ဖရူဆိုၿမိဳ႕နယ္ၾကားျဖတ္ေရြးေကာက္ပြဲ ၿမိဳ႕ေပၚထက္ ေက်းရြာမဲရံုမ်ားတြင္ မဲေပးသူပိုမ်ား

ဖရူဆိုၿမိဳ႕နယ္ၾကားျဖတ္ေရြးေကာက္ပြဲ ၿမိဳ႕ေပၚထက္ ေက်းရြာမဲရံုမ်ားတြင္ မဲေပးသူပိုမ်ား
ဧပြီ 1, 2017
By 🌸
ကိုယ္စားလွယ္ေလာင္း(၃)ဦး ဝင္ေရာက္ယွဥ္ၿပိဳင္ေနသည့္  ကယားျပည္နယ္ ဖရူဆိုၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္ (၁) တြင္ ေန႔လယ္ပိုင္းအခ်ိန္ထိ မဲလာေရာက္ေပးသူအေရအတြက္မွာ မဲဆႏၵရွင္စာရင္း၏ ထက္ဝက္ခန္႕သာရိွေနၿပီး ၿမိဳ႕ေပၚမဲရုံမ်ားထက္ ေက်းရြာမ်ားရွိ မဲရုံမ်ားတြင္ မဲလာေရာက္ေပးသူ ပိုမိုမ်ားျပားလွ်က္ရွိေၾကာင္းသိရသည္။

“ကၽြန္ေတာ္တို႕ မနက္ကေတာ့ လာေပးၾကတယ္။ ဒီေန႕လယ္ေရာက္ေတာ့ မရွိသေလာက္နည္းတယ္ မလာဘူးေပါ့ ။ မဲေပးရမယ့္သူေတြ ထဲက ထက္ဝက္ေလာက္က်န္ေသးတယ္။ တခ်ိဳ႕က ခရီးလြန္ေနတာနဲ႕ ဆက္သြယ္လို႕ မရတာနဲ႕ လည္းရွိတယ္ေပါ့။ ခုေန႕လယ္ပိုင္းေတာ့ ဒီမွာ လာေပးတဲ့သူကို မရွိေသးဘူး လာေတာ့လာမွာပါ ”ဟု မဲရံုမွဴးတစ္ဦးက ေျပာသည္။

ဧၿပီလ (၁) ရက္ေန႕တြင္ ၾကားျဖက္ေရြးေကာက္ပြဲတြင္ ၿမိဳ႕ေပၚရွိ မဲရုံမ်ားထက္ ေက်းရြာမ်ားမွ မဲရုံမ်ားတြင္ မဲေပးသူပိုမ်ားၿပီး စိတ္ဝင္စားမႈလည္း ပိုမ်ားေနသည္ဟု ေရြးေကာက္ပြဲေလ့လာသူ တစ္ဦးျဖစ္သည့္ ကိုဦးရယ္ ကေျပာသည္။

“ရြာေတြမွာေတာ့ ပိုစိတ္ဝင္စားတယ္။ မဲလာေပးၾကတာ ေထာ္လာဂ်ီ တို႔၊ ဆိုင္ကယ္တို႕နဲ႕ မနက္ကတည္းက ခုခ်ိန္ထိ တိုးတိုးႀကိတ္မဲေပးေနၾကတုန္းပဲ။ အရမ္းကြာသြားတယ္။ ဖရူဆိုၿမိဳ႕ေပၚက မဲရုံေတြကေတာ့ ခပ္က်ဲက်ဲပဲ။ စိတ္ဝင္စားမႈလည္း အရမ္းနည္းတယ္။ ၿမိဳ႕ေပၚမွာက ခုဆို ဒီၿမိဳ႕ထဲက မဲရုံေတြဆို လာေပးတဲ့သူကို မရွိေတာ့တာ။ တစ္ေယာက္စ ႏွစ္ေယာက္စပဲ ရွိတယ္။ မနက္ကပဲ ရွိတယ္လူက။ ၿမိဳ႕ေပၚထက္ ရြာေတြက မဲရုံေတြမွာမဲေပးတဲ့သူ ပိုမ်ားတယ္ ”ဟု ကိုဦးရယ္က ေျပာသည္။

ကယားျပည္နယ္တြင္ လစ္လပ္မဲဆႏၵနယ္ျဖစ္သည့္ ဖရူဆိုၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္(၁) ျပည္နယ္လႊတ္ေတာ္ေနရာအတြက္ ဦးသဲရယ္ (လူမ်ိဳးေပါင္းစုံဒီမိုကေရစီပါတီ -ကယားျပည္နယ္ ))၊ဦးရီးခ်က္ (ျပည္ေထာင္စုႀကံ႕ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ)၊ဦးဆူရယ္ (အမ်ိဳးသားတိုးတက္ေရးပါတီ )တို႕ ဝင္ေရာက္ယွဥ္ၿပိဳင္ေနျခင္းျဖစ္ၿပီး မဲေပးခြင့္ရွိသူ ဦးေရ (၉၅၇၀)ဦးအတြက္ မဲရုံ စုစုေပါင္း(၁၈)ရုံ ထားရိွေပးထားကာ ႀကိဳတင္မဲ ေပးထားသူ (၂၀၀)ဦး ခန္႔ရွိေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ဆန္းၿဖိဳးထြန္း

~~~~~~~~⊰❂ unicode ~~~~~~~~
ဖရူဆိုမြို့နယ်ကြားဖြတ်ရွေးကောက်ပွဲ မြို့ပေါ်ထက် ကျေးရွာမဲရုံများတွင် မဲပေးသူပိုများ
************
ကိုယ်စားလှယ်လောင်း(၃)ဦး ဝင်ရောက်ယှဉ်ပြိုင်နေသည့်  ကယားပြည်နယ် ဖရူဆိုမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တွင် နေ့လယ်ပိုင်းအချိန်ထိ မဲလာရောက်ပေးသူအရေအတွက်မှာ မဲဆန္ဒရှင်စာရင်း၏ ထက်ဝက်ခန့်သာရှိနေပြီး မြို့ပေါ်မဲရုံများထက် ကျေးရွာများရှိ မဲရုံများတွင် မဲလာရောက်ပေးသူ ပိုမိုများပြားလျှက်ရှိကြောင်းသိရသည်။

“ကျွန်တော်တို့ မနက်ကတော့ လာပေးကြတယ်။ ဒီနေ့လယ်ရောက်တော့ မရှိသလောက်နည်းတယ် မလာဘူးပေါ့ ။ မဲပေးရမယ့်သူတွေ ထဲက ထက်ဝက်လောက်ကျန်သေးတယ်။ တချို့က ခရီးလွန်နေတာနဲ့ ဆက်သွယ်လို့ မရတာနဲ့ လည်းရှိတယ်ပေါ့။ ခုနေ့လယ်ပိုင်းတော့ ဒီမှာ လာပေးတဲ့သူကို မရှိသေးဘူး လာတော့လာမှာပါ ”ဟု မဲရုံမှူးတစ်ဦးက ပြောသည်။

ဧပြီလ (၁) ရက်နေ့တွင် ကြားဖြက်ရွေးကောက်ပွဲတွင် မြို့ပေါ်ရှိ မဲရုံများထက် ကျေးရွာများမှ မဲရုံများတွင် မဲပေးသူပိုများပြီး စိတ်ဝင်စားမှုလည်း ပိုများနေသည်ဟု ရွေးကောက်ပွဲလေ့လာသူ တစ်ဦးဖြစ်သည့် ကိုဦးရယ် ကပြောသည်။

“ရွာတွေမှာတော့ ပိုစိတ်ဝင်စားတယ်။ မဲလာပေးကြတာ ထော်လာဂျီ တို့၊ ဆိုင်ကယ်တို့နဲ့ မနက်ကတည်းက ခုချိန်ထိ တိုးတိုးကြိတ်မဲပေးနေကြတုန်းပဲ။ အရမ်းကွာသွားတယ်။ ဖရူဆိုမြို့ပေါ်က မဲရုံတွေကတော့ ခပ်ကျဲကျဲပဲ။ စိတ်ဝင်စားမှုလည်း အရမ်းနည်းတယ်။ မြို့ပေါ်မှာက ခုဆို ဒီမြို့ထဲက မဲရုံတွေဆို လာပေးတဲ့သူကို မရှိတော့တာ။ တစ်ယောက်စ နှစ်ယောက်စပဲ ရှိတယ်။ မနက်ကပဲ ရှိတယ်လူက။ မြို့ပေါ်ထက် ရွာတွေက မဲရုံတွေမှာမဲပေးတဲ့သူ ပိုများတယ် ”ဟု ကိုဦးရယ်က ပြောသည်။

ကယားပြည်နယ်တွင် လစ်လပ်မဲဆန္ဒနယ်ဖြစ်သည့် ဖရူဆိုမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်နေရာအတွက် ဦးသဲရယ် (လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ -ကယားပြည်နယ် ))၊ဦးရီးချက် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)၊ဦးဆူရယ် (အမျိုးသားတိုးတက်ရေးပါတီ )တို့ ဝင်ရောက်ယှဉ်ပြိုင်နေခြင်းဖြစ်ပြီး မဲပေးခွင့်ရှိသူ ဦးရေ (၉၅၇၀)ဦးအတွက် မဲရုံ စုစုပေါင်း(၁၈)ရုံ ထားရှိပေးထားကာ ကြိုတင်မဲ ပေးထားသူ (၂၀၀)ဦး ခန့်ရှိကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~