မေကြးၿမိဳ႕ KTV မီးေလာင္မႈ လူဆယ္ဦးထက္မနည္း ေသဆံုးဖြယ္ရိွ

မေကြးၿမိဳ႕ KTV မီးေလာင္မႈ လူဆယ္ဦးထက္မနည္း ေသဆံုးဖြယ္ရိွ
ဧပြီ 3, 2017
By 🌸
မေကြးၿမိဳ႕ ျမင္သာရပ္ကြက္ သစၥာလမ္းႏွင့္ ၂၉ လမ္းေထာင့္ရိွ ေရႊျမတ္မင္းသမီး KTV တြင္ ဧၿပီလ (၂) ရက္ေန႔ည (၁၀)နာရီ (၁၅)မိနစ္ခန္႔က မီးေလာင္မႈျဖစ္ပြားသျဖင့္ လူဆယ္ဦးထက္မနည္း ေသဆံုးဖြယ္ရိွေၾကာင္း သိရသည္။

ႏွစ္ထပ္အေဆာက္အဦး KTV ဆိုင္၏ မီးဖိုခန္းမွ ဂက္စ္အိုးေပါက္ကြဲရာမွ စတင္ေလာင္ကၽြမ္းျခင္းျဖစ္ၿပီး ျမင္သာရပ္ကြက္မွ ဝိုင္းဝန္းကူညီ ၿငိမ္းသတ္မႈေၾကာင့္ မီးထိန္းႏုိင္ခဲ့ၿပီး မီးသတ္ဌာနကလည္း အခ်ိန္မီလာေရာက္ၿငိမ္းသတ္မႈေၾကာင့္ အျခားအေဆာက္အဦးမ်ားသို႔ ကူးစက္ေလာင္ကၽြမ္းျခင္းမရိွဘဲ (၁၀)နာရီ (၄၅)မိနစ္ခန္႔တြင္ မီးၿငိမ္းသတ္ႏို္င္ခဲ့ေၾကာင္း သိရသည္။

KTV ဆိုင္ျဖစ္သျဖင့္ မီးေလာင္ကၽြမ္းခ်ိန္တြင္ အခန္းမ်ားတြင္ ပိတ္မိေနသူမ်ား မီးေလာင္ေသဆံုးဖြယ္ရိွေနၿပီး လူ (၁၂)ဦးခန္႔ေသဆံုးႏုိင္သည္ဟု ခန္႔မွန္းထားၿပီး မီးသတ္ဌာနမွ တာဝန္ရိွသူမ်ားက ရွာေဖြကယ္ဆယ္ေရးမ်ား ဆက္လက္လုပ္ေဆာင္ေနေၾကာင္း သိရသည္။

မီးေလာင္ကၽြမ္းမႈျဖစ္ပြားရာသို႔  မီးသတ္ဦးစီးဌာနႏွင့္ တာဝန္ရိွသူမ်ား ေရာက္ရိွေနၿပီး မီးၿငိမ္းသတ္မႈႏွင့္ ရွာေဖြကယ္ဆယ္ေရးမ်ားကို ဆက္လက္လုပ္ေဆာင္ေနေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ဖီးနစ္

~~~~~~~~⊰❂ unicode ❂⊱~~~~~~~~

မကွေးမြို့ KTV မီးလောင်မှု လူဆယ်ဦးထက်မနည်း သေဆုံးဖွယ်ရှိ
*********************
မကွေးမြို့ မြင်သာရပ်ကွက် သစ္စာလမ်းနှင့် ၂၉ လမ်းထောင့်ရှိ ရွှေမြတ်မင်းသမီး KTV တွင် ဧပြီလ (၂) ရက်နေ့ည (၁၀)နာရီ (၁၅)မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားသဖြင့် လူဆယ်ဦးထက်မနည်း သေဆုံးဖွယ်ရှိကြောင်း သိရသည်။

နှစ်ထပ်အဆောက်အဦး KTV ဆိုင်၏ မီးဖိုခန်းမှ ဂက်စ်အိုးပေါက်ကွဲရာမှ စတင်လောင်ကျွမ်းခြင်းဖြစ်ပြီး မြင်သာရပ်ကွက်မှ ဝိုင်းဝန်းကူညီ ငြိမ်းသတ်မှုကြောင့် မီးထိန်းနိုင်ခဲ့ပြီး မီးသတ်ဌာနကလည်း အချိန်မီလာရောက်ငြိမ်းသတ်မှုကြောင့် အခြားအဆောက်အဦးများသို့ ကူးစက်လောင်ကျွမ်းခြင်းမရှိဘဲ (၁၀)နာရီ (၄၅)မိနစ်ခန့်တွင် မီးငြိမ်းသတ်နို်င်ခဲ့ကြောင်း သိရသည်။

KTV ဆိုင်ဖြစ်သဖြင့် မီးလောင်ကျွမ်းချိန်တွင် အခန်းများတွင် ပိတ်မိနေသူများ မီးလောင်သေဆုံးဖွယ်ရှိနေပြီး လူ (၁၂)ဦးခန့်သေဆုံးနိုင်သည်ဟု ခန့်မှန်းထားပြီး မီးသတ်ဌာနမှ တာဝန်ရှိသူများက ရှာဖွေကယ်ဆယ်ရေးများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုဖြစ်ပွားရာသို့  မီးသတ်ဦးစီးဌာနနှင့် တာဝန်ရှိသူများ ရောက်ရှိနေပြီး မီးငြိမ်းသတ်မှုနှင့် ရှာဖွေကယ်ဆယ်ရေးများကို ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~