အေမရိကန္ေလယာဥ္တင္အုပ္စု နီးကပ္လာခ်ိန္တြင္ ေျမာက္ကိုရီးယား၏ ဒံုးလက္နက္သစ္မ်ား ျပသ

အေမရိကန္ေလယာဥ္တင္အုပ္စု နီးကပ္လာခ်ိန္တြင္ ေျမာက္ကိုရီးယား၏ ဒံုးလက္နက္သစ္မ်ား ျပသ
ဧပြီ 15, 2017
By Tachileik News Agency

အေမရိကန္ျပည္ေထာင္စု၏ ေလယာဥ္တင္သေဘၤာမ်ား ေဒသတြင္း ဝင္ေရာက္လာခ်ိန္တြင္ ဧၿပီလ (၁၅) ရက္ေန႔က က်င္းပသည့္ ေျမာက္ကိုရီးယားႏုိင္ငံတည္ေထာင္သူ Kim Il Sung ၏ ၁၀၅ ႏွစ္ေျမာက္ ေမြးေန႔ အထိမ္းအမွတ္ စစ္ေရးျပ အခမ္းအနားတြင္ ေရငုတ္သေဘၤာမွ ပစ္လႊတ္မည့္ ဒံုးလက္နက္သစ္မ်ားကို ျပသခဲ့သည္ကို ေတြ႔ရသည္။

အဆိုပါ ဒံုးလက္နက္မ်ားသည္ စစ္ေရးျပ အခမ္းအနား၏ အဓိက ျပကြက္တစ္ခုအျဖစ္ ပါဝင္ခဲ့ၿပီး ကင္၏ ေျမးျဖစ္သူ ေျမာက္ကိုရီးယား ေခါင္းေဆာင္ ကင္ဂ်ံဳအန္က အဆိုပါတပ္ဖြဲ႕မွ တပ္မွဴးမ်ားအား အခ်ိန္ယူ မိန္႔ခြန္းေျပာႀကားခဲ့သည္။

အေမရိကန္ေရတပ္က ဆီးရီးယားႏုိင္ငံအား တိုမာေဟာ့ဒံုးမ်ားျဖင့္ ပစ္ခတ္မႈမ်ား ျပဳလုပ္ခဲ့သည့္ အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္ အေနျဖင့္ UN၏ ပိတ္ဆို႔မႈၾကားမွေန၍ အေမရိကန္အား ၿခိမ္းေျခာက္ရန္ ႏွစ္စဥ္ ႏူကလီးယားဒံုးလက္နက္ စမ္းသပ္မႈအႀကိမ္မ်ားစြာ ျပဳလုပ္ေနသည့္ ေျမာက္ကိုရီးယားႏုိင္ငံအေပၚ လုပ္ေဆာင္မည့္ အစီအစဥ္မ်ားႏွင့္ ပတ္သက္၍ ေမးခြန္းမ်ား ထြက္ေပၚေနျခင္းျဖစ္သည္။

ေျမာက္ကိုရီးယားႏုိင္ငံ ၿပံဳယမ္းၿမိဳ႕ေတာ္ Kim Il Sung ရင္ျပင္တြင္ က်င္းပသည့္ စစ္ေရးျပအခမ္းအနား၌ အနက္ေရာင္ဝတ္စံုျဖင့္ ကင္ဂ်ံဳအန္အား ၿပံဳးၿပံဳးရႊင္ရႊင္ ရယ္ေမာေနသည္ကို ေတြ႔ၾကရသည္။

အဆိုပါ စစ္ေရးျပ အခမ္းအနားတြင္ ယခင္ကကဲ့သို႔ တရုတ္အရာရိွမ်ား တက္ေရာက္ျခင္း မရိွသည္ကို ေတြ႔ရသည္။

UN၏ ပိတ္ဆို႔မႈႏွင့္ ရင္ဆိုင္ေနရသည့္ ေျမာက္ကိုရီးယားအတြက္ တရုတ္ႏုိင္ငံသည္ အႀကီးဆံုး မဟာမိတ္ျဖစ္ၿပီး လက္ရိွ ေျမာက္ကိုရီးယားႏွင့္ အေမရိကန္၏ အေျခအေနတင္းမာမႈကို ထိန္းသိမ္းရန္ တုိက္တြန္းထားျခင္းျဖစ္သည္။

လက္နက္ေလ့လာသူမ်ား အဆိုအရ စစ္ေရးျပအခမ္းအနားတြင္ တုိက္ခ်င္းပစ္ဒံုးလက္နက္သစ္မ်ားကို ျပသထားသည္ဟု ယံုၾကည္ထားၾကသည္။

အဆိုပါ ဒံုးလက္နက္မ်ားသည္ အဆင့္ျမႇင့္တင္ မြမ္းမံထားျခင္းျဖစ္ၿပီး အေမရိကန္ျပည္ေထာင္စုအထိ ပစ္ခတ္ႏုိင္သည္ဟု ေျမာက္ကိုရီးယားက ေျပာထားေသာ္လည္း နည္းပညာပိုင္းအရ လိုအပ္ခ်က္မ်ား ရိွေနဆဲျဖစ္မည္ဟု ကၽြမ္းက်င္သူမ်ားက ယံုၾကည္ထားၾကသည္။

Reutres သတင္းဌာနမွ သတင္းမ်ားကို တာခ်ီလိတ္သတင္းေအဂ်င္စီမွ ေကာက္ႏႈတ္ေဖာ္ျပျခင္းျဖစ္ပါသည္။

Ref; reuters.com
Photo : reuters.com


~~~~~~~~⊰❂ unicode ~~~~~~~~

အမေရိကန်ပြည်ထောင်စု၏ လေယာဉ်တင်သင်္ဘောများ ဒေသတွင်း ဝင်ရောက်လာချိန်တွင် ဧပြီလ (၁၅) ရက်နေ့က ကျင်းပသည့် မြောက်ကိုရီးယားနိုင်ငံတည်ထောင်သူ Kim Il Sung၏ ၁၀၅ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားတွင် ရေငုတ်သင်္ဘောမှ ပစ်လွှတ်မည့် ဒုံးလက်နက်သစ်များကို ပြသခဲ့သည်ကို တွေ့ရသည်။

အဆိုပါ ဒုံးလက်နက်များသည် စစ်ရေးပြ အခမ်းအနား၏ အဓိက ပြကွက်တစ်ခုအဖြစ် ပါဝင်ခဲ့ပြီး ကင်၏ မြေးဖြစ်သူ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်က အဆိုပါတပ်ဖွဲ့မှ တပ်မှူးများအား အချိန်ယူ မိန့်ခွန်းပြောကြားခဲ့သည်။

အမေရိကန်ရေတပ်က ဆီးရီးယားနိုင်ငံအား တိုမာဟော့ဒုံးများဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် အနဖြေင့် UN၏ ပိတ်ဆို့မှုကြားမှနေ၍ အမေရိကန်အား ခြိမ်းခြောက်ရန် နှစ်စဉ် နူကလီးယားဒုံးလက်နက် စမ်းသပ်မှုအကြိမ်များစွာ ပြုလုပ်နေသည့် မြောက်ကိုရီးယားနိုင်ငံအပေါ် လုပ်ဆောင်မည့် အစီအစဉ်များနှင့် ပတ်သက်၍ မေးခွန်းများ ထွက်ပေါ်နခြေင်းဖြစ်သည်။

မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့တော် Kim Il Sung ရင်ပြင်တွင် ကျင်းပသည့် စစ်ရေးပြအခမ်းအနား၌ အနက်ရောင်ဝတ်စုံဖြင့် ကင်ဂျုံအန်အား ပြုံးပြုံးရွှင်ရွှင် ရယ်မောနေသည်ကို တွေ့ကြရသည်။

အဆိုပါ စစ်ရေးပြ အခမ်းအနားတွင် ယခင်ကကဲ့သို့ တရုတ်အရာရှိများ တက်ရောက်ခြင်း မရှိသည်ကို တွေ့ရသည်။

UN၏ ပိတ်ဆို့မှုနှင့် ရင်ဆိုင်နေရသည့် မြောက်ကိုရီးယားအတွက် တရုတ်နိုင်ငံသည် အကြီးဆုံး မဟာမိတ်ဖြစ်ပြီး လက်ရှိ မြောက်ကိုရီးယားနှင့် အမေရိကန်၏ အခြေအနေတင်းမာမှုကို ထိန်းသိမ်းရန် တိုက်တွန်းထားခြင်းဖြစ်သည်။

လက်နက်လေ့လာသူများ အဆိုအရ စစ်ရေးပြအခမ်းအနားတွင် တိုက်ချင်းပစ်ဒုံးလက်နက်သစ်များကို ပြသထားသည်ဟု ယုံကြည်ထားကြသည်။

အဆိုပါ ဒုံးလက်နက်များသည် အဆင့်မြှင့်တင် မွမ်းမံထားခြင်းဖြစ်ပြီး အမေရိကန်ပြည်ထောင်စုအထိ ပစ်ခတ်နိုင်သည်ဟု မြောက်ကိုရီးယားက ပြောထားသော်လည်း နည်းပညာပိုင်းအရ လိုအပ်ချက်များ ရှိနေဆဲဖြစ်မည်ဟု ကျွမ်းကျင်သူများက ယုံကြည်ထားကြသည်။

Reutres သတင်းဌာနမှ သတင်းများကို တာချီလိတ်သတင်းအေဂျင်စီမှ ကောက်နှုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Ref; reuters.com
Photo : reuters.com

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~