တာခ်ီလိတ္ မဟာသႀကၤန္ကာလအတြင္း တိုင္းရင္းသား လုပ္သားျပည္သူအေပါင္းမ်ားအား အသိေပး ႏွိဳးေဆာ္ခ်က္

တာခ်ီလိတ္ မဟာသႀကၤန္ကာလအတြင္း တိုင္းရင္းသား လုပ္သားျပည္သူအေပါင္းမ်ားအား အသိေပး ႏွိဳးေဆာ္ခ်က္
ဧပြီ 6, 2017
By Tachileik News Agency
တာခ်ီလိတ္ မဟာသႀကၤန္ကာလအတြင္း တိုင္းရင္းသား လုပ္သားျပည္သူအေပါင္းမ်ားအား

အသိေပး ႏွိဳးေဆာ္ခ်က္

တာခ်ီလိတ္ခရိုင္၊ တာခ်ီလိတ္ၿမိဳ႕ေပၚရပ္ကြက္မ်ားနွင့္ ေက်းရြာအုပ္စုမ်ားတြင္ ေနထိုင္ၾကေသာ တိုင္းရင္းသား လုပ္သားျပည္သူအေပါင္းတို႔ခင္ဗ်ာ……………………


မၾကာမီက်ေရာက္ေတာ့မည့္ မဟာသၾကၤန္ကာလအတြင္း ယာဥ္မ်ား တိုက္/ခိုက္တိမ္းေမွာက္မွဳ အႏၲရာယ္ မျဖစ္ေစေရးအတြက္ လည္းေကာင္း၊ ယာဥ္ေၾကာပိတ္ဆို႔ၿပီး အမ်ားျပည္သူမ်ားသြားလာမွဳ အေႏွာက္အယွက္ မျဖစ္ေစရန္အတြက္ လည္းေကာင္း၊ တာခ်ီလိတ္ခရိုင္ ယာဥ္စည္းကမ္း ၊ လမ္းစည္းကမ္း ထိန္းသိမ္းေရး ၾကီးၾကပ္မွဳ ေကာ္မတီမွ ေမာ္ေတာ္ယာဥ္၊ ေမာ္ေတာ္ဆိုင္ကယ္ နွင့္ စက္တပ္ယာဥ္မ်ား အသံုးျပဳရာတြင္ ေအာက္ပါ စည္းကမ္းခ်က္မ်ားကို ေလးစားလိုက္နာၾကရန္ အသိေပးႏွိဳးေဆာ္အပ္ပါသည္။


  • ·         (၁) ေမာ္ေတာ္ဆိုင္ကယ္မ်ားအား စီးနင္းရာတြင္ ဆိုင္ကယ္စီး ဦးထုပ္ေဆာင္း၍ ေမးသိုင္းႀကိဳး တပ္ဆင္ ေမာင္းႏွင္ၾကရန္ နွင့္ ေမာ္ေတာ္ယာဥ္ ခါးပတ္ တပ္ဆင္ေမာင္းႏွင္ၾကရန္။
  • ·         (၂) ေမာ္ေတာ္ဆိုင္ကယ္အား (၂)ဦးထက္ပို တင္ေဆာင္ေမာင္းႏွင္ျခင္းမျပဳရန္။
  • ·         (၃) ယာဥ္အား အရွိန္ျပင္းစြာေမာင္းႏွင္ျခင္းမျပဳရန္။
  • ·         (၄) ပါ၀ါအိတ္ေဇာတပ္ဆင္ျခင္း၊ အိတ္ေဇာျဖဳတ္ေမာင္းႏွင္ျခင္း၊ စက္သံ ဆူညံစြာေမာင္းႏွင္ျခင္း မျပဳရန္။
  • ·         (၅) ယာဥ္မ်ားအား အရက္ေသစာ ေသာက္စားမူးယစ္၍ ေမာင္းႏွင္ျခင္း မျပဳရန္။
  • ·         (၆) ယာဥ္မ်ားအတင္း လုယက္၊ ေက်ာ္တက္ေမာင္းႏွင္ျခင္းမျပဳရန္။
  • ·         (၇) ၾကံ့ခုိင္မွဳမရွိေသာ ယာဥ္အို၊ ယာဥ္ေဟာင္းမ်ား ၊ ေထာ္လာဂ်ီမ်ားႏွင့္ေရပက္ခံထြက္ျခင္း မျပဳလုပ္ၾကရန္။
  • ·         (၈) ေမာ္ေတာ္ယာဥ္မ်ားေပၚတြင္လူအမ်ားအျပားတင္ေဆာင္ေမာင္းႏွင္ျခင္း၊ယာဥ္အမိုးမ်ား ေပၚတြင္ တင္ေဆာင္ ေမာင္းႏွင္ျခင္း၊ တြယ္ခို စီးျခင္းမျပဳလုပ္ရန္။


အထက္ပါ စည္းကမ္းခ်က္မ်ားအား တာခ်ီလိတ္ခရိုင္ ယာဥ္စည္းကမ္းထိန္းသိမ္းေရးႀကီးၾကပ္မွဳ ေကာ္မတီ မွ တာခ်ီလိတ္ၿမိဳ႕တြင္း (၆.၄.၂၀၁၇) ရက္ေန႔မွ စတင္၍ ေမာ္ေတာ္ယာဥ္/ ဆုိင္ကယ္မ်ားအား စစ္ေဆး ျခင္းမ်ား ေဆာင္ရြက္သြားမည္ျဖစ္ၿပီး စည္းကမ္းခ်က္မ်ား နွင့္ မကိုက္ညီေသာ ေမာ္ေတာ္ယာဥ္၊ ဆိုင္ကယ္မ်ားအား စစ္ေဆးေတြ႕ရွိရပါက ၂၀၁၅ ခုႏွစ္ ေမာ္ေတာ္ယာဥ္ ဥပေဒျဖင့္ အေရးယူ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ႀကိဳတင္အသိေပး ႏွိဳးေဆာ္အပ္ပါသည္။

ခရိုင္ယာဥ္စည္းကမ္းထိန္းသိမ္းေရးၾကီးၾကပ္မွဳေကာ္မတီ

တာခ်ီလိတ္



~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ် မဟာသင်္ကြန်ကာလအတွင်း တိုင်းရင်းသား လုပ်သားပြည်သူအပေါင်းများအား
အသိပေး နှိုးဆော်ချက်
တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် နေထိုင်ကြသော တိုင်းရင်းသား လုပ်သားပြည်သူအပေါင်းတို့ခင်ဗျာ……………………

မကြာမီကျရောက်တော့မည့် မဟာသင်္ကြန်ကာလအတွင်း ယာဉ်များ တိုက်/ခိုက်တိမ်းမှောက်မှု အန္တရာယ် မဖြစ်စေရေးအတွက် လည်းကောင်း၊ ယာဉ်ကြောပိတ်ဆို့ပြီး အများပြည်သူများသွားလာမှု အနှောက်အယှက် မဖြစ်စေရန်အတွက် လည်းကောင်း၊ တာချီလိတ်ခရိုင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီမှ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် နှင့် စက်တပ်ယာဉ်များ အသုံးပြုရာတွင် အောက်ပါ စည်းကမ်းချက်များကို လေးစားလိုက်နာကြရန် အသိပေးနှိုးဆော်အပ်ပါသည်။

· (၁) မော်တော်ဆိုင်ကယ်များအား စီးနင်းရာတွင် ဆိုင်ကယ်စီး ဦးထုပ်ဆောင်း၍ မေးသိုင်းကြိုး တပ်ဆင် မောင်းနှင်ကြရန် နှင့် မော်တော်ယာဉ် ခါးပတ် တပ်ဆင်မောင်းနှင်ကြရန်။
· (၂) မော်တော်ဆိုင်ကယ်အား (၂)ဦးထက်ပို တင်ဆောင်မောင်းနှင်ခြင်းမပြုရန်။
· (၃) ယာဉ်အား အရှိန်ပြင်းစွာမောင်းနှင်ခြင်းမပြုရန်။
· (၄) ပါဝါအိတ်ဇောတပ်ဆင်ခြင်း၊ အိတ်ဇောဖြုတ်မောင်းနှင်ခြင်း၊ စက်သံ ဆူညံစွာမောင်းနှင်ခြင်း မပြုရန်။
· (၅) ယာဉ်များအား အရက်သေစာ သောက်စားမူးယစ်၍ မောင်းနှင်ခြင်း မပြုရန်။
· (၆) ယာဉ်များအတင်း လုယက်၊ ကျော်တက်မောင်းနှင်ခြင်းမပြုရန်။
· (၇) ကြံ့ခိုင်မှုမရှိသော ယာဉ်အို၊ ယာဉ်ဟောင်းများ၊ ထော်လာဂျီများနှင့်ရေပက်ခံထွက်ခြင်း မပြုလုပ်ကြရန်။
· (၈) မော်တော်ယာဉ်များပေါ်တွင်လူအများအပြားတင်ဆောင်မောင်းနှင်ခြင်း၊ယာဉ်အမိုးများ ပေါ်တွင် တင်ဆောင် မောင်းနှင်ခြင်း၊ တွယ်ခို စီးခြင်းမပြုလုပ်ရန်။

အထက်ပါ စည်းကမ်းချက်များအား တာချီလိတ်ခရိုင် ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီ မှ တာချီလိတ်မြို့တွင်း (၆.၄.၂၀၁၇) ရက်နေ့မှ စတင်၍ မော်တော်ယာဉ်/ ဆိုင်ကယ်များအား စစ်ဆေး ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး စည်းကမ်းချက်များ နှင့် မကိုက်ညီသော မော်တော်ယာဉ်၊ ဆိုင်ကယ်များအား စစ်ဆေးတွေ့ရှိရပါက ၂၀၁၅ ခုနှစ် မော်တော်ယာဉ် ဥပဒဖြေင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြိုတင်အသိပေး နှိုးဆော်အပ်ပါသည်။

ခရိုင်ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ
တာချီလိတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~