မိုင္းျဖတ္တြင္ ေမြးရာပါ စိတ္မမွန္သူ အမ်ဳိးသားတစ္ဦး မိမိကိုကိုယ္ ကတ္ေၾကးျဖင့္ ထိုး၍ ေသဆံုး

မိုင္းျဖတ္တြင္ ေမြးရာပါ စိတ္မမွန္သူ အမ်ဳိးသားတစ္ဦး မိမိကိုကိုယ္ ကတ္ေၾကးျဖင့္ ထိုး၍ ေသဆံုး
ဧပြီ 6, 2017
By Tachileik News Agency

ေမြးရာပါ စိတ္မမွန္သူ အမ်ဳိးသားတစ္ဦး မိမိကိုကိုယ္ ကတ္ေၾကးျဖင့္ ထိုး၍ ေသေၾကာင္းႀကံစည္ရာမွ ေနရာ၌ပင္ ေသဆံုးသြားမႈ  တာခ်ီလိတ္ခရိုင္၊ မိုင္းျဖတ္ၿမိဳ႕နယ္၊  ေတာညဳေက်းရြာအုပ္စု၊ ဆိုက္ေခါင္ ေက်းရြာတြင္ ဧၿပီလ(၆)ရက္ေန႔ နံနက္ပိုင္းက ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

သက္ဆိုင္ရာမွ စစ္ေဆး ေတြ႔ရွိခ်က္မ်ားအရ ေသဆံုးသူ အသက္(၂၉)ႏွစ္အရြယ္ အမ်ိဳးသားမွာ ေမြးရာပါ စိတ္မမွန္ သူတစ္ဦးျဖစ္ေၾကာင္းသိရၿပီး ဝဲဘက္ ေျခေထာက္အနည္းငယ္ မသန္စြမ္းသူ ျဖစ္ကာ လည္ပင္းတြင္ ရရွိထားသည့္ ထုိးသြင္းေပါက္ၿပဲ ဒါဏ္ရာေၾကာင့္ ေနထိုင္ရာ ေနအိမ္ အေပၚထပ္ရွိ ၎၏ အိပ္ခန္းအတြင္း၌ပင္ ေသဆံုးသြားခဲ့ျခင္း ျဖစ္ေၾကာင္းသိရသည္။

ေသဆံုးသူ၏ မိခင္ျဖစ္သူမွ ေျပာျပခ်က္အရ နံနက္စာ စားရန္ အတြက္ သားျဖစ္သူအား နံနက္ ( ၇ )နာရီခြဲခန္႔တြင္ အိမ္အေပၚထပ္သို႔တက္၍ ႏႈိးရာ အိပ္ခန္းတံခါးအား ပိတ္ထားသည့္အတြက္ အခန္းနံရံရွိ သံုးထပ္ျပားအား ခြာ၍ ၾကည့္ရႈရာမွ သားျဖစ္သူအား ေသဆံုးေနလ်က္ျဖစ္ ေတြ႔ရွိျခင္းျဖစ္ေၾကာင္း သိရသည္။

အခန္းအတြင္း ေသဆံုးသြားသူ၏ အနီးတြင္ ပလပ္စတစ္လက္ကိုင္ပါ အရွည္(၇)လက္မခြဲခန္႔ရွိ ကတ္ေၾကးဦးခြ်န္ တစ္လက္အား ေတြ႔ရွိရၿပီး ေသဆံုးသူ၏ အေလာင္းအား ရဲေဆးစာျဖင့္ မိုင္းျဖတ္ၿမိဳ႕ ျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ထားကာ ဓမၼတာအတိုင္း ေသဆံုးျခင္းဟုတ္မဟုတ္အား မိုင္းျဖတ္ရဲစခန္းတြင္ ေသမႈေသခင္း အမွတ္စဥ္ (၁ / ၂၀၁၇ )ျဖင့္ အမႈဖြင့္ စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

သတင္း - ကိုသာ

~~~~~~~~⊰❂ unicode ~~~~~~~~
မိုင်းဖြတ်တွင် မွေးရာပါ စိတ်မမှန်သူ အမျိုးသားတစ်ဦး မိမိကိုကိုယ် ကတ်ကြေးဖြင့် ထိုး၍ သေဆုံး

မွေးရာပါ စိတ်မမှန်သူ အမျိုးသားတစ်ဦး မိမိကိုကိုယ် ကတ်ကြေးဖြင့် ထိုး၍ သေကြောင်းကြံစည်ရာမှ နေရာ၌ပင် သေဆုံးသွားမှု တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ တောညုကျေးရွာအုပ်စု၊ ဆိုက်ခေါင် ကျေးရွာတွင် ဧပြီလ(၆)ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သက်ဆိုင်ရာမှ စစ်ဆေး တွေ့ရှိချက်များအရ သေဆုံးသူ အသက်(၂၉)နှစ်အရွယ် အမျိုးသားမှာ မွေးရာပါ စိတ်မမှန် သူတစ်ဦးဖြစ်ကြောင်းသိရပြီး ဝဲဘက် ခြေထောက်အနည်းငယ် မသန်စွမ်းသူ ဖြစ်ကာ လည်ပင်းတွင် ရရှိထားသည့် ထိုးသွင်းပေါက်ပြဲ ဒါဏ်ရာကြောင့် နေထိုင်ရာ နေအိမ် အပေါ်ထပ်ရှိ၎င်း၏ အိပ်ခန်းအတွင်း၌ပင် သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

သေဆုံးသူ၏ မိခင်ဖြစ်သူမှ ပြောပြချက်အရ နံနက်စာ စားရန် အတွက် သားဖြစ်သူအား နံနက် ( ၇ )နာရီခွဲခန့်တွင် အိမ်အပေါ်ထပ်သို့တက်၍ နှိုးရာ အိပ်ခန်းတံခါးအား ပိတ်ထားသည့်အတွက် အခန်းနံရံရှိ သုံးထပ်ပြားအား ခွာ၍ ကြည့်ရှုရာမှ သားဖြစ်သူအား သေဆုံးနေလျက်ဖြစ် တွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။

အခန်းအတွင်း သေဆုံးသွားသူ၏ အနီးတွင် ပလပ်စတစ်လက်ကိုင်ပါ အရှည်(၇)လက်မခွဲခန့်ရှိ ကတ်ကြေးဦးချွန် တစ်လက်အား တွေ့ရှိရပြီး သေဆုံးသူ၏ အလောင်းအား ရဲဆေးစာဖြင့် မိုင်းဖြတ်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကာ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်မဟုတ်အား မိုင်းဖြတ်ရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် (၁ / ၂၀၁၇ )ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

သတင်း - ကိုသာ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~