ေဘာလခဲၿမိဳ႕ ပြန္ေခ်ာင္းတြင္ ရဲဒု-တပ္ၾကပ္တစ္ဦး ေရနစ္ ေပ်ာက္ဆုံးေန

ေဘာလခဲၿမိဳ႕ ပြန္ေခ်ာင္းတြင္ ရဲဒု-တပ္ၾကပ္တစ္ဦး ေရနစ္ ေပ်ာက္ဆုံးေန
ဧပြီ 26, 2017
By Tachileik News Agency

ကယားျပည္နယ္ ေဘာလခဲၿမိဳ႕ ပြန္ေခ်ာင္းအတြင္း ဖာေဆာင္းၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွ သင္တန္းလာတက္ေနသည့္ ဒု-တပ္ၾကပ္တစ္ဦး ဧၿပီလ (၂၆) ရက္ေန႔ ေန႔လယ္ (၁၂) နာရီခန္႔က ပြန္ေခ်ာင္းတြင္ ေရနစ္ေပ်ာက္ဆုံးသြားေၾကာင္း သိရသည္။

ေဘာလခဲခရိုင္ ရဲတပ္ဖြဲ႔မွဴးရုံးတြင္ ဖြင့္လွစ္ေသာ သင္တန္းအား တက္ေရာက္ေနသည့္ ဖာေဆာင္းၿမိဳ႕နယ္ ရဲစခန္းမွ ရဲ-ဒုတပ္ၾကပ္ ခ်စ္လႊမ္းမိုးသည္ ေန႔စဥ္တာဝန္မွဴးအား အသိမေပးဘဲ ေဘာလခဲၿမိဳ႕ ကယားပိုင္းရပ္ကြက္ ပြန္ေခ်ာင္းေရခ်ိဳးဆိပ္တြင္ ေရဆင္းခ်ိဳးရာမွ ေပ်ာက္ဆံုးသြားျခင္းျဖစ္ေၾကာင္း သိရသည္။

“ ဟုတ္တယ္ သူက ဒီၿမိဳ႕က မဟုတ္ဘူး။ ဖာေဆာင္းျမိဳ႕ကေပါ့။ ဒီမွာသင္တန္းလာတက္ေနတာ။ ပြန္ေခ်ာင္းမွာ ေရဆင္းခ်ိဳးတယ္လို႔ ေျပာတာပဲ။ အဲဒါေမ်ာၿပီး ေပ်ာက္သြားတာေပါ့။ ခုညခ်ိန္ထိ ျပန္႐ွာ မေတြ႔ေသးဘူး "ဟု ေဒသခံတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေမ်ာပါေပ်ာက္ဆုံးေနသူအား မီးသတ္တပ္ဖြဲ႕ဝင္မ်ား၊ ၿမိိဳ႕နယ္ရဲတပ္ဖြဲ႔ဝင္မ်ားႏွင့္ ေဒသခံမ်ားက ဆက္လက္ ႐ွာေဖြေနေၾကာင္း သိရသည္။

သတင္း - ဆန္းၿဖိဳးထြန္း


~~~~~~~~⊰❂ unicode ~~~~~~~~
ဘောလခဲမြို့ ပွန်ချောင်းတွင် ရဲဒု-တပ်ကြပ်တစ်ဦး ရေနစ် ပျောက်ဆုံးနေ

ကယားပြည်နယ် ဘောလခဲမြို့ ပွန်ချောင်းအတွင်း ဖာဆောင်းမြို့နယ်ရဲတပ်ဖွဲ့မှ သင်တန်းလာတက်နေသည့် ဒု-တပ်ကြပ်တစ်ဦး ဧပြီလ (၂၆) ရက်နေ့ နေ့လယ် (၁၂) နာရီခန့်က ပွန်ချောင်းတွင် ရေနစ်ပျောက်ဆုံးသွားကြောင်း သိရသည်။

ဘောလခဲခရိုင် ရဲတပ်ဖွဲ့မှူးရုံးတွင် ဖွင့်လှစ်သော သင်တန်းအား တက်ရောက်နေသည့် ဖာဆောင်းမြို့နယ် ရဲစခန်းမှ ရဲ-ဒုတပ်ကြပ် ချစ်လွှမ်းမိုးသည် နေ့စဉ်တာဝန်မှူးအား အသိမပေးဘဲ ဘောလခဲမြို့ ကယားပိုင်းရပ်ကွက် ပွန်ချောင်းရေချိုးဆိပ်တွင် ရေဆင်းချိုးရာမှ ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

“ ဟုတ်တယ် သူက ဒီမြို့က မဟုတ်ဘူး။ ဖာဆောင်းမြို့ကပေါ့။ ဒီမှာသင်တန်းလာတက်နေတာ။ ပွန်ချောင်းမှာ ရေဆင်းချိုးတယ်လို့ ပြောတာပဲ။ အဲဒါမျောပြီး ပျောက်သွားတာပေါ့။ ခုညချိန်ထိ ပြန်ရှာ မတွေ့သေးဘူး "ဟု ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မျောပါပျောက်ဆုံးနေသူအား မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံများက ဆက်လက် ရှာဖွေနေကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~