ေတာင္တြင္းႀကီးၿမိဳ႕ရိွ ဗိုလ္ခ်ဳပ္ရုပ္တုပုခံုးေပၚသို႔ တက္ရပ္ေနသူမွာ စိတ္ေဝဒနာရွင္တစ္ဦးျဖစ္ေနဟု ဆို

ေတာင္တြင္းႀကီးၿမိဳ႕ရိွ ဗိုလ္ခ်ဳပ္ရုပ္တုပုခံုးေပၚသို႔ တက္ရပ္ေနသူမွာ စိတ္ေဝဒနာရွင္တစ္ဦးျဖစ္ေနဟု ဆို
ဧပြီ 7, 2017
By Tachileik News Agency

မေကြးတိုင္းေဒသႀကီး၊ ေတာင္တြင္းႀကီးၿမိဳ႕၊ ၿမိဳ႕လယ္လမ္းဆံု အာဇာနည္ရင္ျပင္အတြင္း႐ွိ ဗိုလ္ခ်ဳပ္ ေအာင္ဆန္း ပံုတူေၾကး႐ုပ္တု၏ ပုခံုးအထက္သို႔တက္၍ မတ္တပ္ရပ္ေနသူတစ္ဦးအား ယေန႔ ဧၿပီလ(၇) ရက္ေန႔ နံနက္ (၉) နာရီအခ်ိန္ခန္႔က ေတာင္တြင္းႀကီးၿမိဳ႕ရဲတပ္ဖြဲ႔ႏွင္႔ ေဒသခံျပည္သူမ်ားက ဝိုင္းဝန္းဖမ္းဆီး ထိန္းသိမ္းလိုက္ရေၾကာင္း ေတာင္တြင္းႀကီးၿမိဳ႕မရဲစခန္းမွ သိရသည္။

“ဗိုလ္ခ်ဳပ္ရုပ္တုရဲ႕ ပုခံုးေပၚတက္ရပ္ေနလို႔ ေအာက္ကိုဆင္းဖို႔ ဝါးလံုးနဲ႔ထိုးေျခာက္ေတာ႔ ဗိုလ္ခ်ဳပ္ကိုရိုက္ေနၾကၿပီဗ်ိဳ႕လို႔ေအာ္တယ္။ သူ႔လက္ထဲမွာ ဗလာစာအုပ္ဆိုဒ္ရိွတဲ႔ ကတၱဴဖံုး စာအုပ္တစ္အုပ္ပါတယ္။ အဲဒါကို ေတာ႔ အလြတ္မခံေအာင္ဆုပ္ကိုင္ထားတယ္ဗ်”ဟု ၿမိဳ႕ခံတစ္ဦးကေျပာသည္။

အဆိုပါ ဗိုလ္ခ်ဳပ္ေၾကး႐ုပ္တုေပၚတက္ရပ္ခဲ့သူမွာ ဆင္ေပါင္ဝဲၿမိဳ႕နယ္ ေညာင္ေျခေထာက္ေက်းရြာမွ မ်ိဳးမင္းႏိုင္ ျဖစ္ေၾကာင္းသိရၿပီး၊ စိတ္ေဝဒနာရွင္တစ္ဦးျဖစ္ေၾကာင္းလည္းသိရသည္။

“သူေနထိုင္တဲ႔ ေညာင္ေျခေထာက္ေက်းရြာက သူ႔မိဘေတြနဲ႔ အုပ္ခ်ဳပ္ေရးပိုင္းကလူႀကီးေတြကို အေၾကာင္းၾကားၿပီး ေမးျမန္းတဲ႔အခါ လားရိွဴးဘက္ကို အလုပ္သြားလုပ္ရာက ငွက္ဖ်ားမိလို႔ လြန္ခဲ႔တဲ႔ ၁လခဲြ ေလာက္က ျပန္ေရာက္လာၿပီး စိတ္ကစင့္ကလ်ားျဖစ္ေနတာ။ အိမ္ကေနေပ်ာက္သြားတာ (၂)ရက္ေလာက္ရိွ ၿပီလို႔သိရပါတယ္”ဟု ေတာင္တြင္းႀကီးၿမိဳ႕မရဲစခန္းမွဴး ဒုရဲမွဴး မ်ိဳးျမင္႔ထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာၾကားသည္။

၎၏လ က္ထဲတြင္ ကိုင္ေဆာင္ထားေသာစာအုပ္ထဲ၌ သူငယ္ခ်င္းမ်ားႏွင္႔ မည္သည့္ေနရာတြင္ မည္သို႔အရက္ေသာက္ေၾကာင္း၊ အေမစုကိုခ်စ္ေၾကာင္း၊အေမစုလုပ္ရပ္မ်ား မွန္ကန္ေၾကာင္း ႏွင့္ ၎၏အခ်စ္ ဇာတ္လမ္းမ်ား ေရးထားသည့္စာမ်ားသာ ပါရိွၿပီး မည္သည့္အဖဲြ႔အစည္း၊ ပါတီကမွ ေစခိုင္းသည့္အေထာက္အ ထားမ်ား မေတြ႔ရိွရေၾကာင္း ၎က ဆိုသည္။

အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သက္၍ ထိခိုက္ပ်က္စီးမႈတစ္စံုတရာမရိွဟုသိရၿပီး ၎စိတ္ေဝဒနာရွင္အား မိဘမ်ားမွ လာေရာက္ေခၚေဆာင္ပါက ျပန္လည္အပ္ႏွံေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ဖီးနစ္
ဓာတ္ပံု - ေအာင္ေက်ာ္ေက်ာ္(ေတာင္တြင္းႀကီး)


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၊ မြို့လယ်လမ်းဆုံ အာဇာနည်ရင်ပြင်အတွင်းရှိ ဗိုလ်ချုပ် အောင်ဆန်း ပုံတူကြေးရုပ်တု၏ ပုခုံးအထက်သို့တက်၍ မတ်တပ်ရပ်နေသူတစ်ဦးအား ယနေ့ ဧပြီလ(၇) ရက်နေ့ နံနက် (၉) နာရီအချိန်ခန့်က တောင်တွင်းကြီးမြို့ရဲတပ်ဖွဲ့နှင့် ဒေသခံပြည်သူများက ဝိုင်းဝန်းဖမ်းဆီး ထိန်းသိမ်းလိုက်ရကြောင်း တောင်တွင်းကြီးမြို့မရဲစခန်းမှ သိရသည်။

“ဗိုလ်ချုပ်ရုပ်တုရဲ့ ပုခုံးပေါ်တက်ရပ်နေလို့ အောက်ကိုဆင်းဖို့ ဝါးလုံးနဲ့ထိုးခြောက်တော့ ဗိုလ်ချုပ်ကိုရိုက်နကြပြေီဗျို့လို့အော်တယ်။ သူ့လက်ထဲမှာ ဗလာစာအုပ်ဆိုဒ်ရှိတဲ့ ကတ္တူဖုံး စာအုပ်တစ်အုပ်ပါတယ်။ အဲဒါကို တော့ အလွတ်မခံအောင်ဆုပ်ကိုင်ထားတယ်ဗျ”ဟု မြို့ခံတစ်ဦးကပြောသည်။

အဆိုပါ ဗိုလ်ချုပ်ကြေးရုပ်တုပေါ်တက်ရပ်ခဲ့သူမှာ ဆင်ပေါင်ဝဲမြို့နယ် ညောင်ခြေထောက်ကျေးရွာမှ မျိုးမင်းနိုင် ဖြစ်ကြောင်းသိရပြီး၊ စိတ်ဝေဒနာရှင်တစ်ဦးဖြစ်ကြောင်းလည်းသိရသည်။

“သူနေထိုင်တဲ့ ညောင်ခြေထောက်ကျေးရွာက သူ့မိဘတွေနဲ့ အုပ်ချုပ်ရေးပိုင်းကလူကြီးတွေကို အကြောင်းကြားပြီး မေးမြန်းတဲ့အခါ လားရှိူးဘက်ကို အလုပ်သွားလုပ်ရာက ငှက်ဖျားမိလို့ လွန်ခဲ့တဲ့ ၁လခွဲ လောက်က ပြန်ရောက်လာပြီး စိတ်ကစင့်ကလျားဖြစ်နေတာ။ အိမ်ကနေပျောက်သွားတာ (၂)ရက်လောက်ရှိ ပြီလို့သိရပါတယ်”ဟု တောင်တွင်းကြီးမြို့မရဲစခန်းမှူး ဒုရဲမှူး မျိုးမြင့်ထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောကြားသည်။

၎င်း၏လ က်ထဲတွင် ကိုင်ဆောင်ထားသောစာအုပ်ထဲ၌ သူငယ်ချင်းများနှင့် မည်သည့်နေရာတွင် မည်သို့အရက်သောက်ကြောင်း၊ အမေစုကိုချစ်ကြောင်း၊အမေစုလုပ်ရပ်များ မှန်ကန်ကြောင်း နှင့်၎င်း၏အချစ် ဇာတ်လမ်းများ ရေးထားသည့်စာများသာ ပါရှိပြီး မည်သည့်အဖွဲ့အစည်း၊ ပါတီကမှ စေခိုင်းသည့်အထောက်အ ထားများ မတွေ့ရှိရကြောင်း၎င်းက ဆိုသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ထိခိုက်ပျက်စီးမှုတစ်စုံတရာမရှိဟုသိရပြီး၎င်းစိတ်ဝေဒနာရှင်အား မိဘများမှ လာရောက်ခေါ်ဆောင်ပါက ပြန်လည်အပ်နှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဖီးနစ်
ဓာတ်ပုံ - အောင်ကျော်ကျော်(တောင်တွင်းကြီး)

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~