လားရိႈးတြင္ မိလႅာတြင္းအတြင္းမွ အမ်ိဳးသမီးအေလာင္းေတြ႔

လားရိႈးတြင္ မိလႅာတြင္းအတြင္းမွ အမ်ိဳးသမီးအေလာင္းေတြ႔
ဧပြီ 30, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရႈိးၿမိဳ႕ရပ္ကြက္ (၁၂)၊ နယ္ေျမ (၇) တြင္ ဧၿပီလ (၃၀) ရက္ေန႔ နံနက္အေစာပိုင္းက အသက္ (၄၀) အရြယ္အမ်ိဳးသမီးတစ္ဦး၏ အေလာင္းအား မိလႅာတြင္း အတြင္းမွ ေတြ႔ရွိရေၾကာင္း လားရိႈးၿမိဳ႕ ၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႔ထံမွ သိရသည္။

“ဘာေၾကာင့္ျဖစ္တယ္။ ဘယ္လိုျဖစ္တယ္ဆိုတာကိုေတာ့ ကြ်န္္မတို႔လည္း မသိဘူးရွင့္။ ကၽြန္မတို႔ကို အေၾကာင္းၾကားလာတဲ့ အခ်ိန္မွာ မီးသတ္တပ္ဖြဲ႔ဝင္ေတြ သြားေရာက္ၿပီးေတာ့ ဆယ္တင္ေပးခဲ့တာပါ။ အိမ္အေနာက္ဘက္ မိလႅာတြင္းထဲကေန ဆယ္ခဲ့ေပးတာပါ” ဟု လားရိႈးၿမိဳ႕မီးသတ္တပ္ဖြဲ႔မွ အမ်ိဳးသမီးအရာရွိ တစ္ဦးက ေျပာသည္။

ဧၿပီလ (၃၀) ရက္ေန႔ နံနက္ (၃) နာရီခန္႔တြင္ မိလႅာတြင္းအတြင္း အမ်ိဳးသမီးအေလာင္း ေတြ႔ရွိရေၾကာင္း အဆိုပါေနအိမ္မွ အေၾကာင္းၾကားလာသျဖင့္ မီးသတ္တပ္ဖြဲ႕က နံနက္ (၅) နာရီခန္႔တြင္ ဆယ္တင္ ေပးႏိုင္ခဲ့ျခင္း ျဖစ္ၿပီး အဆိုပါ ေသဆံုးေနသည့္ အမ်ိဳးသမီး၏ လည္ပင္းတြင္ ဓားဒဏ္ရာကိုလည္း ေတြ႔ရေၾကာင္း သိရသည္။

ဆယ္ယူရရိွသည့္ အေလာင္းအား လားရိႈးၿမိဳ႕မီးသတ္တပ္ဖြဲ႔က ျပည္သူ႔ေဆးရံုႀကီးသို႔ ပို႔ေဆာင္ေပးထားၿပီး ရဲတပ္ဖြဲ႕က စံုစမ္းစစ္ေဆးမႈမ်ား ဆက္လက္လုပ္ေဆာင္ေနေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~
လားရှိုးတွင် မိလ္လာတွင်း အတွင်းမှ အမျိုးသမီး အလောင်းတွေ့ရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရပ်ကွက် (၁၂)၊ နယ်မြေ (၇) တွင် ဧပြီလ (၃၀) ရက်နေ့ နံနက်အစောပိုင်းက အသက် (၄၀) အရွယ်အမျိုးသမီးတစ်ဦး၏ အလောင်းအား မိလ္လာတွင်း အတွင်းမှ တွေ့ရှိရကြောင်း လားရှိုးမြို့ မြို့နယ်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

“ဘာကြောင့်ဖြစ်တယ်။ ဘယ်လိုဖြစ်တယ်ဆိုတာကိုတော့ ကျွန်မတို့လည်း မသိဘူးရှင့်။ ကျွန်မတို့ကို အကြောင်းကြားလာတဲ့ အချိန်မှာ မီးသတ်တပ်ဖွဲ့ဝင်တွေ သွားရောက်ပြီးတော့ ဆယ်တင်ပေးခဲ့တာပါ။ အိမ်အနောက်ဘက် မိလ္လာတွင်းထဲကနေ ဆယ်ခဲ့ပေးတာပါ” ဟု လားရှိုးမြို့မီးသတ်တပ်ဖွဲ့မှ အမျိုးသမီးအရာရှိ တစ်ဦးက ပြောသည်။

ဧပြီလ (၃၀) ရက်နေ့ နံနက် (၃) နာရီခန့်တွင် မိလ္လာတွင်းအတွင်း အမျိုးသမီးအလောင်း တွေ့ရှိရကြောင်း အဆိုပါနေအိမ်မှ အကြောင်းကြားလာသဖြင့် မီးသတ်တပ်ဖွဲ့က နံနက် (၅) နာရီခန့်တွင် ဆယ်တင် ပေးနိုင်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါ သေဆုံးနေသည့် အမျိုးသမီး၏ လည်ပင်းတွင် ဓားဒဏ်ရာကိုလည်း တွေ့ရကြောင်း သိရသည်။

ဆယ်ယူရရှိသည့် အလောင်းအား လားရှိုးမြို့မီးသတ်တပ်ဖွဲ့က ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့် 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~