ေတာင္ႀကီးၿမိဳ႕မွ အေဝးေျပးယာဥ္လိုင္းမ်ား ဧၿပီလ (၁၀)မွ ဧၿပီလ (၁၇)ရက္ေန႔အထိ ရပ္နားမည္

ေတာင္ႀကီးၿမိဳ႕မွ အေဝးေျပးယာဥ္လိုင္းမ်ား ဧၿပီလ (၁၀)မွ ဧၿပီလ (၁၇)ရက္ေန႔အထိ ရပ္နားမည္
ဧပြီ 7, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ေတာင္ပိုင္း ေတာင္ႀကီးၿမိဳ႕မွ အေဝးေျပးယာဥ္လိုင္းမ်ား ဧၿပီလ (၁၀)ရက္ေန႔ ဧၿပီလ (၁၇)ရက္ေန႔အထိ သႀကၤန္ကာလ ယာဥ္လုိင္းေျပးဆြဲျခင္း ရပ္နားမည္ျဖစ္ေၾကာင္း သိရသည္။

“ဂိတ္ေတြအားလံုးက (၁၀) ရက္ေန႔ကစၿပီး လိုင္းမဆြဲေတာ့ဘူးဆိုၿပီး စာတင္ထားပါတယ္။ ႏွစ္ဆန္း (၂) ရက္ေန႔မွာ စဆြဲမွာပါ။ လိုင္းအားလံုးက (၁၇) ရက္ေန႔အထိ ပိတ္ပါတယ္။ သႀကၤန္တြင္း ေျပးဆြဲတာေတြ မရွိဘူး။ (၁၈) ရက္ေန႔မွ စဖြင့္မွာပါ။ ဒီၾကားထဲမွာဆြဲရင္လည္း နားလည္မႈနဲ႕ဆြဲတာမ်ားတယ္။ တရား၀င္ကေတာ့ စာတင္တယ္။ တကယ္လို႔ ေျပးဆြဲေနတာဆိုရင္လည္း ေအာ္ဒါလိုက္တာေတြပဲ ရွိပါတယ္”ဟု ပို႕ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဦးစီးဌာနမွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။

အေဝးေျပးယာဥ္လိုင္းမ်ား ရပ္နားထားေသာ္လည္း ၿမိဳ႕တြင္းခရီးသည္တင္ကားမ်ားမွာ ပံုမွန္ေျပးဆြဲေနသည့္ ယာဥ္စီးခ ႏႈန္းထားျဖင့္ ဆက္လက္ေျပးဆြဲသြားမည္ျဖစ္ေၾကာင္း ေမာ္ေတာ္ယာဥ္လိုင္း ေပါင္းစံု ႀကီးၾကပ္ထိန္းသိမ္းေရးေကာ္မတီမွ သိရသည္။

“သၾကၤန္တြင္း ယာဥ္စီးခကေတာ့ေျပာင္းလဲမႈမရွိပါဘူး။ ဒီအတိုင္းပါပဲ။ ၿမိဳ႕ပတ္ကားေတြက ေတာင္ႀကီးထဲမွာပဲဆိုရင္ တစ္ေယာက္ (၂၀၀) ၊ ေအးသာယာဆိုရင္ေတာ့ (၃၀၀)၊ (၄၀၀) ပါ။ သၾကၤန္တြင္းဆိုၿပီး ခြဲျခားသတ္မွတ္ ထားတာမရွိပါဘူး။ ဒါေပမဲ့ သၾကၤန္တြင္းဆိုရင္ ကားဆြဲတာ သိပ္မရွိၾကဘူး။ တကယ္လို႕ လိုင္းဆြဲမယ္ဆိုရင္လည္း ေျပးဆြဲေနက် သတ္မွတ္ထားတဲ့ ေစ်းႏႈန္းထက္ပိုမေတာင္းရပါဘူး။ ခြင့္လဲမျပဳပါဘူး”ဟု ေမာ္ေတာ္ယာဥ္လိုင္းေပါင္းစံု ႀကီးၾကပ္ထိန္းသိမ္းေရး ေကာ္မတီ ဥကၠဌ ဦးသန္းေက်ာ္ က ေျပာသည္။

ေတာင္ႀကီးၿမိဳ႕တြင္ ၿမိဳ႕ပတ္ကား အစီးေရေပါင္း (၄၀)ရိွၿပီး အေ၀းေျပးယာဥ္လိုင္းဂိတ္ေပါင္း (၈၈) သင္း ရွိေၾကာင္း သိရသည္။

သတင္း - ႏိုႏို


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့မှ အဝေးပြေးယာဉ်လိုင်းများ ဧပြီလ (၁၀)ရက်နေ့ ဧပြီလ (၁၇)ရက်နေ့အထိ သင်္ကြန်ကာလ ယာဉ်လိုင်းပြေးဆွဲခြင်း ရပ်နားမည်ဖြစ်ကြောင်း သိရသည်။

“ဂိတ်တွေအားလုံးက (၁၀) ရက်နေ့ကစပြီး လိုင်းမဆွဲတော့ဘူးဆိုပြီး စာတင်ထားပါတယ်။ နှစ်ဆန်း (၂) ရက်နေ့မှာ စဆွဲမှာပါ။ လိုင်းအားလုံးက (၁၇) ရက်နေ့အထိ ပိတ်ပါတယ်။ သင်္ကြန်တွင်း ပြေးဆွဲတာတွေ မရှိဘူး။ (၁၈) ရက်နေ့မှ စဖွင့်မှာပါ။ ဒီကြားထဲမှာဆွဲရင်လည်း နားလည်မှုနဲ့ဆွဲတာများတယ်။ တရားဝင်ကတော့ စာတင်တယ်။ တကယ်လို့ ပြေးဆွဲနေတာဆိုရင်လည်း အော်ဒါလိုက်တာတွေပဲ ရှိပါတယ်”ဟု ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဝေးပြေးယာဉ်လိုင်းများ ရပ်နားထားသော်လည်း မြို့တွင်းခရီးသည်တင်ကားများမှာ ပုံမှန်ပြေးဆွဲနေသည့် ယာဉ်စီးခ နှုန်းထားဖြင့် ဆက်လက်ပြေးဆွဲသွားမည်ဖြစ်ကြောင်း မော်တော်ယာဉ်လိုင်း ပေါင်းစုံ ကြီးကြပ်ထိန်းသိမ်းရေးကော်မတီမှ သိရသည်။

“သင်္ကြန်တွင်း ယာဉ်စီးခကတော့ပြောင်းလဲမှုမရှိပါဘူး။ ဒီအတိုင်းပါပဲ။ မြို့ပတ်ကားတွေက တောင်ကြီးထဲမှာပဲဆိုရင် တစ်ယောက် (၂၀၀)၊ အေးသာယာဆိုရင်တော့ (၃၀၀)၊ (၄၀၀) ပါ။ သင်္ကြန်တွင်းဆိုပြီး ခွဲခြားသတ်မှတ် ထားတာမရှိပါဘူး။ ဒါပေမဲ့ သင်္ကြန်တွင်းဆိုရင် ကားဆွဲတာ သိပ်မရှိကြဘူး။ တကယ်လို့ လိုင်းဆွဲမယ်ဆိုရင်လည်း ပြေးဆွဲနေကျ သတ်မှတ်ထားတဲ့ ဈေးနှုန်းထက်ပိုမတောင်းရပါဘူး။ ခွင့်လဲမပြုပါဘူး”ဟု မော်တော်ယာဉ်လိုင်းပေါင်းစုံ ကြီးကြပ်ထိန်းသိမ်းရေး ကော်မတီ ဥက္ကဌ ဦးသန်းကျော် က ပြောသည်။

တောင်ကြီးမြို့တွင် မြို့ပတ်ကား အစီးရေပေါင်း (၄၀)ရှိပြီး အေဝးပြေးယာဉ်လိုင်းဂိတ်ပေါင်း (၈၈) သင်း ရှိကြောင်း သိရသည်။

သတင်း - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~