သင်္ကြန်ပိတ်ရက်မရသည့် ရေနံလုပ်ကွက် ယာဉ်မောင်း (၁၀၀) ကျော် အစိုးရအဖွဲ့ထံ အကူအညီတောင်း
သင်္ကြန်ပိတ်ရက်မရသည့် ရေနံလုပ်ကွက် ယာဉ်မောင်း (၁၀၀) ကျော် အစိုးရအဖွဲ့ထံ အကူအညီတောင်း
ဧပွီ 7, 2017
By Tachileik News Agency
GT ကုမ္ပဏီက ယာဉ်ပိုင်ရှင်များနှင့် လုပ်ငန်းစာချုပ်တွင် ပိတ်ရက် မပါသည့်အတွက် ယာဉ်မောင်းများအား သင်္ကြန်ပိတ်ရက် မပေးရာမှ လုပ်ငန်းခွင်မှ ယာဉ်မောင်း(၁၀၀)ကျော်က ဧပြီလ(၆)ရက်နေ့မှစ၍ အလုပ်မဆင်းဘဲ တောင်းဆိုနေကြပြီး အလုပ်သမားများက တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ အကူအညီ တောင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကုမ္ပဏီအနေဖြင့် အလုပ်သမားများအား ပိတ်ရက် မပေးကြောင်း တရားဝင်စာထုတ်ပြန်ထားခြင်း မရှိဘဲ နှုတ်ဖြင့်သာ အသိပေးခြင်းဖြစ်သဖြင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးက အလုပ်သမားများအား အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနဖြင့် တွေ့ဆုံ ညှိနှိုင်းစေပြီးနောက် ပြေလည်သွားကြောင်း သိရသည်။
မြန်မာ့ရေနံသဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ENI MYAN-MAR ကုမ္ပဏီ အကျိုးတူ ပူးပေါင်း ဆောင်ရွက်လျက် ရှိသည့် ရေနံလုပ်ကွက်အမှတ် Block RSF-5 ဧရိယာများအတွင်း ဆိုဒ်စမစ် လုပ်ငန်းများ ဆောင်ရွက်သည့် AGS ကုမ္ပဏီက လုပ်ငန်းခွင်အတွက် လိုအပ်သည့် မော်တော်ယာဉ်များကို GT ကုမ္ပဏီမှ ငှားရမ်း အသုံးပြုနေခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - ဖီးနစ်
~~~~~~~~⊰❂ unicode ~~~~~~~~
ရေနံလုပ်ကွက်အတွက် ငှါးရမ်းထားသည့် GT ကုမ္ပဏီမှ ယာဉ်မောင်းများအား သင်္ကြန်ပိတ်ရက် မပေးသဖြင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးမှ ကူညီဖြေရှင်းပေးရကြောင်း သိရသည်။
GT ကုမ္ပဏီက ယာဉ်ပိုင်ရှင်များနှင့် လုပ်ငန်းစာချုပ်တွင် ပိတ်ရက် မပါသည့်အတွက် ယာဉ်မောင်းများအား သင်္ကြန်ပိတ်ရက် မပေးရာမှ လုပ်ငန်းခွင်မှ ယာဉ်မောင်း(၁၀၀)ကျော်က ဧပြီလ(၆)ရက်နေ့မှစ၍ အလုပ်မဆင်းဘဲ တောင်းဆိုနကြပြေီး အလုပ်သမားများက တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ အကူအညီ တောင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ပုံမှန်အားဖြင့် တစ်လကို တစ်ရက်သာ ပိတ်ရက်ရခဲ့တာပါ။ သင်္ကြန်တွင်း (၅) ရက်ပိတ်ပေးဖို့ တောင်းဆိုတာမှာ ပိတ်ပေးတာမျိုး မဟုတ်ဘဲ ပြန်ချင်တဲ့သူပြန်၊ ပြန်တဲ့ကားရော ဒရိုင်ဘာကိုပါ (၅) ရက်စာဖြတ်မယ်လို့ ပြောတာကြောင့် ယာဉ်မောင်း (၁၀၀) ကျော်နဲ့ လုပ်သား (၂၀၀) ကျော်ပါ မကျေနပ်လို့ ဧပြီလ (၆) ရက်နေ့ မနက်ပိုင်းကစပြီး အပြင်မှာပဲ ငုတ်တုပ်ထိုင်နကြပြေီး အလုပ်မဆင်းဘဲနကြေတာပါ”ဟု ယာဉ်မောင်းတစ်ဦးဖြစ်သူ ကိုသီဟက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ကုမ္ပဏီအနဖြေင့် အလုပ်သမားများအား ပိတ်ရက် မပေးကြောင်း တရားဝင်စာထုတ်ပြန်ထားခြင်း မရှိဘဲ နှုတ်ဖြင့်သာ အသိပေးခြင်းဖြစ်သဖြင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးက အလုပ်သမားများအား အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနဖြင့် တွေ့ဆုံ ညှိနှိုင်းစပြေီးနောက် ပြေလည်သွားကြောင်း သိရသည်။
“အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးနဲ့လည်း ပေးတွေ့ပြီး ညွှန်ကြားရေးမှူးက အလုပ်သမားတွေအနေနဲ့ ကုမ္ပဏီကို ဘယ်လိုနည်းနဲ့ တုန့်ပြန်ဖြေရှင်းနိုင်တယ်ဆိုတဲ့ နည်းလမ်းပေး လိုက်ပါတယ်။ ဒါကြောင့် အလုပ်သမားတွေအနေနဲ့ သင်္ကြန်တွင်းမှာ ပြန်လို့ရသွားပါပြီ”ဟု အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးနေမျိုးကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မြန်မာ့ရေနံသဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ENI MYAN-MAR ကုမ္ပဏီ အကျိုးတူ ပူးပေါင်း ဆောင်ရွက်လျက် ရှိသည့် ရေနံလုပ်ကွက်အမှတ် Block RSF-5 ဧရိယာများအတွင်း ဆိုဒ်စမစ် လုပ်ငန်းများ ဆောင်ရွက်သည့် AGS ကုမ္ပဏီက လုပ်ငန်းခွင်အတွက် လိုအပ်သည့် မော်တော်ယာဉ်များကို GT ကုမ္ပဏီမှ ငှါးရမ်း အသုံးပြုနခြေင်းဖြစ်ကြောင်း သိရသည်။
သတင်း - ဖီးနစ်
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~