မွတ္ပံုတင္ရန္က်န္သည့္ MPT ဖုန္းမ်ား အထြက္ေခၚဆိုမႈ ရရွိမည္မဟုတ္၍ ဇြန္လ ေနာက္ဆံုးထား မွတ္ပံုတင္ရန္ လိုအပ္

မွတ္ပံုတင္ရန္က်န္သည့္ MPT ဖုန္းမ်ား အထြက္ေခၚဆိုမႈ ရရွိမည္မဟုတ္၍ ဇြန္လ ေနာက္ဆံုးထား မွတ္ပံုတင္ရန္ လိုအပ္
ဧပြီ 3, 2017
By Tachileik News Agency

MPT ဖုန္းကတ္မ်ားကို မွတ္ပံုတင္ထားျခင္း မရိွသူမ်ားအေနျဖင့္ ဧၿပီလ(၁)ရက္ေန႔မွစ၍ ဖုန္းအ၀င္ေခၚဆိုမႈ တစ္ခုတည္းကိုသာ ဇြန္လကုန္အထိ အသံုးျပဳႏုိင္မည္ျဖစ္သျဖင့္ ပံုမွန္အတိုင္း အသံုးျပဳႏိုင္ရန္ မွတ္ပံု တင္ျခင္းကို ဇြန္လ(၃၀)ရက္ေန႔အထိ ျပဳလုပ္ႏုိင္ေၾကာင္း တာခ်ီလိတ္ဆက္သြယ္ေရးမွ သိရသည္။

"MPT ဖုန္းကတ္ေတြကို မွတ္ပံုတင္ဖို႔ က်န္ေသးသူမ်ား အေနနဲ႔ ဖုန္း အထြက္ေခၚဆိုမႈရေတာ့မွာ မဟုတ္ဘဲ အ၀င္ေခၚဆိုမႈပဲ ရေတာ့မွာ ျဖစ္ပါတယ္။ အထြက္ေခၚဆိုမႈ ပိတ္ခံရရင္ေတာ့ ဆက္သြယ္ေရးရံုးမွာ လာေရာက္ၿပီး မွတ္ပံုတင္ႏိုင္ပါတယ္။ အ၀င္ေခၚဆိုမႈက ဇြန္လ(၃၀)ရက္ေန႔အထိ ေနာက္ဆံုးပါ။ အထြက္ေခၚဆိုမႈ ပိတ္ထားခံရရင္ေတာ့ ရံုးမွာ လာၿပီး မွတ္ပံုတင္ရမွာပါ။ မွတ္ပံုတင္ၿပီးရင္ေတာ့ ပံုမွန္အတိုင္း ျပန္သံုးလို႔ ရသြားမွာပါ"ဟု ျမန္မာ့ဆက္သြယ္ေရး လုပ္ငန္းမွ တာခ်ီလိတ္ၿမိဳ႕နယ္တာ၀န္ခံ အင္ဂ်င္နီယာ ေဒၚသန္းသန္းေဌးက ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ ျမန္မာႏိုင္ငံအတြင္း အသံုးျပဳႏုိင္သည့္ ဆက္သြယ္ေရးေအာ္ပေရတာသံုးခုျဖစ္သည့္ MPT၊ Telenor ႏွင့္ Ooredoo မ်ားအၿပင္ ထုိင္းႏုိင္ငံမွ ဆက္သြယ္ေရးေအာ္ပေရတာ (၃)ခုကိုလည္း အသံုးျပဳျခင္းျဖစ္သည္။

~~~~~~~~⊰❂ unicode ~~~~~~~~
MPT ဖုန်းကတ်များကို မှတ်ပုံတင်ထားခြင်း မရှိသူများအနဖြေင့် ဧပြီလ(၁)ရက်နေ့မှစ၍ ဖုန်းအဝင်ခေါ်ဆိုမှု တစ်ခုတည်းကိုသာ ဇွန်လကုန်အထိ အသုံးပြုနိုင်မည်ဖြစ်သဖြင့် ပုံမှန်အတိုင်း အသုံးပြုနိုင်ရန် မှတ်ပုံ တင်ခြင်းကို ဇွန်လ(၃၀)ရက်နေ့အထိ ပြုလုပ်နိုင်ကြောင်း တာချီလိတ်ဆက်သွယ်ရေးမှ သိရသည်။

"MPT ဖုန်းကတ်တွေကို မှတ်ပုံတင်ဖို့ ကျန်သေးသူများ အနေနဲ့ ဖုန်း အထွက်ခေါ်ဆိုမှုရတော့မှာ မဟုတ်ဘဲ အဝင်ခေါ်ဆိုမှုပဲ ရတော့မှာ ဖြစ်ပါတယ်။ အထွက်ခေါ်ဆိုမှု ပိတ်ခံရရင်တော့ ဆက်သွယ်ရေးရုံးမှာ လာရောက်ပြီး မှတ်ပုံတင်နိုင်ပါတယ်။ အဝင်ခေါ်ဆိုမှုက ဇွန်လ(၃၀)ရက်နေ့အထိ နောက်ဆုံးပါ။ အထွက်ခေါ်ဆိုမှု ပိတ်ထားခံရရင်တော့ ရုံးမှာ လာပြီး မှတ်ပုံတင်ရမှာပါ။ မှတ်ပုံတင်ပြီးရင်တော့ ပုံမှန်အတိုင်း ပြန်သုံးလို့ ရသွားမှာပါ"ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာချီလိတ်မြို့နယ်တာဝန်ခံ အင်ဂျင်နီယာ ဒေါ်သန်းသန်းဌေးက ပြောသည်။

တာချီလိတ်မြို့တွင် မြန်မာနိုင်ငံအတွင်း အသုံးပြုနိုင်သည့် ဆက်သွယ်ရေးအော်ပရေတာသုံးခုဖြစ်သည့် MPT၊ Telenor နှင့် Ooredoo များအပြင် ထိုင်းနိုင်ငံမှ ဆက်သွယ်ရေးအော်ပရေတာ (၃)ခုကိုလည်း အသုံးပြုခြင်းဖြစ်သည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~