ေညာင္ေရႊၿမိဳ႕နယ္ ၾကားျဖတ္ေရြးေကာက္ပြဲတြင္ NLD အႏုိင္ရ

ေညာင္ေရႊၿမိဳ႕နယ္ ၾကားျဖတ္ေရြးေကာက္ပြဲတြင္ NLD အႏုိင္ရ
ဧပြီ 1, 2017
By 🌸
ရွမ္းျပည္နယ္ေတာင္ပိုင္း ေညာင္ေရႊၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္မဲဆႏၵနယ္ အမွတ္ (၁)အတြက္ ၾကားျဖတ္ေရြးေကာက္ပြဲတြင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီမွ ကိုယ္စားလွယ္ေလာင္း ဦးခင္ေမာင္ဝင္း အႏုိင္ရသြားေၾကာင္း သိရသည္။

"လက္ရိွမဲေရတြက္အၿပီးမွာေတာ့ ဆႏၵမဲ (၄၁၄၁)နဲ႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီက အသာရေနပါတယ္။ အခုေတာ့ ေကာ္မရွင္က မဲရလဒ္ေၾကညာဖို႔ ေစာင့္ေနပါတယ္"ဟု ေညာင္ေရႊ ၾကားျဖတ္ေရြးေကာက္ပြဲတြင္ မဲေရတြက္ရာတြင္ ေစာင့္ၾကည့္သူတစ္ဦးျဖစ္သည့့္ ဦးတင္ေမာင္တိုးက ေျပာသည္။
ေညာင္ေရႊၿမိဳ႕နယ္တြင္ မဲေပးပိုင္ခြင့္ရိွသူ (၆၂၈၇၉)ဦးရိွၿပီး မဲရံု (၆၉)ရံုထားရိွေပးထားေသာ္လည္း ထက္ဝက္ခန္႔သာ မဲေပးသူရိွေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အတြင္း ျပည္နယ္လႊတ္ေတာ္ လစ္လပ္မဲဆႏၵနယ္မ်ားျဖစ္သည့္ က်ဳိင္းတုံ ၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္မဲဆႏၵနယ္ အမွတ္ (၂)၊ ေက်းသီးၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ မဲဆႏၵနယ္အမွတ္ (၁) ႏွင့္ အမွတ္ (၂)၊ ေညာင္ေရႊၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္မဲဆႏၵနယ္ အမွတ္ (၁)၊ မုိင္း႐ွဴးၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ မဲဆႏၵနယ္အမွတ္ (၁) ႏွင့္ အမွတ္ (၂) တုိ႔တြင္ ၾကားျဖတ္ေရြးေကာက္ပြဲမ်ား က်င္းပေနျခင္းျဖစ္သည္။

ဓါတ္ပံု #ဦးတိုး



~~~~~~~~⊰❂ unicode ~~~~~~~~

ညောင်ရွှေမြို့နယ် ကြားဖြတ်ရွေးကောက်ပွဲတွင် NLD အနိုင်ရ
************
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် (၁)အတွက် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ်လောင်း ဦးခင်မောင်ဝင်း အနိုင်ရသွားကြောင်း သိရသည်။

"လက်ရှိမဲရေတွက်အပြီးမှာတော့ ဆန္ဒမဲ (၄၁၄၁)နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အသာရနေပါတယ်။ အခုတော့ ကော်မရှင်က မဲရလဒ်ကြေညာဖို့ စောင့်နေပါတယ်"ဟု ညောင်ရွှေ ကြားဖြတ်ရွေးကောက်ပွဲတွင် မဲရေတွက်ရာတွင် စောင့်ကြည့်သူတစ်ဦးဖြစ်သည့့် ဦးတင်မောင်တိုးက ပြောသည်။
ညောင်ရွှေမြို့နယ်တွင် မဲပေးပိုင်ခွင့်ရှိသူ (၆၂၈၇၉)ဦးရှိပြီး မဲရုံ (၆၉)ရုံထားရှိပေးထားသော်လည်း ထက်ဝက်ခန့်သာ မဲပေးသူရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်း ပြည်နယ်လွှတ်တော် လစ်လပ်မဲဆန္ဒနယ်များဖြစ်သည့် ကျိုင်းတုံ မြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် (၂)၊ ကျေးသီးမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) နှင့် အမှတ် (၂)၊ ညောင်ရွှေမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် (၁)၊ မိုင်းရှူးမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) နှင့် အမှတ် (၂) တို့တွင် ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပနေခြင်းဖြစ်သည်။

ဓါတ်ပုံ #ဦးတိုး

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~