ရပ္ကို ေဖာက္ဖ်က္က်ဴးလြန္ပါက ျပစ္မႈထင္ရွားလွ်င္ (၃) ႏွစ္ထက္မပိုေသာ ေထာင္ဒဏ္ႏွင့္ က်ပ္သိန္း (၅၀) ထက္မပိုေသာဒဏ္ (၂)ရပ္လံုး ေပးေဆာင္ရမည္ျဖစ္ၿပီး ယခုလက္ရွိ ဥပေဒၾကမ္းတြင္ လုပ္ငန္းအမ်ိဳးအစားေပၚမူတည္၍ ျပဌာန္းခ်က္ တစ္ရပ္ရပ္ကို ေဖာက္ဖ်က္က်ဴးလြန္ပါက ျပစ္မႈထင္ရွားလွ်င္ (၁) ႏွစ္ထက္မပိုေသာေထာင္ဒဏ္ႏွင့္ က်ပ္သိန္း (၁၅၀၀) အထိ တိုးျမႇင့္ထားေၾကာင္းသိရသည္။

သတင္း - ႏိုႏို


~~~~~~~~⊰❂ unicode ~~~~~~~~

စားသုံးရန်မသင့်သည့် စားသောက်ကုန်များ ဈေးကွက်မှ ရှင်းလင်းရေး နှင့် ထုတ်ကုန်လုံခြုံ စိတ်ချရေးအတွက် ဥပဒေတွင် ပုဒ်မနှင့် ပြစ်ဒဏ်များ ပြင်ဆင်ဖြည့်စွက်ရေးကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် စားသုံးသူရေးရာဦးစီးဌာန အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့နှင့် လုပ်ငန်းကော်မတီ (၂)ရပ်က ဧပြီလ ၂၈ ရက်နေ့ က ညှိနှိုင်းဆွေးနွေးနေကြောင်း သိရသည်။

“အစားအသောက်နဲ့ပတ်သက်ပြီး တရားမဝင် တင်သွင်းတာတွေကို ထိထိရောက်ရောက် စိစစ်အရေးယူခြင်း မရှိတာက အားနည်းချက် တစ်ခုဖြစ်တယ်။ ကုန်စည်ဝန်ဆောင်မှုရဲ့ အရည်အသွေးမပြည့်ဝမှုကြောင့် စားသုံးသူ အခွင့်အရေးတွေကို များစွာထိခိုက်နိုင်တယ်။ ရှမ်းပြည်မှာလည်း စားသုံးသူတွေကို အကာအကွယ် ပေးနိုင်ဖို့ ဥပဒေနဲ့အညီ ထိရောက်အောင် အရေးယူနိုင်ဖို့ ဆောင်ရွက်သွားရပါမယ်”ဟု ရှမ်းပြည်နယ်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေး အဖွဲ့ ဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ စီမံကိန်း နှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင် က ပြောသည်။

လက်ရှိအချိန်ထိ ရှမ်းပြည်နယ်အတွင်း တရားမဝင် တင်သွင်းမှုများကို ထိထိရောက်ရောက် စိစစ် အရေးယူနိုင်ခြင်း မရှိသေးကြောင်း ရှမ်းပြည်နယ်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေး အဖွဲ့ ဥက္ကဌ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ စီမံကိန်း နှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင် က ပြောကြားလိုက်ခြင်းဖြစ်သည်။

“စားသုံးသူ အကာကွယ်ပေးရေးမှာက လက်ရှိ ဥပဒကြေမ်းမှာ ပုဒမ်( ၃၁) ခုပဲ ပါ ပါတယ်။ အခု စားသုံးသူရေးရာ အနေနဲ့ လက်ရှိ ဥပဒကြေမ်းရေးဆွဲတဲ့ အထဲမှာတော့ ပုဒ်မပေါင်း (၈၂) ခုပါတယ်။ လက်ရှိဥပဒေရဲ့ အားနည်းချက်တွေကို ပြန်လည်တင်ပြထားတယ်။ ပြစ်ဒဏ်တွေကိုလည်း အရင်တုန်းကထက် ပိုတိုးမြှင့်ထားတာတွေ ရှိတယ်။ လုပ်ငန်းရှင်တွေ ထုတ်လုပ်တဲ့ အရည်အသွေး ထောက်ခံချက်မှာက မပါတဲ့ ကိစ္စတွေ အများကြီးရှိတယ်။ မှတ်ပုံမတင်တာတွေလည်းရှိတယ်။ ပြစ်မှု ပြစ်ဒဏ်မှာ လုပ်ငန်းအရွယ်အစားပေါ် မူတည်ပြီးတော့ ပြစ်မှုတွေ တိုးမြှင့်ထားပါတယ်”ဟု စားသုံးသူရေးရာဦးစီးဌာန၊ လက်ထောက်ညွန်ကြားရေးမှူး ဦးမင်းအောင်က ပြောသည်။

ရှမ်းပြည်နယ်အတွင်း စားသုံးသူအခွင့်အရေးကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများကို ရှမ်းပြည်နယ်စားသုံးသူ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့တွင် အဖွဲ့ဝင် (၁၆)ဦး၊ ရှမ်းပြည်နယ်စားသုံးသူ တိုင်ကြားမှုလက်ခံဆောင် ရွက်ပေးရေးလုပ်ငန်းကော်မတီတွင် အဖွဲ့ဝင်( ၉)ဦး၊ ရှမ်းပြည်နယ် ထုတ်ကုန်လုံခြုံ စိတ်ချရမှုဆိုင်ရာ လုပ်ငန်းကော်မတီတွင် အဖွဲ့ဝင် (၁၂) ဦး၊ စားသုံးသူ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့တစ်ခုစီတွင် အဖွဲ့ဝင် (၉)ဦးစီဖြင့် တောင်ကြီး၊ မူဆယ်၊ ကျိုင်းတုံ၊ လာရှိုး၊ ကျောက်မဲ တို့တွင် ဖွဲ့စည်း ဆောင်ရွက်နခြေင်း ဖြစ်ကြောင်း သိရသည်။

ယခင်က လုပ်ငန်းအမျိုးအစားပေါ် မူတည်၍ ပြဌာန်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ပါက ပြစ်မှုထင်ရှားလျှင် (၃) နှစ်ထက်မပိုသော ထောင်ဒဏ်နှင့် ကျပ်သိန်း (၅၀) ထက်မပိုသောဒဏ် (၂)ရပ်လုံး ပေးဆောင်ရမည်ဖြစ်ပြီး ယခုလက်ရှိ ဥပဒကြေမ်းတွင် လုပ်ငန်းအမျိုးအစားပေါ်မူတည်၍ ပြဌာန်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ပါက ပြစ်မှုထင်ရှားလျှင် (၁) နှစ်ထက်မပိုသောထောင်ဒဏ်နှင့် ကျပ်သိန်း (၁၅၀၀) အထိ တိုးမြှင့်ထားကြောင်းသိရသည်။

သတင်း - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~