ကယားျပည္နယ္​ ၾကားျဖတ္ေရြး​ေကာက္​ပြဲတြင္​ လူမ်ိဳး​ေပါင္​းစုံဒီမိုက​ေရစီပါတီ အႏိုင္​ရ႐ွိ

ကယားျပည္နယ္​ ၾကားျဖတ္ေရြး​ေကာက္​ပြဲတြင္​ လူမ်ိဳး​ေပါင္​းစုံဒီမိုက​ေရစီပါတီ အႏိုင္​ရ႐ွိ
ဧပြီ 1, 2017
By 🌸
ဧၿပီလ ၁ ရက္​​ေန႔ တြင္​ က်င္​းပသည့္ ကယားျပည္နယ္ ဖ႐ူဆိုၿမိဳ႕နယ္​ ၾကားျဖတ္ေရြး​ေကာက္​ပြဲတြင္​ လူမ်ိဳး​ေပါင္​းစုံဒီမိုက​ေရစီပါတီ (ကယားျပည္​နယ္​) မွ ကိုယ္စားလွယ္ေလာင္း ဦးသဲရယ္​က အႏိုင္​ရ႐ွိသြားေၾကာင္​း သိရသည္​။
လစ္​လပ္​​ေန​ေသာ ဖ႐ူဆိုၿမိဳ႕နယ္​ မဲဆႏၵနယ္​ အမွတ္​(၁) ျပည္​နယ္​လႊတ္​​​ေတာ္​ ​ကိုယ္​စားလွယ္​ေနရာအတြက္​   ဦးသဲရယ္ (လူမ်ိဳးေပါင္းစုံဒီမိုကေရစီပါတီ -ကယားျပည္နယ္ )၊ ဦးရီးခ်က္ (ျပည္ေထာင္စုႀကံ႕ခုိင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ)၊ ဦးဆူရယ္ (အမ်ိဳးသားတိုးတက္ေရးပါတီ )တို႔ ၾကားျဖတ္ေရြး​ေကာက္​ပြဲတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ၾကရာ ဦးသဲရယ္​က မဲစုစု​ေပါင္​း (၃၃၅၁) မဲျဖင္​့အႏိုင္​ရ႐ွိခဲ့ျခင္​းျဖစ္​သည္​။

" ကၽြန္ေတာ့္အ​ေနနဲ႔က ျပည္​သူလူထု​ေတြ စည္​းလုံးညီၫႊတ္​မႈ​ေၾကာင္​့ အႏိုင္​ရ႐ွိတာပါ။ ဒီလိုပဲ ထပ္​ၿပီး စည္​းလုံးညီၫႊတ္​​ေပးၾကပါ။ လူထုအားလုံးကို ​ေက်းဇူးအရမ္​းတင္​သလို ကၽြန္ေတာ္ လူထုကို​ေပးထားကတိ​ေတြအတိုင္​း လုပ္​​ေဆာင္​သြားမွာပါ " ဟု ကိုယ္စားလွယ္ေလာင္း ဦးသဲရယ္​က​ ေျပာသည္​။

ကယားျပည္နယ္ ဖရူဆိုၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္(၁) ျပည္နယ္လႊတ္ေတာ္ေနရာအတြက္ မဲေပးခြင့္ရွိသူ ဦးေရ (၉၅၇၀)ဦးရွိၿပီး  မဲရုံ စုစုေပါင္း(၁၈)ရုံထားရိွျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ဆန္​းၿဖိဳးထြန္​း

~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ် ကြားဖြတ်ရွေး​ကောက်​ပွဲတွင်​ လူမျိုး​ပေါင်​းစုံဒီမိုက​ရေစီပါတီ ​ အနိုင်​ရရှိ
************
ဧပြီလ ၁ ရက်​​နေ့ တွင်​ ကျင်​းပသည့် ကယားပြည်နယ် ဖရူဆိုမြို့နယ်​ ကြားဖြတ်ရွေး​ကောက်​ပွဲတွင်​ လူမျိုး​ပေါင်​းစုံဒီမိုက​ရေစီပါတီ (ကယားပြည်​နယ်​) မှ ကိုယ်စားလှယ်လောင်း ဦးသဲရယ်​က အနိုင်​ရရှိသွားကြောင်​း သိရသည်​။

လစ်​လပ်​​နေ​သော ဖရူဆိုမြို့နယ်​ မဲဆန္ဒနယ်​ အမှတ်​(၁) ပြည်​နယ်​လွှတ်​​​တော်​ ​ကိုယ်​စားလှယ်​နေရာအတွက်​   ဦးသဲရယ် (လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ -ကယားပြည်နယ် )၊ ဦးရီးချက် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)၊ ဦးဆူရယ် (အမျိုးသားတိုးတက်ရေးပါတီ )တို့ ကြားဖြတ်ရွေး​ကောက်​ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြရာ ဦးသဲရယ်​က မဲစုစု​ပေါင်​း (၃၃၅၁) မဲဖြင်​့အနိုင်​ရရှိခဲ့ခြင်​းဖြစ်​သည်​။

" ကျွန်တော့်အ​နေနဲ့က ပြည်​သူလူထု​တွေ စည်​းလုံးညီညွှတ်​မှု​ကြောင်​့ အနိုင်​ရရှိတာပါ။ ဒီလိုပဲ ထပ်​ပြီး စည်​းလုံးညီညွှတ်​​ပေးကြပါ။ လူထုအားလုံးကို ​ကျေးဇူးအရမ်​းတင်​သလို ကျွန်တော် လူထုကို​ပေးထားကတိ​တွေအတိုင်​း လုပ်​​ဆောင်​သွားမှာပါ " ဟု ကိုယ်စားလှယ်လောင်း ဦးသဲရယ်​က​ ပြောသည်​။

ကယားပြည်နယ် ဖရူဆိုမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်နေရာအတွက် မဲပေးခွင့်ရှိသူ ဦးရေ (၉၅၇၀)ဦးရှိပြီး  မဲရုံ စုစုပေါင်း(၁၈)ရုံထားရှိခြင်းဖြစ်ကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #ဆန်​းဖြိုးထွန်​း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~