ေျမာက္ကိုရီးယား ဒံုးလက္နက္စမ္းသပ္မႈ မေအာင္ျမင္ဟု အေမရိကန္ႏွင့္ ေတာင္ကိုရီးယားဆို

ေျမာက္ကိုရီးယား ဒံုးလက္နက္စမ္းသပ္မႈ မေအာင္ျမင္ဟု အေမရိကန္ႏွင့္ ေတာင္ကိုရီးယားဆို
ဧပြီ 16, 2017
By Tachileik News Agency

ေျမာက္ကိုရီးယား၏ ဒံုးလက္နက္စမ္းသပ္မႈ မေအာင္ျမင္ေၾကာင္း အေမရိကန္ႏွင့္ ေတာင္ကိုရီးယားတို႔မွ ကာကြယ္ေရးဌာန အရာရိွမ်ား၏ ေျပာၾကားခ်က္ကို ကိုးကားၿပီး စီအန္အန္သတင္းဌာနတြင္ ေဖာ္ျပထားသည္ကို ေတြ႔ရသည္။

ေျမာက္ကိုရီးယားက ဧၿပီလ (၁၅)ရက္ေန႔က စစ္ေရးျပ အခမ္းအနားျဖင့္ ဒံုးလက္နက္အသစ္တို႔အား ျပသထားၿပီး ေနာက္တစ္ရက္အၾကာတြင္ ယင္းကဲ့သို႔ သတင္းထြက္ေပၚလာျခင္းျဖစ္သည္။

ေျမာက္ကိုရီးယား၏ အေရွ႕ပိုင္းရိွ ဆိပ္ကမ္းၿမိဳ႕ ဆင္ပိုတြင္ ျပဳလုပ္သည့္ ဒံုးစမ္းသပ္ ပစ္လႊတ္မႈမွာ မေအာင္ျမင္ခဲ့ေၾကာင္း ေတာင္ကိုရီးယား ကာကြယ္ေရးဌာန တာဝန္ရိွသူက ေျပာၾကားလိုက္ေၾကာင္း သိရသည္။

အဆိုပါေနရာမွ လြန္ခဲ့သည့္ လပိုင္းအတြင္း ပစ္လႊတ္ခဲ့သည့္ ဒံုးလက္နက္သည္ အေရွ႕ပင္လယ္ဟုေခၚသည့္ ဂ်ပန္ပင္လယ္ျပင္သို႔ က်ေရာက္ခဲ့ျခင္းျဖစ္သည္။

ေျမာက္ကိုရီးယားက ေရတပ္လႈပ္ရွားမႈမ်ားအတြက္ အသံုးျပဳသည့္ ဆင္ပိုသေဘၤာက်င္းတြင္ ဧၿပီလအတြင္း လႈပ္ရွားမႈမ်ား ပိုမိုတိုးျမင့္လာသည္ကို အေမရိကန္ၿဂိဳလ္တုသတင္းမ်ားတြင္ ေတြ႔ေနရသည္ဟု အေမရိကန္အရာရိွမ်ားက ေျပာၾကားထားသည္။

တနဂၤေႏြေန႔က စမ္းသပ္ပစ္လႊတ္သည့္ ဒံုးလက္နက္အမ်ိဳးအစားကို အတည္ျပဳႏုိင္ရန္ အေမရိကန္ႏွင့္ ေတာင္ကိုရီးယားေထာက္လွမ္းေရးအရာရိွမ်ားက ႀကိဳးစားေနၾကၿပီး ကနဦးသတင္းမ်ားအရ တာလတ္ပစ္ဒံုးလက္နက္ ျဖစ္ႏုိင္ဖြယ္ရိွသည္ဟု သံုးသပ္ထားၾကသည္။

“သမၼတနဲ႔ သူ႔ရဲ႕စစ္ေရးတပ္ဖြဲ႕ကလည္း ေျမာက္ကိုရီးယားရဲ႕ မၾကာခင္က ဒံုးပစ္လႊတ္မႈ မေအာင္ျမင္တာကို သတိထားမိၾကပါတယ္။ သမၼတကေတာ့ ဒါနဲ႔ပတ္သက္လို႔ မွတ္ခ်က္ေပးထားျခင္းမရိွပါဘူး”ဟု အေမရိကန္ ဒုတိယသမၼတ မုိက္ပန့္စ္၏ ေတာင္ကိုရီးယားခရီးစဥ္အတြင္း ဆိုးလ္ၿမိဳ႕တြင္ အဆိုပါကိစၥႏွင့္ပတ္သက္၍ ေျပာၾကားသည္။

ေတာင္ကိုရီးယားအစိုးရအေနျဖင့္ ကိုရီးယားကၽြန္းဆြယ္အပါအဝင္ ႏိုင္ငံတကာလူ႔အဖြဲ႕အစည္းကို ၿခိမ္းေျခာက္မႈအား ရံႈ႕ခ်သည္ဟု ေတာင္ကိုရီးယား ႏုိင္ငံျခားေရးဝန္ႀကီး၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ဒံုးလက္နက္စမ္းသပ္မႈအား အေရွ႕ပိုင္းေဒသစံေတာ္ခ်ိန္ (၅)နာရီ (၂၁)မိနစ္တြင္ လုပ္ေဆာင္ခဲ့ျခင္းျဖစ္ၿပီး ဒံုးလက္နက္သည္ ခ်က္ခ်င္းပင္ ေပါက္ကြဲသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ အဆိုပါ ဒံုးလက္နက္ စမ္းသပ္သည့္ေနရာသည္ ဧၿပီလ (၅)ရက္ေန႔က စမ္းသပ္သည့္ေနရာတြင္ျဖစ္ေၾကာင္း သိရသည္။

လက္နက္ကၽြမ္းက်င္သူမ်ားကလည္း ေျမာက္ကိုရီးယားအေနျဖင့္ အေမရိကန္ျပည္ေထာင္စုအထိ ပစ္ခတ္ႏုိင္သည့္ တိုက္ခ်င္းပစ္ဒံုးလက္နက္အား စမ္းသပ္ႏုိင္ဖြယ္မရိွေသးေၾကာင္း ခန္႔မွန္းထားၾကသည္။
အဆိုပါကိစၥႏွင့္ပတ္သက္၍ ေျမာက္ကိုရီးယား ၿမိဳ႕ေတာ္ ၿပံဳယမ္းမွ ႏိုင္ငံပိုင္မီဒီယာတြင္ သတင္းထုတ္ျပန္ျခင္းမရိွေၾကာင္း သိရသည္။

ဘာသာျပန္ - ခ်ယ္ရီထိုက္
Ref; CNN


~~~~~~~~⊰❂ unicode ~~~~~~~~
မြောက်ကိုရီးယား၏ ဒုံးလက်နက်စမ်းသပ်မှု မအောင်မြင်ကြောင်း အမေရိကန်နှင့် တောင်ကိုရီးယားတို့မှ ကာကွယ်ရေးဌာန အရာရှိများ၏ ပြောကြားချက်ကို ကိုးကားပြီး စီအန်အန်သတင်းဌာနတွင် ဖော်ပြထားသည်ကို တွေ့ရသည်။

မြောက်ကိုရီးယားက ဧပြီလ (၁၅)ရက်နေ့က စစ်ရေးပြ အခမ်းအနားဖြင့် ဒုံးလက်နက်အသစ်တို့အား ပြသထားပြီး နောက်တစ်ရက်အကြာတွင် ယင်းကဲ့သို့ သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။

မြောက်ကိုရီးယား၏ အရှေ့ပိုင်းရှိ ဆိပ်ကမ်းမြို့ ဆင်ပိုတွင် ပြုလုပ်သည့် ဒုံးစမ်းသပ် ပစ်လွှတ်မှုမှာ မအောင်မြင်ခဲ့ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဌာန တာဝန်ရှိသူက ပြောကြားလိုက်ကြောင်း သိရသည်။

အဆိုပါနေရာမှ လွန်ခဲ့သည့် လပိုင်းအတွင်း ပစ်လွှတ်ခဲ့သည့် ဒုံးလက်နက်သည် အရှေ့ပင်လယ်ဟုခေါ်သည့် ဂျပန်ပင်လယ်ပြင်သို့ ကျရောက်ခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယားက ရေတပ်လှုပ်ရှားမှုများအတွက် အသုံးပြုသည့် ဆင်ပိုသင်္ဘောကျင်းတွင် ဧပြီလအတွင်း လှုပ်ရှားမှုများ ပိုမိုတိုးမြင့်လာသည်ကို အမေရိကန်ဂြိုလ်တုသတင်းများတွင် တွေ့နေရသည်ဟု အမေရိကန်အရာရှိများက ပြောကြားထားသည်။

တနင်္ဂေနွနေ့က စမ်းသပ်ပစ်လွှတ်သည့် ဒုံးလက်နက်အမျိုးအစားကို အတည်ပြုနိုင်ရန် အမေရိကန်နှင့် တောင်ကိုရီးယားထောက်လှမ်းရေးအရာရှိများက ကြိုးစားနကြပြေီး ကနဦးသတင်းများအရ တာလတ်ပစ်ဒုံးလက်နက် ဖြစ်နိုင်ဖွယ်ရှိသည်ဟု သုံးသပ်ထားကြသည်။

“သမ္မတနဲ့ သူ့ရဲ့စစ်ရေးတပ်ဖွဲ့ကလည်း မြောက်ကိုရီးယားရဲ့ မကြာခင်က ဒုံးပစ်လွှတ်မှု မအောင်မြင်တာကို သတိထားမိကြပါတယ်။ သမ္မတကတော့ ဒါနဲ့ပတ်သက်လို့ မှတ်ချက်ပေးထားခြင်းမရှိပါဘူး”ဟု အမေရိကန် ဒုတိယသမ္မတ မိုက်ပန့်စ်၏ တောင်ကိုရီးယားခရီးစဉ်အတွင်း ဆိုးလ်မြို့တွင် အဆိုပါကိစ္စနှင့်ပတ်သက်၍ ပြောကြားသည်။

တောင်ကိုရီးယားအစိုးရအနဖြေင့် ကိုရီးယားကျွန်းဆွယ်အပါအဝင် နိုင်ငံတကာလူ့အဖွဲ့အစည်းကို ခြိမ်းခြောက်မှုအား ရှုံ့ချသည်ဟု တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒုံးလက်နက်စမ်းသပ်မှုအား အရှေ့ပိုင်းဒေသစံတော်ချိန် (၅)နာရီ (၂၁)မိနစ်တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဒုံးလက်နက်သည် ချက်ချင်းပင် ပေါက်ကွဲသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ဒုံးလက်နက် စမ်းသပ်သည့်နေရာသည် ဧပြီလ (၅)ရက်နေ့က စမ်းသပ်သည့်နေရာတွင်ဖြစ်ကြောင်း သိရသည်။

လက်နက်ကျွမ်းကျင်သူများကလည်း မြောက်ကိုရီးယားအနဖြေင့် အမေရိကန်ပြည်ထောင်စုအထိ ပစ်ခတ်နိုင်သည့် တိုက်ချင်းပစ်ဒုံးလက်နက်အား စမ်းသပ်နိုင်ဖွယ်မရှိသေးကြောင်း ခန့်မှန်းထားကြသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ မြောက်ကိုရီးယား မြို့တော် ပြုံယမ်းမှ နိုင်ငံပိုင်မီဒီယာတွင် သတင်းထုတ်ပြန်ခြင်းမရှိကြောင်း သိရသည်။

ဘာသာပြန် - ချယ်ရီထိုက်
Ref; CNN

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~