တရားမ၀င္ သယ္ေဆာင္လာသည့္ ပိေတာက္သစ္ခြဲသား ဆိုဒ္စံု (၇)တန္ေက်ာ္ ဖမ္းဆီးရမိ

တရားမ၀င္ သယ္ေဆာင္လာသည့္ ပိေတာက္သစ္ခြဲသား ဆိုဒ္စံု (၇)တန္ေက်ာ္ ဖမ္းဆီးရမိ
ဧပြီ 6, 2017
By Tachileik News Agency

တရားမ၀င္ သယ္ေဆာင္လာသည့္ ပိေတာက္သစ္ခြဲသား ဆိုဒ္စံု (၇)တန္ေက်ာ္အား မေကြးတိုင္းေဒသႀကီး ပြင့္ၿဖဴၿမိဳ႕နယ္ ပုသိမ့္ - မံုရြာကားလမ္း၊ မဲဇလီႀကိဳးတံတားတြင္ ေတြ႕ရွိ ဖမ္းဆီးႏိုင္ခဲ့ေၾကာင္း ပြင့္ျဖဴၿမိဳ႕မ ရဲစခန္းမွ သိရသည္။

ပုသိမ့္ - မံုရြာကားလမ္း၊ မိုင္တိုင္ အမွတ္ ( ၂၉၇/၇)အနီး မဲဇလီႀကိဳးတံတားတြင္ ကံျပားဘက္မွ ပဒါန္း ဘက္သို႔ သစ္လြင္ဦး ေမာင္းလာေသာ (၆)ဘီးယာဥ္အား မသကၤာ၍ ရပ္တန္႔စစ္ေဆးရာမွ အဆိုပါ ယာဥ္ေပၚက ပိေတာက္သစ္ခြဲသား ဆိုဒ္စံု (၅၂)ေခ်ာင္း (၇.၂၂၃၈)တန္အား ဧၿပီလ(၄)ရက္ေန႔က ဖမ္းဆီးရမိျခင္း ျဖစ္ေၾကာင္း သိရသည္။

“မေကြးတိုင္းေဒသႀကီး၊ ပြင့္ျဖဴၿမိဳ႕နယ္၊ မဲဇလီနယ္ေျမရဲစခန္းက တပ္ဖြဲ႕ဝင္ေတြနဲ႔ မဲဇလီသစ္ေတာဦးစီး ဌာနက ဝန္ထမ္းေတြ ပါဝင္တဲ႔ ပူးေပါင္းအဖြဲ႕က သက္ေသမ်ားနဲ႔ အတူ သတင္းအရသြားေရာက္ ေစာင့္ဆိုင္း ဖမ္းဆီးႏိုင္ခဲ့တာပါ”ဟု မဲဇလီနယ္ေျမရဲစခန္းမွ ဒုရဲအုပ္တစ္ဦးက ေျပာသည္။

တရားမဝင္သစ္ သယ္ေဆာင္လာသူ သစ္လြင္ဦးအား ပြင့္ျဖဴၿမိဳ႕မ ရဲစခန္းမွ (ပ)၁၁၁/၂၀၁၇၊ ျပည္သူပိုင္ပစၥည္း ကာကြယ္ေရး အက္ဥပေဒ ပုဒ္မ ၆(၁)ျဖင့္ အမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။

သတင္း - ဖီးနစ္
~~~~~~~~⊰❂ unicode ~~~~~~~~
တရားမဝင် သယ်ဆောင်လာသည့် ပိတောက်သစ်ခွဲသား ဆိုဒ်စုံ (၇)တန်ကျော်အား မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ပုသိမ့် - မုံရွာကားလမ်း၊ မဲဇလီကြိုးတံတားတွင် တွေ့ရှိ ဖမ်းဆီးနိုင်ခဲ့ကြောင်း ပွင့်ဖြူမြို့မ ရဲစခန်းမှ သိရသည်။

ပုသိမ့် - မုံရွာကားလမ်း၊ မိုင်တိုင် အမှတ် ( ၂၉၇/၇)အနီး မဲဇလီကြိုးတံတားတွင် ကံပြားဘက်မှ ပဒါန်း ဘက်သို့ သစ်လွင်ဦး မောင်းလာသော (၆)ဘီးယာဉ်အား မသင်္ကာ၍ ရပ်တန့်စစ်ဆေးရာမှ အဆိုပါ ယာဉ်ပေါ်က ပိတောက်သစ်ခွဲသား ဆိုဒ်စုံ (၅၂)ချောင်း (၇.၂၂၃၈)တန်အား ဧပြီလ(၄)ရက်နေ့က ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

“မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ မဲဇလီနယ်မြေရဲစခန်းက တပ်ဖွဲ့ဝင်တွေနဲ့ မဲဇလီသစ်တောဦးစီး ဌာနက ဝန်ထမ်းတွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က သက်သေများနဲ့ အတူ သတင်းအရသွားရောက် စောင့်ဆိုင်း ဖမ်းဆီးနိုင်ခဲ့တာပါ”ဟု မဲဇလီနယ်မြေရဲစခန်းမှ ဒုရဲအုပ်တစ်ဦးက ပြောသည်။

တရားမဝင်သစ် သယ်ဆောင်လာသူ သစ်လွင်ဦးအား ပွင့်ဖြူမြို့မ ရဲစခန်းမှ (ပ)၁၁၁/၂၀၁၇၊ ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေး အက်ဥပဒေ ပုဒ်မ ၆(၁)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~