အလွဴက ျပန္လာသည့္ ေမာ္ေတာ္ယာဥ္တစ္စီး အရွိန္မထိန္းႏိုင္ဘဲ တိမ္းေမွာက္ရာမွ တစ္ဦးေသ ၁၁ ဦး ဒဏ္ရာရ

အလွဴက ျပန္လာသည့္ ေမာ္ေတာ္ယာဥ္တစ္စီး အရွိန္မထိန္းႏိုင္ဘဲ တိမ္းေမွာက္ရာမွ တစ္ဦးေသ ၁၁ ဦး ဒဏ္ရာရ
ဧပြီ 6, 2017
By Tachileik News Agency

ေမာ္ေတာ္ကားတစ္စီး လမ္းအေကြ႕တြင္ အရွိန္မထိန္းႏိုင္ဘဲ တိမ္းေမွာက္သြားရာ ယာဥ္ေပၚတြင္ ပါလာသည့္ ခရီးမ်ားအနက္ တစ္ဦးေသဆံုးၿပီး (၁၁)ဦး ဒဏ္ရာရရွိမႈ မင္းလွၿမိဳ႕ ႏွင့္ သရက္ၿမိဳ႕ ကားလမ္းေပၚတြင္ ဧၿပီလ(၅)ရက္ေန႔ ညေန(၆း၄၀)နာရီ၀န္းက်င္ အခ်ိန္က ျဖစ္ပြားခဲ့ေၾကာင္း မင္းလွရဲစခန္းမွ သိရသည္။

မင္းလွၿမိဳ႕ဘက္မွ သရက္ၿမိဳ႕ဘက္သို႔ ယာဥ္ေမာင္း ေအးလြင္ ေမာင္းႏွင္လာေသာ ဟိုင္းလပ္ယာဥ္သည္ မိုင္တိုင္ အမွတ္(၃၈)သို႔ အေရာက္ လမ္းယာဘက္သို႔ ခ်ဳိးေကြ႕စဥ္ အရွိန္မထိန္းႏိုင္ျဖစ္ကာ လမ္းယာ ဘက္သို႔ ထိုးက်ကာ တိမ္းေမွာက္သြားျခင္း ျဖစ္ေၾကာင္း သိရသည္။

“အလွဴက ျပန္လာတာလို႔ သိရပါတယ္။ ယာဥ္က နံပါတ္ျပားမပါ ပါဘူး။ ယာဥ္ေမာင္းဒဏ္ရာ မရရိွဘဲ ယာဥ္ေပၚ ပါလာတဲ႔ လင္းကယ္ေက်းရြာေနသူ ေဒၚေအးတင္ ေသဆံုးၿပီး ခရီးသည္ က်ား ၃ဦး၊မ ၈ဦး ဒဏ္ရာအသီးသီးရရိွသြားပါတယ္”ဟု မင္းလွ ရဲစခန္းမွ အမႈစစ္ ရဲအုပ္ေအာင္ႏိုင္ဦးက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ ယာဥ္တိမ္းေမွာက္မႈႏွင့္ ပတ္သက္၍ ယာဥ္ေမာင္း ေအးလြင္(၄၈ႏွစ္)အား ထိုေန႔ည ၁၀နာရီ ၅၀မိနစ္အခ်ိန္ခန္႔တြင္ ဖမ္းဆီးကာ မင္းလွၿမိဳ႕မရဲစခန္းတြင္ ယာဥ္(ပ)၆/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၄-က/၃၃၈/၃၃၇ တို႔ျဖင္႔ အမႈဖြင္႔ အေရးယူေဆာင္ရြက္လ်က္ရိွေၾကာင္း သိရသည္။

သတင္း - ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~
မော်တော်ကားတစ်စီး လမ်းအကွေ့တွင် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားရာ ယာဉ်ပေါ်တွင် ပါလာသည့် ခရီးများအနက် တစ်ဦးသေဆုံးပြီး (၁၁)ဦး ဒဏ်ရာရရှိမှု မင်းလှမြို့ နှင့် သရက်မြို့ ကားလမ်းပေါ်တွင် ဧပြီလ(၅)ရက်နေ့ ညနေ(၆း၄၀)နာရီဝန်းကျင် အချိန်က ဖြစ်ပွားခဲ့ကြောင်း မင်းလှရဲစခန်းမှ သိရသည်။

မင်းလှမြို့ဘက်မှ သရက်မြို့ဘက်သို့ ယာဉ်မောင်း အေးလွင် မောင်းနှင်လာသော ဟိုင်းလပ်ယာဉ်သည် မိုင်တိုင် အမှတ်(၃၈)သို့ အရောက် လမ်းယာဘက်သို့ ချိုးကွေ့စဉ် အရှိန်မထိန်းနိုင်ဖြစ်ကာ လမ်းယာ ဘက်သို့ ထိုးကျကာ တိမ်းမှောက်သွားခြင်း ဖြစ်ကြောင်း သိရသည်။

“အလှူက ပြန်လာတာလို့ သိရပါတယ်။ ယာဉ်က နံပါတ်ပြားမပါ ပါဘူး။ ယာဉ်မောင်းဒဏ်ရာ မရရှိဘဲ ယာဉ်ပေါ် ပါလာတဲ့ လင်းကယ်ကျေးရွာနေသူ ဒေါ်အေးတင် သေဆုံးပြီး ခရီးသည် ကျား ၃ဦး၊မ ၈ဦး ဒဏ်ရာအသီးသီးရရှိသွားပါတယ်”ဟု မင်းလှ ရဲစခန်းမှ အမှုစစ် ရဲအုပ်အောင်နိုင်ဦးက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုနှင့် ပတ်သက်၍ ယာဉ်မောင်း အေးလွင်(၄၈နှစ်)အား ထိုနေ့ည ၁၀နာရီ ၅၀မိနစ်အချိန်ခန့်တွင် ဖမ်းဆီးကာ မင်းလှမြို့မရဲစခန်းတွင် ယာဉ်(ပ)၆/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ တို့ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~