ဗိုလ္ေအာင္ဒင္အတြက္ ေရႊဒံုးဘီေအာင္မိသားစုႏွင့္ အဆိုေတာ္ မေနာ သႀကၤန္အၿပီး ေတြ႔ဆံုမည္

ဗိုလ္ေအာင္ဒင္အတြက္ ေရႊဒံုးဘီေအာင္မိသားစုႏွင့္ အဆိုေတာ္ မေနာ သႀကၤန္အၿပီး ေတြ႔ဆံုမည္
ဧပြီ 7, 2017
By Tachileik News Agency

အဆိုေတာ္ မေနာ၏ နာမည္ႀကီး သီခ်င္းတစ္ပုဒ္ျဖစ္သည့္ ဗိုလ္ေအာင္ဒင္ သီခ်င္းေခါင္းစဥ္ႏွင့္ပတ္သက္၍ ဗိုလ္ေအာင္ဒင္ ဇာတ္ေကာင္ဖန္တီးသူ ဒါရိုက္တာေရႊဒံုးဘီေအာင္၏ မိသားစုထံမွ ခြင့္ျပဳခ်က္ေတာင္းခံျခင္း မရိွသည့္ကိစၥႏွင့္ ပတ္သက္၍ ေျဖရွင္းရန္ ေရႊဒံုးဘီေအာင္မိသားစုႏွင့္ အဆိုေတာ္မေနာတို႔ ေတြ႔ဆံု ေဆြးေႏြးမည္ျဖစ္ေၾကာင္း သိရသည္။

“မေန႔က ဖုန္းဆက္ အေၾကာင္းၾကားလိုက္ေတာ့ သႀကၤန္ၿပီးရင္ ဆင္းလာခဲ့ပါမယ္။ အစ္မတို႔နဲ႔ လာေတြ႕မယ္လို႔ အေၾကာင္းျပန္ပါတယ္။ အဲဒီေတာ့ ႏွစ္ဖက္ေတြ႔ဆံုေဆြးေႏြးဖို႔ရိွပါတယ္”ဟု သီခ်င္းေခါင္းစဥ္ႏွင့္ ပတ္သက္၍ ျမန္မာႏုိင္ငံ ဂီတအစည္းအရံုးသို႔ တင္ျပခဲ့သည့္ ေရႊဒံုးဘီေအာင္၏ ေျမးျဖစ္သူ ေဒၚခင္သန္႔စင္ေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဒါရိုက္တာေရႊဒံုးဘီေအာင္၏ ေက်ာ္ၾကားလွသည့္ ဗိုလ္ေအာင္ဒင္ဇာတ္ေကာင္အမည္အား အဆိုေတာ္ မေနာက သီခ်င္းအျပင္ ဗိုလ္ေအာင္ဒင္၊ မျမဝင္းအမည္ျဖင့္ MTV ရိုက္ကူးမႈမ်ားလည္း ေတြ႕လာရသျဖင့္ ေရႊဒံုးဘီေအာင္၏ မိသားစုက ခြင့္ျပဳခ်က္ ရယူၾကရန္ ျမန္မာႏုိင္ငံဂီတအစည္းအရံုးမွတစ္ဆင့္ အသိေပး အေႀကာင္းႀကားလာျခင္းျဖစ္ေၾကာင္း သိရသည္။

“ဒီသီခ်င္းကို စထုတ္ကတည္းက သိပါတယ္။ ေအာင္ျမင္ပါေစေတာ့ဆိုျပီး ဘာမွမလုပ္ဘဲထားေတာ့ တစ္စထက္တစ္စ ပိုပိုဆိုးလာေနလို႔ အခုလို ေတြ႔ဆံုညိႇႏိႈင္းဖို႔ စာတင္လုိက္ရတာပါ။ အဲဒီသီခ်င္းေနာက္မွာ ေတးဆို မလိႈင္ထားထားျမင့္၊ ဗိုလ္ဗဒင္း ေရးတယ္၊ ဒါရိုက္တာ ကိုဝဏၰ(မႏၱေလး)ကေနရိုက္တဲ့ ဗိုလ္ေအာင္ဒင္နဲ႔ မျမဝင္းဆိုၿပီး MTV ရိုက္လာတယ္။ ပိုဆိိုးလာတယ္။ အျပည့္အစံုကို ကူးလာတယ္။ အဲဒီ MTV ကလည္း ဒါရိုက္တာ ေရႊဒံုးဘီေအာင္ရိုက္ခဲ့တဲ့ ဗိုလ္ေအာင္ဒင္ဇာတ္လမ္း ေက်ာရိုးကို အကုန္ယူၿပီး ရိုက္လာတယ္။ ဒါရိုက္တာ ေရႊဒံုးဘီေအာင္မွာ မ်ိဳးဆက္ေတြ က်န္ေနေသးတယ္ေလ။ ခြင့္ျပဳခ်က္ ေတာင္းရမွာေပါ့”ဟု ေဒၚခင္သန္႔စင္ေအာင္က ေျပာသည္။

အဆိုေတာ္ မေနာ၏ ေက်ာ္ၾကားေနသည့္ ဗိုလ္ေအာင္ဒင္ သီခ်င္းေခါင္းစဥ္မွာ ေရႊဒံုးဘီေအာင္ကိုယ္တိုင္ ဝတၳဳေရး၊ ဒါရိုက္တာအျဖစ္ ရိုက္ကူးထားခဲ့သည့္ ဗုိလ္ေအာင္ဒင္ ဇာတ္ေကာင္ျဖစ္ၿပီး သီခ်င္းေခါင္းစဥ္အျဖစ္ အသံုးျပဳရန္ ေရႊဒံုးဘီေအာင္မိသားစုထံ အေၾကာင္းၾကားခြင့္ျပဳခ်က္ေတာင္းခံျခင္းမရိွသျဖင့္ ညိႇႏိႈင္း ေဆာင္ရြက္ေပးရန္ ေဒၚခင္သန္႔စင္ေအာင္က ျမန္မာႏုိင္ငံ ဂီတအစည္းအရံုး (ဗဟို)သို႔ ဧၿပီလ (၅) ရက္ေန႔တြင္ တင္ျပထားျခင္းျဖစ္သည္။

သတင္း - ခ်ယ္ရီထိုက္


~~~~~~~~⊰❂ unicode ~~~~~~~~

ဗိုလ်အောင်ဒင်အတွက် ရွှေဒုံးဘီအောင်မိသားစုနှင့် အဆိုတော် မနော သင်္ကြန်အပြီး တွေ့ဆုံမည်


အဆိုတော် မနော၏ နာမည်ကြီး သီချင်းတစ်ပုဒ်ဖြစ်သည့် ဗိုလ်အောင်ဒင် သီချင်းခေါင်းစဉ်နှင့်ပတ်သက်၍ ဗိုလ်အောင်ဒင် ဇာတ်ကောင်ဖန်တီးသူ ဒါရိုက်တာရွှေဒုံးဘီအောင်၏ မိသားစုထံမှ ခွင့်ပြုချက်တောင်းခံခြင်း မရှိသည့်ကိစ္စနှင့် ပတ်သက်၍ ဖြေရှင်းရန် ရွှေဒုံးဘီအောင်မိသားစုနှင့် အဆိုတော်မနောတို့ တွေ့ဆုံ ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

“မနေ့က ဖုန်းဆက် အကြောင်းကြားလိုက်တော့ သင်္ကြန်ပြီးရင် ဆင်းလာခဲ့ပါမယ်။ အစ်မတို့နဲ့ လာတွေ့မယ်လို့ အကြောင်းပြန်ပါတယ်။ အဲဒီတော့ နှစ်ဖက်တွေ့ဆုံဆွေးနွေးဖို့ရှိပါတယ်”ဟု သီချင်းခေါင်းစဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဂီတအစည်းအရုံးသို့ တင်ပြခဲ့သည့် ရွှေဒုံးဘီအောင်၏ မြေးဖြစ်သူ ဒေါ်ခင်သန့်စင်အောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဒါရိုက်တာရွှေဒုံးဘီအောင်၏ ကျော်ကြားလှသည့် ဗိုလ်အောင်ဒင်ဇာတ်ကောင်အမည်အား အဆိုတော် မနောက သီချင်းအပြင် ဗိုလ်အောင်ဒင်၊ မမြဝင်းအမည်ဖြင့် MTV ရိုက်ကူးမှုများလည်း တွေ့လာရသဖြင့် ရွှေဒုံးဘီအောင်၏ မိသားစုက ခွင့်ပြုချက် ရယူကြရန် မြန်မာနိုင်ငံဂီတအစည်းအရုံးမှတစ်ဆင့် အသိပေး အကြောင်းကြားလာခြင်းဖြစ်ကြောင်း သိရသည်။

“ဒီသီချင်းကို စထုတ်ကတည်းက သိပါတယ်။ အောင်မြင်ပါစေတော့ဆိုပြီး ဘာမှမလုပ်ဘဲထားတော့ တစ်စထက်တစ်စ ပိုပိုဆိုးလာနေလို့ အခုလို တွေ့ဆုံညှိနှိုင်းဖို့ စာတင်လိုက်ရတာပါ။ အဲဒီသီချင်းနောက်မှာ တေးဆို မလှိုင်ထားထားမြင့်၊ ဗိုလ်ဗဒင်း ရေးတယ်၊ ဒါရိုက်တာ ကိုဝဏ္ဏ(မန္တလေး)ကနေရိုက်တဲ့ ဗိုလ်အောင်ဒင်နဲ့ မမြဝင်းဆိုပြီး MTV ရိုက်လာတယ်။ ပိုဆိုးလာတယ်။ အပြည့်အစုံကို ကူးလာတယ်။ အဲဒီ MTV ကလည်း ဒါရိုက်တာ ရွှေဒုံးဘီအောင်ရိုက်ခဲ့တဲ့ ဗိုလ်အောင်ဒင်ဇာတ်လမ်း ကျောရိုးကို အကုန်ယူပြီး ရိုက်လာတယ်။ ဒါရိုက်တာ ရွှေဒုံးဘီအောင်မှာ မျိုးဆက်တွေ ကျန်နေသေးတယ်လေ။ ခွင့်ပြုချက် တောင်းရမှာပေါ့”ဟု ဒေါ်ခင်သန့်စင်အောင်က ပြောသည်။

အဆိုတော် မနော၏ ကျော်ကြားနေသည့် ဗိုလ်အောင်ဒင် သီချင်းခေါင်းစဉ်မှာ ရွှေဒုံးဘီအောင်ကိုယ်တိုင် ဝတ္ထုရေး၊ ဒါရိုက်တာအဖြစ် ရိုက်ကူးထားခဲ့သည့် ဗိုလ်အောင်ဒင် ဇာတ်ကောင်ဖြစ်ပြီး သီချင်းခေါင်းစဉ်အဖြစ် အသုံးပြုရန် ရွှေဒုံးဘီအောင်မိသားစုထံ အကြောင်းကြားခွင့်ပြုချက်တောင်းခံခြင်းမရှိသဖြင့် ညှိနှိုင်း ဆောင်ရွက်ပေးရန် ဒေါ်ခင်သန့်စင်အောင်က မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို)သို့ ဧပြီလ (၅) ရက်နေ့တွင် တင်ပြထားခြင်းဖြစ်သည်။

သတင်း - ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~