က်ိဳင္းတံုၾကားျဖတ္ေရြးေကာက္ပြဲ ႀကိဳတင္မဲေပးသူမ်ား၍ မဲလာေပးသူနည္း

က်ိဳင္းတံုၾကားျဖတ္ေရြးေကာက္ပြဲ ႀကိဳတင္မဲေပးသူမ်ား၍ မဲလာေပးသူနည္း
ဧပြီ 1, 2017
By 🌸
ရွမ္းျပည္နယ္အေရွ ့ပိုင္း က်ိဳင္းတုံၿမိဳ႕တြင္ ဧၿပီလ (၁) ရက္ေန႔ကက်င္းပသည့္ ၾကားျဖတ္ေရြးေကာက္ပြဲတြင္  ၾကိဳတင္မဲေပးသူမ်ားေၾကာင္း က်ိဳင္းတုံျမိဳ ့နယ္အမ်ိဳးသားဒီမိုကေရစီအဖြဲ ့ခ်ဳပ္ ေရြးေကာက္ပြဲ ေစာင့္ၾကည့္ေလ့လာသူထံမွ သိရသည္။
“ဒီေန ့မွာ မဲလာေပးတဲ့သူ နည္းေနရတာက ၾကိဳတင္မဲလာေပးထားတဲ့သူမ်ားေနတာနဲ ့ ဒီေန ့မွာ က်ိဳင္းတုံျမိဳ ့ေပၚမွာ ပြဲလမ္းသဘင္ေတြ အရမ္းမ်ားေနတဲ့အတြက္ နည္းေနတယ္လို ့ထင္ပါတယ္။ ၾကိဳတင္မဲ ေပးသြားတဲ့အထဲမွာ ေဘာင္မ၀င္ဘဲ ေပးသြားတာလည္းရိွတယ္။ ေကာ္မရွင္ ေတာ္ေတာ္မ်ားမ်ားကလည္း လုပ္ထုံးလုပ္နည္းေတြ သိပ္နားမလည္ဘူးလို ့ ျမင္ပါတယ္”ဟု အမ်ိဳးသားဒီမိုကေရစီအဖြဲ ့ခ်ဳပ္မွ ေရြးေကာက္ပြဲေလ့လာေစာင့္ၾကည့္သူ တစ္ဦးျဖစ္သူ ဦးခင္ေမာင္တင့္ကေျပာသည္။
က်ိဳင္းတံုၿမိဳ႕နယ္ ၂၀၁၇ ခုႏွစ္ၾကားျဖတ္ေရြးေကာက္ပြဲ မဲစာရင္းမွာ ၂၀၁၅ ခုႏွစ္ မဲစာရင္းထက္ မဲဆႏၵရွင္ဦးေရ (၅၀၀၀)ခန္ ့တိုးလာေသာ္လည္း အမွန္တကယ္မဲေပးပိုင္ခြင့္ရိွသူစာရင္းက်န္ေနသည္မ်ားရိွေၾကာင္း ၎ကဆိုသည္။
“ဒီၾကားျဖတ္ေရြးေကာက္ပြဲမွာက လူသိပ္လာတာမေတြ ့ဘူး။ျပီးခဲ့တဲ့ (၂၀၁၅)တုန္းက မနက္ကတည္းက မဲလာေပးတာ အရမ္းမ်ားတယ္။အခုလို မဲေပးတဲ့လူသိပ္မလာတာက စိတ္၀င္စားမႈ အားနည္းလို ့ေပါ့။ကိုယ္စားလွယ္ေလာင္းတိုင္းကေတာ့ အေရြးခံရရင္ သူ ့ပါတီနဲ ့သူ ျပည္သူေတြအတြက္ ၾကိဳးစားျပီး လုပ္ၾကမယ္လို ့ ေမွ်ာ္လင့္ပါတယ္။”ဟု အမွတ္(၅)ရပ္ကြက္ မဲရုံအမွတ္(၁)တြင္ မဲလာေရာက္ေပးသည့္ ကိုရဲႏိုင္ေထြးကေျပာသည္။
ၾကားျဖတ္ေရြးေကာက္ပြဲ က်င္းပသည့္ေန ့တြင္ က်ိဳင္းတုံျမိဳ ့ွ၌ ရွင္ျပဳပြဲမ်ား၊ မဂၤလာေဆာင္မ်ား ရိွေနသည္ဆိုေသာ အေၾကာင္းျပခ်က္ျဖင့္ ၾကိဳတင္မဲလာေရာက္ေပးမႈမ်ားလည္းရိွၿပီး တပ္မဲရုံ(၃)ရုံတြင္ ၾကိဳတင္မဲလာေရာက္ေပးထားမႈမွာ (၇၃၁)ဦးရိွေနေၾကာင္း သိရသည္။

ၾကားျဖတ္ေရြးေကာက္ပြဲတြင္ က်ိဳင္းတံုျမိဳ ့ေပၚ ရပ္ကြက္(၂)ခုျဖစ္သည့္ အမွတ္(၁)ရပ္ကြက္ႏွင့္ အမွတ္(၅)ရပ္ကြက္တို ့တြင္ မဲေပးပိုင္ခြင့္ရိွသူ(၁၉၃၇၁)ဦးအတြက္ မဲရုံ(၈)ရုံထားရိွျပီး ေက်းရြာအုပ္စု (၁၆)အုုပ္စုတြင္ မဲေပးပိုင္ခြင့္ရိွသူ (၃၆၇၆၃)ဦးအတြက္ မဲရုံ (၄၉)ရုံရိွေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ဇြဲျမတ္

~~~~~~~~⊰❂ unicode ~~~~~~~~

ကျိုင်းတုံကြားဖြတ်ရွေးကောက်ပွဲ ကြိုတင်မဲပေးသူများ၍ မဲလာပေးသူနည်း
************
ရှမ်းပြည်နယ်အရှေ ့ပိုင်း ကျိုင်းတုံမြို့တွင် ဧပြီလ (၁) ရက်နေ့ကကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲတွင်  ကြိုတင်မဲပေးသူများကြောင်း ကျိုင်းတုံမြို ့နယ်အမျိုးသားဒီမိုကရေစီအဖွဲ ့ချုပ် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူထံမှ သိရသည်။
“ဒီနေ ့မှာ မဲလာပေးတဲ့သူ နည်းနေရတာက ကြိုတင်မဲလာပေးထားတဲ့သူများနေတာနဲ ့ ဒီနေ ့မှာ ကျိုင်းတုံမြို ့ပေါ်မှာ ပွဲလမ်းသဘင်တွေ အရမ်းများနေတဲ့အတွက် နည်းနေတယ်လို ့ထင်ပါတယ်။ ကြိုတင်မဲ ပေးသွားတဲ့အထဲမှာ ဘောင်မဝင်ဘဲ ပေးသွားတာလည်းရှိတယ်။ ကော်မရှင် တော်တော်များများကလည်း လုပ်ထုံးလုပ်နည်းတွေ သိပ်နားမလည်ဘူးလို ့ မြင်ပါတယ်”ဟု အမျိုးသားဒီမိုကရေစီအဖွဲ ့ချုပ်မှ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူ တစ်ဦးဖြစ်သူ ဦးခင်မောင်တင့်ကပြောသည်။
ကျိုင်းတုံမြို့နယ် ၂၀၁၇ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲ မဲစာရင်းမှာ ၂၀၁၅ ခုနှစ် မဲစာရင်းထက် မဲဆန္ဒရှင်ဦးရေ (၅၀၀၀)ခန် ့တိုးလာသော်လည်း အမှန်တကယ်မဲပေးပိုင်ခွင့်ရှိသူစာရင်းကျန်နေသည်များရှိကြောင်း ၎င်းကဆိုသည်။
“ဒီကြားဖြတ်ရွေးကောက်ပွဲမှာက လူသိပ်လာတာမတွေ ့ဘူး။ပြီးခဲ့တဲ့ (၂၀၁၅)တုန်းက မနက်ကတည်းက မဲလာပေးတာ အရမ်းများတယ်။အခုလို မဲပေးတဲ့လူသိပ်မလာတာက စိတ်ဝင်စားမှု အားနည်းလို ့ပေါ့။ကိုယ်စားလှယ်လောင်းတိုင်းကတော့ အရွေးခံရရင် သူ ့ပါတီနဲ ့သူ ပြည်သူတွေအတွက် ကြိုးစားပြီး လုပ်ကြမယ်လို ့ မျှော်လင့်ပါတယ်။”ဟု အမှတ်(၅)ရပ်ကွက် မဲရုံအမှတ်(၁)တွင် မဲလာရောက်ပေးသည့် ကိုရဲနိုင်ထွေးကပြောသည်။
ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပသည့်နေ ့တွင် ကျိုင်းတုံမြို ့ှ၌ ရှင်ပြုပွဲများ၊ မင်္ဂလာဆောင်များ ရှိနေသည်ဆိုသော အကြောင်းပြချက်ဖြင့် ကြိုတင်မဲလာရောက်ပေးမှုများလည်းရှိပြီး တပ်မဲရုံ(၃)ရုံတွင် ကြိုတင်မဲလာရောက်ပေးထားမှုမှာ (၇၃၁)ဦးရှိနေကြောင်း သိရသည်။
ကြားဖြတ်ရွေးကောက်ပွဲတွင် ကျိုင်းတုံမြို ့ပေါ် ရပ်ကွက်(၂)ခုဖြစ်သည့် အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၅)ရပ်ကွက်တို ့တွင် မဲပေးပိုင်ခွင့်ရှိသူ(၁၉၃၇၁)ဦးအတွက် မဲရုံ(၈)ရုံထားရှိပြီး ကျေးရွာအုပ်စု (၁၆)အုုပ်စုတွင် မဲပေးပိုင်ခွင့်ရှိသူ (၃၆၇၆၃)ဦးအတွက် မဲရုံ (၄၉)ရုံရှိကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~