တာခ်ီလိတ္တြင္ ဆယ္ေက်ာ္သက္ႏွစ္ဦးထံမွ စိတ္ၾကြေဆးျပားမ်ား ဖမ္းဆီးရမိ

တာခ်ီလိတ္တြင္ ဆယ္ေက်ာ္သက္ႏွစ္ဦးထံမွ စိတ္ၾကြေဆးျပားမ်ား ဖမ္းဆီးရမိ
ဧပြီ 7, 2017
By Tachileik News Agency

ေမာ္ေတာ္ယာဥ္ျဖင့္ ၀မ္ပုံေက်းရြာဘက္သို႔ ေမာင္းႏွင္လာသည့္ လူငယ္ႏွစ္ဦးထံမွ စိတ္ၾကြေဆးျပား (၁၇၀၀)ေက်ာ္ကို ဧၿပီလ(၆)ရက္ေန႔ ညေန(၃)နာရီအခ်ိန္က ဖမ္းဆီးရမိေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕နယ္၊ မိုင္းဖုန္း(ခ)ေက်းရြာအုပ္စု၊ ပါခုတ္ေဆးစစ္ေရးဂိတ္တြင္ မူးယစ္တပ္ဖြဲ႔စု (၃၀)တာခ်ီလိတ္မွ တပ္ဖြဲ႔၀င္မ်ား၊ သက္ဆိုင္ရာရဲတပ္ဖြဲ႔၀င္မ်ား ပါ၀င္သည့္ ပူးေပါင္း အဖြဲ႔သည္ ၀မ္ပုံေက်းရြာဘက္သို႔ ေမာင္းႏွင္လာသည့္  ေမာ္ေတာ္ယာဥ္အား မသကၤာ၍ ရပ္တန္႔ရွာေဖြ စစ္ေဆးရာမွ စိတ္ၾကြေဆးျပားမ်ားကို ဖမ္းဆီးရမိျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ  ပူးေပါင္းအဖြဲ႔သည္ အဆိုပါ ေမာ္ေတာ္ယာဥ္အား ရပ္တန္႔ရွာေဖြစစ္ေဆးရာ ေမာ္ေတာ္ယာဥ္ အတြင္းမွ Wy စာတမ္းပါ ပန္းေရာင္စိတ္ၾကြေဆးျပား (၂၀၀)ျပားစီပါသည့္ (၈)ထုပ္ႏွင့္ (၁၁၀)ျပားပါ (၁)ထုပ္ စုစုေပါင္း (၁၇၁၀)ျပားကို ေတြ႕ရွိရာ စုစုေပါင္း ခန္႔မွန္းတန္ဖိုးမွာ က်ပ္(၂၅)သိန္းေက်ာ္ရွိေၾကာင္း သိရသည္။

အဆိုပါ မူးယစ္ေဆး၀ါးမ်ားႏွင့္ ပတ္သက္၍ ေမာ္ေတာ္ယာဥ္အား ေမာင္းႏွင္လာသူ အသက္(၁၇)ႏွစ္ရွိ စိုင္းအြန္ ႏွင့္ ေမာ္ေတာ္ယာဥ္တြင္ လိုက္ပါလာသည့္ ၎၏ ဇနီးျဖစ္သူ အသက္(၁၅)ႏွစ္ရွိ မနန္းေအြ႕ႏြန္းတို႔အား ၀မ္ပံုနယ္ေျမရဲစခန္းတြင္ မယ(ပ)၃/၂၀၁၇၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)၂၁အရ အမႈဖြင့္အေရးယူ ေဆာင္ရြက္လွ်က္ရွိေၾကာင္းႏွင့္ ကြင္းဆက္တရားခံမ်ားအား ဖမ္းဆီးရမိရန္ စစ္ေဆးေနလ်က္ရွိေၾကာင္း သိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~
မော်တော်ယာဉ်ဖြင့် ဝမ်ပုံကျေးရွာဘက်သို့ မောင်းနှင်လာသည့် လူငယ်နှစ်ဦးထံမှ စိတ်ကြွဆေးပြား (၁၇၀၀)ကျော်ကို ဧပြီလ(၆)ရက်နေ့ ညနေ(၃)နာရီအချိန်က ဖမ်းဆီးရမိကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ပါခုတ်ဆေးစစ်ရေးဂိတ်တွင် မူးယစ်တပ်ဖွဲ့စု (၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်း အဖွဲ့သည် ဝမ်ပုံကျေးရွာဘက်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်အား မသင်္ကာ၍ ရပ်တန့်ရှာဖွေ စစ်ဆေးရာမှ စိတ်ကြွဆေးပြားများကို ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းအဖွဲ့သည် အဆိုပါ မော်တော်ယာဉ်အား ရပ်တန့်ရှာဖွေစစ်ဆေးရာ မော်တော်ယာဉ် အတွင်းမှ Wy စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား (၂၀၀)ပြားစီပါသည့် (၈)ထုပ်နှင့် (၁၁၀)ပြားပါ (၁)ထုပ် စုစုပေါင်း (၁၇၁၀)ပြားကို တွေ့ရှိရာ စုစုပေါင်း ခန့်မှန်းတန်ဖိုးမှာ ကျပ်(၂၅)သိန်းကျော်ရှိကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့် ပတ်သက်၍ မော်တော်ယာဉ်အား မောင်းနှင်လာသူ အသက်(၁၇)နှစ်ရှိ စိုင်းအွန် နှင့် မော်တော်ယာဉ်တွင် လိုက်ပါလာသည့်၎င်း၏ ဇနီးဖြစ်သူ အသက်(၁၅)နှစ်ရှိ မနန်းအွေ့နွန်းတို့အား ဝမ်ပုံနယ်မြေရဲစခန်းတွင် မယ(ပ)၃/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)၂၁အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်းနှင့် ကွင်းဆက်တရားခံများအား ဖမ်းဆီးရမိရန် စစ်ဆေးနေလျက်ရှိကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~