က်ိဳင္းတံုၾကားျဖတ္ေရြးေကာက္ပြဲတြင္ မဲရံုစဖြင့္ခ်ိန္တြင္ မဲေပးသူနည္းပါး

က်ိဳင္းတံုၾကားျဖတ္ေရြးေကာက္ပြဲတြင္ မဲရံုစဖြင့္ခ်ိန္တြင္ မဲေပးသူနည္းပါး
ဧပြီ 1, 2017
By 🌸
ရွမ္းျပည္နယ္အေရွ ့ပိုင္း က်ိဳင္းတုံၿမိဳ႕တြင္ က်င္းပလွ်က္ရိွေသာ ၾကားျဖတ္ေရြးေကာက္ပြဲမွ ရပ္ကြက္(၁)တြင္ တည္ရိွသည့္ မဲရုံအမွတ္(၁)၊ အမွတ္(၃) ႏွင့္ အမွတ္(၄) တို ့၏ ျမင္ကြင္းမ်ားျဖစ္ျပီး မဲရုံစဖြင့္သည့္ အခ်ိန္တြင္ မဲလာေရာက္ေပးသူ အလြန္နည္းပါးလွ်က္ရိွေၾကာင္း သိရသည္။

“ဒီၾကားျဖတ္ေရြးေကာက္ပြဲကိုေတာ့ ဒီကေဒသခံတြင္ စိတ္၀င္စားမႈအားနည္းတယ္လို ့ျမင္တယ္။ ျပီးခဲ့တဲ့ ၂၀၁၅ ခုႏွစ္ေလာက္ သိပ္ျပီး စိတ္မ၀င္စားေတာ့ သလိုပဲ။ မဲေပးရတာေတာ့ လြယ္လာပါတယ္။ ကို္ယ္ၾကိဳက္တဲ့ ပါတီကို ကိုယ္ၾကိဳက္သလို မဲေပးရတယ္။ ေက်နပ္ပါတယ္”ဟု အမွတ္(၁)မဲရုံတြင္ မဲလာေပးသည့္ နမ့္ခ်ပ္ရပ္ကြက္မွ ဦးေက်ာ္လင္းကေျပာသည္။

က်ိဳင္းတုံျမိဳ ့တြင္  ၾကားျဖတ္ေရြးေကာက္ပြဲတြင္ ျမိဳ ့ေပၚ ရပ္ကြက္(၂)ခုျဖစ္သည့္ အမွတ္(၁)ရပ္ကြက္ႏွင့္ အမွတ္(၅)ရပ္ကြက္တို ့တြင္ မဲေပးပိုင္ခြင့္ရိွသူ(၁၉၃၇၁)ဦးအတြက္ မဲရုံ(၈)ရုံထားရိွျပီး ေက်းရြာအုပ္စု (၁၆)အုုပ္စုတြင္ မဲေပးပိုင္ခြင့္ရိွသူ (၃၆၇၆၃)ဦးအတြက္ မဲရုံ (၄၉)ရုံရိွေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အတြင္း ေညာင္ေရႊ၊ က်ိဳင္းတံု၊ ေက်းသီးႏွင့္ မိုင္းရႈးၿမိဳ႕နယ္မ်ားတြင္ ၾကားျဖတ္ေရြးေကာက္ပြဲ က်င္းပေနျခင္းျဖစ္သည္။

သတင္း၊ဓါတ္ပံု # ဇြဲျမတ္

 က်ိဳင္းတံုၿမိဳ႕ ၾကားျဖတ္ေရြးေကာက္ပြဲ မဲရံု (၁)တြင္ မဲေပးေနသည့္ျပည္သူမ်ား

~~~~~~~~⊰❂ unicode ~~~~~~~~
ကျိုင်းတုံမြို့ ကြားဖြတ်ရွေးကောက်ပွဲ မဲရုံ (၁)တွင် မဲပေးနေသည့်ပြည်သူများ


~~~~~~~~⊰❂ unicode ~~~~~~~~

ကျိုင်းတုံကြားဖြတ်ရွေးကောက်ပွဲတွင် မဲရုံစဖွင့်ချိန်တွင် မဲပေးသူနည်းပါး
************

ရှမ်းပြည်နယ်အရှေ ့ပိုင်း ကျိုင်းတုံမြို့တွင် ကျင်းပလျှက်ရှိသော ကြားဖြတ်ရွေးကောက်ပွဲမှ ရပ်ကွက်(၁)တွင် တည်ရှိသည့် မဲရုံအမှတ်(၁)၊ အမှတ်(၃) နှင့် အမှတ်(၄) တို ့၏ မြင်ကွင်းများဖြစ်ပြီး မဲရုံစဖွင့်သည့် အချိန်တွင် မဲလာရောက်ပေးသူ အလွန်နည်းပါးလျှက်ရှိကြောင်း သိရသည်။

“ဒီကြားဖြတ်ရွေးကောက်ပွဲကိုတော့ ဒီကဒေသခံတွင် စိတ်ဝင်စားမှုအားနည်းတယ်လို ့မြင်တယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်လောက် သိပ်ပြီး စိတ်မဝင်စားတော့ သလိုပဲ။ မဲပေးရတာတော့ လွယ်လာပါတယ်။ ကို်ယ်ကြိုက်တဲ့ ပါတီကို ကိုယ်ကြိုက်သလို မဲပေးရတယ်။ ကျေနပ်ပါတယ်”ဟု အမှတ်(၁)မဲရုံတွင် မဲလာပေးသည့် နမ့်ချပ်ရပ်ကွက်မှ ဦးကျော်လင်းကပြောသည်။

ကျိုင်းတုံမြို ့တွင်  ကြားဖြတ်ရွေးကောက်ပွဲတွင် မြို ့ပေါ် ရပ်ကွက်(၂)ခုဖြစ်သည့် အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၅)ရပ်ကွက်တို ့တွင် မဲပေးပိုင်ခွင့်ရှိသူ(၁၉၃၇၁)ဦးအတွက် မဲရုံ(၈)ရုံထားရှိပြီး ကျေးရွာအုပ်စု (၁၆)အုုပ်စုတွင် မဲပေးပိုင်ခွင့်ရှိသူ (၃၆၇၆၃)ဦးအတွက် မဲရုံ (၅၇)ရုံရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်း ညောင်ရွှေ၊ ကျိုင်းတုံ၊ ကျေးသီးနှင့် မိုင်းရှုးမြို့နယ်များတွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနေခြင်းဖြစ်သည်။

သတင်း၊ဓါတ်ပုံ # ဇွဲမြတ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~