တာချီလိတ် မဟာသင်္ကြန် ပိတ်ပွဲ နှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ

တာချီလိတ် မဟာသင်္ကြန် ပိတ်ပွဲ နှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ
ဧပွီ 16, 2017
By Tachileik News Agency


ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းက နှစ်သစ် ကြိုဆို နှုတ်ခွန်းဆက် စကားပြောကြားပြီး၊ ဆုရယိမ်းအဖွဲ့များက ပြန်လည်ဖျော်ဖြေကာ ယိမ်းပြိုင်ပွဲများတွင် ပထမဆုရ မြန်မာနိုင်ငံသဘင်ပညာရှင်များအစည်းအရုံး(တာချီလိတ်)ကိုယ်စားပြုယိမ်းအဖွဲ့ ကို လည်းကောင်း၊ ဒုတိယဆုရ ဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ကိုယ်စားပြု ယိမ်းအမှတ် (၁) ကို လည်းကောင်း၊ တတိယဆုများ ရရှိသည့် တာလေမြို့ ကိုယ်စားပြုယိမ်းအဖွဲ့နှင့် အမှတ်(၅၂၆) ခြေမြန်တပ်ရင်းကိုယ်စားပြု ယိမ်းအဖွဲ့တို့အား လည်းကောင်း၊ ၁၃၇၈ခုနှစ်၊ တာချီလိတ်မြို့ သင်္ကြန်မယ် အဖြစ် ရွေးချယ်ခြင်းခံရသည့် မယ်ခေါင်ရပ်ကွက်မှ ရှမ်းတိုင်းရင်းသူ နန်းဆုခမ်း အား လည်းကောင်း တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးသည်။

ယင်းနောက် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ က တာချီလိတ်မြို့ ဗဟိုမဏ္ဍပ်အား ပိတ်သိမ်းကြောင်း ကြေငြာပြီး၊ ယိမ်းအဖွဲ့များက မြနန္ဒာ သင်္ကြန်တေးသီချင်းဖြင့် သီဆိုကပြ ပိတ်သိမ်းပေးသည်။


သတင်း - ဝေယံလင်း
ဓာတ်ပုံ - ယာဆေး



~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်း နှစ်နိုင်ငံ နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်မြို့တွင် ကျင်းပပြုလုပ်သည့် ၁၃၇၈ခုနှစ်မြန်မာ့ရိုးရာမဟာသင်္ကြန်ဗဟိုမဏ္ဍပ် ပိတ်ပွဲအခမ်းအနားကို ယနေ့ မဟာသင်္ကြန် အတက်နေ့ ဧပြီ ၁၆ ရက်၊ ညနေ(၄)နာရီက ရှမ်းရိုးမကွင်းရှိ ဗဟိုမဏ္ဍပ်တွင် ကျင်းပပြုလုပ်ကြောင်းသိရသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းက နှစ်သစ် ကြိုဆို နှုတ်ခွန်းဆက် စကားပြောကြားပြီး၊ ဆုရယိမ်းအဖွဲ့များက ပြန်လည်ဖျော်ဖြေကာ ယိမ်းပြိုင်ပွဲများတွင် ပထမဆုရ မြန်မာနိုင်ငံသဘင်ပညာရှင်များအစည်းအရုံး(တာချီလိတ်)ကိုယ်စားပြုယိမ်းအဖွဲ့ ကို လည်းကောင်း၊ ဒုတိယဆုရ ဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ကိုယ်စားပြု ယိမ်းအမှတ် (၁) ကို လည်းကောင်း၊ တတိယဆုများ ရရှိသည့် တာလမြေို့ ကိုယ်စားပြုယိမ်းအဖွဲ့နှင့် အမှတ်(၅၂၆) ခြမြေန်တပ်ရင်းကိုယ်စားပြု ယိမ်းအဖွဲ့တို့အား လည်းကောင်း၊ ၁၃၇၈ခုနှစ်၊ တာချီလိတ်မြို့ သင်္ကြန်မယ် အဖြစ် ရွေးချယ်ခြင်းခံရသည့် မယ်ခေါင်ရပ်ကွက်မှ ရှမ်းတိုင်းရင်းသူ နန်းဆုခမ်း အား လည်းကောင်း တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးသည်။

ယင်းနောက် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ က တာချီလိတ်မြို့ ဗဟိုမဏ္ဍပ်အား ပိတ်သိမ်းကြောင်း ကြငြောပြီး၊ ယိမ်းအဖွဲ့များက မြနန္ဒါ သင်္ကြန်တေးသီချင်းဖြင့် သီဆိုကပြ ပိတ်သိမ်းပေးသည်။

အဆိုပါ မဟာသင်္ကြန်ကာလ ယိမ်းပြိုင်ပွဲများတွင် ယိမ်းအဖွဲ့(၁၉)ဖွဲ့ပါဝင်ယှဉ်ပြိုင်ကာ ပထမဆုရ အသင်း အား ငွေကျပ်(၅)သိန်း၊ ဒုတိယဆုရအသင်းအား ငွေကျပ် လေးသိန်း၊ တတိယဆုရအသင်းအား ငွေကျပ် သုံးသိန်းစီ၊ အထူးဆု နှစ်ဆုအား ငွေကျပ် နှစ်သိန်းစီ၊ ယှဉ်ပြိုင်ဆုအဖြစ် ငွေကျပ် တစ်သိန်း နှင့် ထိုင်းဘတ်ငွေ တစ်သောင်းစီကိုလည်းကောင်း၊ သင်္ကြန်မယ်ဆုအား ငွေကျပ် သုံးသိန်း၊ ဒုတိယဆုအား ငွေကျပ် နှစ်သိန်း၊တတိယ ဆုရရှိသူအား ငွေကျပ် တစ်သိန်း အသီးသီးဆုများ ချီးမြှင့်ပေးခြင်းဖြစ်ရာ သင်္ကြန်မယ်ရွေးချယ်ခြင်းကို သုံးနှစ်ဆက် တိုက် ရွေးချယ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

သတင်း -ေဝယံလင်း
ဓာတ်ပုံ - ယာဆေး

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~