ကိုယ္​စားလွယ္​​ေလာင္​းအမည္​တင္​သြင္​းရန္​ ပ်က္​ကြက္​ခဲ့​သည့္ ကယားျပည္​နယ္​မွ NLD ပါတီ ဥကၠဌႏွစ္​​ဦးအား ပါတီမွ ရပ္​နား

ကိုယ္​စားလွယ္​​ေလာင္​းအမည္​တင္​သြင္​းရန္​ ပ်က္​ကြက္​ခဲ့​သည့္ ကယားျပည္​နယ္​မွ NLD ပါတီ ဥကၠဌႏွစ္​​ဦးအား ပါတီမွ ရပ္​နား
ဧပြီ 3, 2017
By Tachileik News Agency

ၾကားျဖတ္ေရြး​ေကာက္​ပြဲက်င္​းပခဲ့သည္​့့ ကယားျပည္​နယ္​ ဖ႐ူဆိုၿမိဳ႕နယ္​ ျပည္​နယ္​ မဲဆႏၵနယ္​အမွတ္​ (၁) အတြက္​ ကိုယ္​စားလွယ္​​ေလာင္​း​ ေလွ်ာက္​လႊာ ​အခ်ိန္​မီ တင္​သြင္​းရန္​ ပ်က္​ကြက္​ခဲ့ေသာ​ေၾကာင္​့ NLD ၏ ပါတီ ဥကၠဌ ႏွစ္​ဦးအား ပါတီတာဝန္​မ​်ားမွ ရပ္​ဆိုင္​းလိုက္​​ေၾကာင္​း သိရသည္​။

ဧၿပီလ (၃) ရက္​​ေန႔ ရက္​စြဲျဖင္​့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္​ ဗဟိုအလုပ္​အမႈေဆာင္​အဖြဲ႔မွ ​ေၾကညာခ်က္​ထုတ္​ျပန္​ရာတြင္ ကယားျပည္​နယ္​ NLD ပါတီဥကၠဌ ​ေဒါက္​တာ​ေဒၚခင္​စည္​သူ ႏွင္​့ ဖ႐ူဆိုၿမိဳ႕နယ္​ NLD ပါတီဥကၠဌ ဦးပဲ့ဒူ တို႔ကို ပါတီတာဝန္​မ်ားမွ ရပ္​နားလိုက္​​ေၾကာင္​း ​ေၾကညာခဲ့ျခင္းျဖစ္သည္​။

ဧၿပီလ (၂) ရက္​​ေန႔တြင္​ ျပဳလုပ္​ခဲ့​ေသာ အမ်ိဳးသားဒီမိုက​ေရစီအဖြဲ႔ခ်ဳပ္​ ဗဟိုအလုပ္​အမႈ​ေဆာင္​အဖြဲ႔ အစည္​း အေဝး ဆုံးျဖတ္ခ်က္​အရ ၎တို႔ႏွစ္​ဦးအား ပါတီတာဝန္​မ်ားမွ ရပ္​နားထားလိုက္​ျခင္​းျဖစ္​​ေၾကာင္​း သိရသည္​။

"ကြ်န္ေတာ္တို႔ သိပါတယ္​။ ဒါ ၾကားျဖတ္​​ေရြး​ေကာက္​ပြဲမွာ အမည္​စာရင္​း တင္​သြင္​းဖို႔ ​ေနာက္​က်ခဲ့လို႔ ကိုယ္​စားလွယ္​​ေလာင္​း တစ္​​ေနရာ နစ္​နာသြားတယ္​။ အဲဒီ အ​ေျခ​အေန​ေတြ​နဲ႔ ပတ္​သက္​ၿပီး ပါတီ ဗဟိုက တာဝန္​က​ေန ရပ္​နားလိုက္​တာ​ေပါ့" ဟု​ ကယားျပည္နယ္မွ NLD ပါတီဝင္တစ္ဦးက ေျပာသည္​။

ဧၿပီလ ၁ ရက္​​ေန႔တြင္​ က်င္​းပခဲ့​ေသာ ၾကားျဖတ္​​ေရြး​ေကာက္​ပြဲတြင္​ ကယားျပည္​နယ္​ မွ လစ္​လပ္​​ေနရာတစ္​ေနရာျဖစ္​သည္​့ ဖ႐ူဆိုၿမိဳ႕နယ္​ မဲဆႏၵနယ္​ အမွတ္​ (၁)ျပည္​နယ္​လႊတ္​​ေတာ္​ေနရာ အတြက္​ NLD ပါတီမွ ကိုယ္​စားလွယ္​​ေလာင္​း မပါဝင္​ခဲ့ဘဲ အမ်ဳိးသားတိုးတက္ေရးပါတီ၊ ျပည္​ေထာင္စုႀကံ႕ခုိင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရး ပါတီ ၊ လူမ်ဳိးေပါင္​းစုံဒီမိုက​ေရစီပါတီတို႔ မွ ကိုယ္​စားလွယ္​​ေလာင္​းမ်ားသာ ယွဥ္​ၿပိဳင္​ခဲ့ၿပီး လူမ်ိဳး​ေပါင္​းစုံဒီမိုက​ေရစီပါတီမွ ဦးသဲရယ္​က အႏိုင္​ရ႐ွိခဲ့ျခင္းျဖစ္သည္​။

သတင္း - ဆန္းၿဖဳိးထြန္း

~~~~~~~~⊰❂ unicode ~~~~~~~~
ကြားဖြတ်ရွေး​ကောက်​ပွဲကျင်​းပခဲ့သည်​့ ကယားပြည်​နယ်​ ဖရူဆိုမြို့နယ်​ ပြည်​နယ်​ မဲဆန္ဒနယ်​အမှတ်​ (၁) အတွက်​ ကိုယ်​စားလှယ်​​လောင်​း​ လျှောက်​လွှာ ​အချိန်​မီ တင်​သွင်​းရန်​ ပျက်​ကွက်​ခဲ့သော​ကြောင်​့ NLD၏ ပါတီ ဥက္ကဌ နှစ်​ဦးအား ပါတီတာဝန်​မ​ျားမှ ရပ်​ဆိုင်​းလိုက်​​ကြောင်​း သိရသည်​။

ဧပြီလ (၃) ရက်​​နေ့ ရက်​စွဲဖြင်​့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်​ ဗဟိုအလုပ်​အမှုဆောင်​အဖွဲ့မှ ​ကြေညာချက်​ထုတ်​ပြန်​ရာတွင် ကယားပြည်​နယ်​ NLD ပါတီဥက္ကဌ ​ဒေါက်​တာ​ဒေါ်ခင်​စည်​သူ နှင်​့ ဖရူဆိုမြို့နယ်​ NLD ပါတီဥက္ကဌ ဦးပဲ့ဒူ တို့ကို ပါတီတာဝန်​များမှ ရပ်​နားလိုက်​​ကြောင်​း ​ကြေညာခဲ့ခြင်းဖြစ်သည်​။

ဧပြီလ (၂) ရက်​​နေ့တွင်​ ပြုလုပ်​ခဲ့​သော အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်​ ဗဟိုအလုပ်​အမှု​ဆောင်​အဖွဲ့ အစည်​း အဝေး ဆုံးဖြတ်ချက်​အရ၎င်းတို့နှစ်​ဦးအား ပါတီတာဝန်​များမှ ရပ်​နားထားလိုက်​ခြင်​းဖြစ်​​ကြောင်​း သိရသည်​။

"ကျွန်တော်တို့ သိပါတယ်​။ ဒါ ကြားဖြတ်​​ရွေး​ကောက်​ပွဲမှာ အမည်​စာရင်​း တင်​သွင်​းဖို့ ​နောက်​ကျခဲ့လို့ ကိုယ်​စားလှယ်​​လောင်​း တစ်​​နေရာ နစ်​နာသွားတယ်​။ အဲဒီ အ​ခြေ​အနေ​တွေ​နဲ့ ပတ်​သက်​ပြီး ပါတီ ဗဟိုက တာဝန်​က​နေ ရပ်​နားလိုက်​တာ​ပေါ့" ဟု​ ကယားပြည်နယ်မှ NLD ပါတီဝင်တစ်ဦးက ပြောသည်​။

ဧပြီလ ၁ ရက်​​နေ့တွင်​ ကျင်​းပခဲ့​သော ကြားဖြတ်​​ရွေး​ကောက်​ပွဲတွင်​ ကယားပြည်​နယ်​ မှ လစ်​လပ်​​နေရာတစ်​နေရာဖြစ်​သည်​့ ဖရူဆိုမြို့နယ်​ မဲဆန္ဒနယ်​ အမှတ်​ (၁)ပြည်​နယ်​လွှတ်​​တော်​နေရာ အတွက်​ NLD ပါတီမှ ကိုယ်​စားလှယ်​​လောင်​း မပါဝင်​ခဲ့ဘဲ အမျိုးသားတိုးတက်ရေးပါတီ၊ ပြည်​ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၊ လူမျိုးပေါင်​းစုံဒီမိုက​ရေစီပါတီတို့ မှ ကိုယ်​စားလှယ်​​လောင်​းများသာ ယှဉ်​ပြိုင်​ခဲ့ပြီး လူမျိုး​ပေါင်​းစုံဒီမိုက​ရေစီပါတီမှ ဦးသဲရယ်​က အနိုင်​ရရှိခဲ့ခြင်းဖြစ်သည်​။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~