မုန္တိုင္းသတိေပးခ်က္ေၾကာင့္ ေရႊစက္ေတာ္ဘုရားပြဲမွ ဆိုင္ခန္းမ်ား လူမ်ား ေရႊ႕ေျပာင္းရန္ သတိေပးခ်က္ထုတ္ျပန္

မုန္တိုင္းသတိေပးခ်က္ေၾကာင့္ ေရႊစက္ေတာ္ဘုရားပြဲမွ ဆိုင္ခန္းမ်ား လူမ်ား ေရႊ႕ေျပာင္းရန္ သတိေပးခ်က္ထုတ္ျပန္
ဧပြီ 16, 2017
By Tachileik News Agency

မေကြးတုိင္းေဒသႀကီး မင္းဘူးၿမိဳ႕ ေရႊစက္ေတာ္ဘုရားပဲြေတာ္ ပိတ္သိမ္းရန္ ႏွစ္ရက္ က်န္ေနေသးေသာ္လည္း ဆိုင္ကလုန္း မုန္တိုင္း မာရသာေၾကာင့္ ေတာင္က်ေခ်ာင္းေရမ်ား က်ေရာက္ လာႏိုင္သည့္ အႏၱရာယ္ကို ႀကိဳတင္ကာကြယ္ေသာအားျဖင္႔ ေရႊ႕ေျပာင္းထားၾကရန္ ဧၿပီလ (၁၆)ရက္ေန႔က သတိေပး ႏိႈးေဆာ္ထားသည္။

ဘုရားပြဲေတာ္ ေရာက္ေနသည့္ ဘုရားဖူးျပည္သူမ်ား မန္းေခ်ာင္းအတြင္းမွ ျပန္လည္ထြက္ခြာၾကရန္ႏွင့္ ဘုရားပဲြ ေစ်းသည္မ်ား၊ တည္းေက်ာင္းမ်ားလည္း ေရႊ႕ေျပာင္းၾကရန္ အသိေပးေၾကညာထားေၾကာင္း ေရႊစက္ေတာ္ဘုရားေဂါပကအဖဲြ႔ထံမွ သိရိွရသည္။

“လက္ရိွအေျခအေနက စိုးရိမ္စရာ မရိွေသးေပမယ့္ ႀကိဳတင္ကာကြယ္တဲ့ အေနနဲ႔ မင္းဘူးခရိုင္ သဘာဝ ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန္႔ခြဲမႈေကာ္မတီက အသိေပး ေၾကညာခ်က္ထုတ္ျပန္လိုက္တာပါ”ဟု ေဂါပကအဖဲြ႔ဝင္တစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

ေရႊစက္ေတာ္ အထက္ပိုင္းရိွ မန္းေခ်ာင္းေရေလွာင္တမံတြင္ လက္ရိွ ေရပမာဏ (၄၉) ရာခိုင္ႏွဳန္းခန္႔သာ သိုေလွာင္ ထားရိွေသာေၾကာင့္ ေနာက္ထပ္္ ထပ္မံ လက္ခံသိုေလွာင္ႏိုင္သည့္ အေနအထားတြင္ ရိွေနသျဖင့္ ေရႊစက္ေတာ္ဘုရား ပြဲေတာ္ကာလအတြင္း ငဖဲမန္းေခ်ာင္း၊ မန္းတမံႏွင့္ပတ္သက္၍ ေရေဘး အႏၲရာယ္ မျဖစ္ေပၚႏိုင္ေသးေၾကာင္း ဆည္တာဝန္ရိွသူ၏ေျပာၾကားခ်က္အရ သိရသည္။

“မန္းေခ်ာင္းေရေလွာင္တမံမွာ ေရဧကေပတစ္သိန္းႏွစ္ေသာင္း သိုေလွာင္ႏိုင္ၿပီး ယခုလက္ရိွ ဧကေပ (၅၁၀၀၀)ခန္႔အထိသာ ေရရိွပါတယ္။ ယခုအခ်ိန္အထိ ထူးျခားစြာ ဆည္ေရမတိုးလာေသးတဲ႔အတြက္ စိုးရိမ္စရာ လံုး၀မရိွပါဘူး”ဟု ဆည္ေျမာင္းဦးစီးမွဴး(ၿမိဳ႕ျပ) ဦးဝင္းေဇာ္ထြန္းက ေျပာသည္။

မုန္တုိင္းသတိေပးခ်က္ ထြက္ေပၚလာၿပီးေနာက္ မန္းစက္ေတာ္ရာဘုရားတြင္ အေရးေပၚစီမံခ်က္တစ္ရပ္ျဖင့္ ေဘးကင္းေရးလုပ္ေဆာင္မႈကုိ ေဂါပကအဖြဲ႕မွ စီစဥ္ေဆာင္ရြက္ေပးလ်က္ရိွေနရာ ဆုိင္ခန္းမ်ား၊ တည္း ေက်ာင္းမ်ား ပိတ္သိမ္းရန္ႏွင့္ ေဘးကင္းရာသို႔ ႀကိဳတင္ေနရာခ်ထားမႈမ်ား ေဆာင္ရြက္ေပးလ်က္ရိွၿပီး ဧၿပီလ (၁၆) ရက္ေန႔ ညပုိင္းအထိ မုိးရြာသြန္းျခင္းရွိေနေသာ္လည္း မန္းေခ်ာင္းေရမွာ ပုံမွန္အတုိင္းသာ ရိွေနေၾကာင္း သိရသည္။

သတင္း - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ ရွှေစက်တော်ဘုရားပွဲတော် ပိတ်သိမ်းရန် နှစ်ရက် ကျန်နေသေးသော်လည်း ဆိုင်ကလုန်း မုန်တိုင်း မာရသာကြောင့် တောင်ကျချောင်းရေများ ကျရောက် လာနိုင်သည့် အန္တရာယ်ကို ကြိုတင်ကာကွယ်သောအားဖြင့် ရွှေ့ပြောင်းထားကြရန် ဧပြီလ (၁၆)ရက်နေ့က သတိပေး နှိုးဆော်ထားသည်။

ဘုရားပွဲတော် ရောက်နေသည့် ဘုရားဖူးပြည်သူများ မန်းချောင်းအတွင်းမှ ပြန်လည်ထွက်ခွာကြရန်နှင့် ဘုရားပွဲ ဈေးသည်များ၊ တည်းကျောင်းများလည်း ရွှေ့ပြောင်းကြရန် အသိပေးကြေညာထားကြောင်း ရွှေစက်တော်ဘုရားဂေါပကအဖွဲ့ထံမှ သိရှိရသည်။

“လက်ရှိအခြေအနေက စိုးရိမ်စရာ မရှိသေးပေမယ့် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ မင်းဘူးခရိုင် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက အသိပေး ကြေညာချက်ထုတ်ပြန်လိုက်တာပါ”ဟု ဂေါပကအဖွဲ့ဝင်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

ရွှေစက်တော် အထက်ပိုင်းရှိ မန်းချောင်းရေလှောင်တမံတွင် လက်ရှိ ရေပမာဏ (၄၉) ရာခိုင်နှုန်းခန့်သာ သိုလှောင် ထားရှိသောကြောင့် နောက်ထပ် ထပ်မံ လက်ခံသိုလှောင်နိုင်သည့် အနေအထားတွင် ရှိနေသဖြင့် ရွှေစက်တော်ဘုရား ပွဲတော်ကာလအတွင်း ငဖဲမန်းချောင်း၊ မန်းတမံနှင့်ပတ်သက်၍ ရေဘေး အန္တရာယ် မဖြစ်ပေါ်နိုင်သေးကြောင်း ဆည်တာဝန်ရှိသူ၏ပြောကြားချက်အရ သိရသည်။

“မန်းချောင်းရေလှောင်တမံမှာ ရေဧကပေတစ်သိန်းနှစ်သောင်း သိုလှောင်နိုင်ပြီး ယခုလက်ရှိ ဧကပေ (၅၁၀၀၀)ခန့်အထိသာ ရေရှိပါတယ်။ ယခုအချိန်အထိ ထူးခြားစွာ ဆည်ရေမတိုးလာသေးတဲ့အတွက် စိုးရိမ်စရာ လုံးဝမရှိပါဘူး”ဟု ဆည်မြောင်းဦးစီးမှူး(မြို့ပြ) ဦးဝင်းဇော်ထွန်းက ပြောသည်။

မုန်တိုင်းသတိပေးချက် ထွက်ပေါ်လာပြီးနောက် မန်းစက်တော်ရာဘုရားတွင် အရေးပေါ်စီမံချက်တစ်ရပ်ဖြင့် ဘေးကင်းရေးလုပ်ဆောင်မှုကို ဂေါပကအဖွဲ့မှ စီစဉ်ဆောင်ရွက်ပေးလျက်ရှိနေရာ ဆိုင်ခန်းများ၊ တည်း ကျောင်းများ ပိတ်သိမ်းရန်နှင့် ဘေးကင်းရာသို့ ကြိုတင်နေရာချထားမှုများ ဆောင်ရွက်ပေးလျက်ရှိပြီး ဧပြီလ (၁၆) ရက်နေ့ ညပိုင်းအထိ မိုးရွာသွန်းခြင်းရှိနေသော်လည်း မန်းချောင်းရေမှာ ပုံမှန်အတိုင်းသာ ရှိနေကြောင်း သိရသည်။

သတင်း - ဖီးနစ် 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~