ယာဥ္အႏၱရာယ္ မၾကာခဏ ျဖစ္ပြားေလ့ရွိသည့္ တာခ်ီလိတ္ၿမိဳ႕ စစ္ဗ်ဴဟာကုန္းလမ္း ႏွင့္ ေဟြခိုက္အေကြ႕လမ္း ေနရာမ်ားအား ပူးေပါင္းအဖြဲ႔ျဖင့္ စစ္ေဆး

ယာဥ္အႏၱရာယ္ မၾကာခဏ ျဖစ္ပြားေလ့ရွိသည့္ တာခ်ီလိတ္ၿမိဳ႕ စစ္ဗ်ဴဟာကုန္းလမ္း ႏွင့္ ေဟြခိုက္အေကြ႕လမ္း ေနရာမ်ားအား ပူးေပါင္းအဖြဲ႔ျဖင့္ စစ္ေဆး
ဧပြီ 4, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ - က်ိဳင္းတုံလမ္းျဖစ္သည့္ တာခ်ီလိတ္စစ္ဗ်ဴဟာကုန္းအနီး ႏွင့္ ေဟြခိုက္ေက်းရြာအေကြ႕လမ္းတို႔တြင္ ယာဥ္မေတာ္ တဆမႈ မၾကာခဏျဖစ္ပြားေလ့ရိွသည့္ အတြက္ ေဘးအႏၱရာယ္ကင္းရွင္းေရး သတိေပး အမွတ္အသားမ်ား လုပ္ေဆာင္ႏုိင္ရန္ ႏွင့္ ယာဥ္တိုက္မႈေၾကာင့္ အသက္ဆံုးရႈံးမႈမ်ား ေလ်ာ့နည္းေစရန္အတြက္ စစ္ေဆးမႈမ်ားကို ဧၿပီလ (၄)ရက္ေန႔က ပူးေပါင္းအဖြဲ႔ျဖင့္ လုပ္ေဆာင္ေနေၾကာင္း သိရသည္။

အဆိုပါ လမ္း၌ လမ္းညႊန္အမွတ္္အသားထားရန္၊ အလယ္မ်ဥ္းျဖဴေရးဆြဲရန္ႏွင့္ ဗ်ဴဟာကုန္းအဆင္းတြင္ လွ်ပ္စစ္မီးလင္းရန္တို႔ကို လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ - က်ိဳင္းတံုလမ္းပိုင္းမွ တာခ်ီလိတ္စစ္ဗ်ဴဟာကုန္းဆင္းအနီးႏွင့္ ေဟြခိုက္ေက်းရြာအနီးတို႔တြင္ ယာဥ္မေတာ္တဆမႈ မၾကာခဏျဖစ္ပြားသျဖင့္ တာခ်ီလိတ္ခ႐ိုင္ကုန္းလမ္းပို႔ေဆာင္ေရး ၫႊန္ၾကားေရးမွဴး ဦးစီးဌာနမွ ခ႐ိုင္ဦးစီးမွဴးဦးေသာင္းျမင့္ႏွင့္ ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနမွ တာ၀န္ရွိသူမ်ား၊ အမွတ္(၁၁၇)ယာဥ္ထိန္းရဲတပ္ဖြဲ႔စု(တာခ်ီလိတ္)မွ ဒုရဲမွဴး ေအာင္ကိုကိုႏွင့္ ယာဥ္ထိန္းရဲတပ္ဖြဲ႔၀င္မ်ား၊  ေဆာက္လုပ္ေရးမွ တာ၀န္ရွိသူမ်ား ႏွင့္ ေသာ္တာ၀င္းကုမၸဏီမွ တာ၀န္ရွိသူမ်ား ပါ၀င္သည့္ ပူးေပါင္းအဖြဲ႔က သြားေရာက္ၾကည့္ရႈ စစ္ေဆးၾကျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ေဇာင္းညီ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ် - ကျိုင်းတုံလမ်းဖြစ်သည့် တာချီလိတ်စစ်ဗျူဟာကုန်းအနီး နှင့် ဟွေခိုက်ကျေးရွာအကွေ့လမ်းတို့တွင် ယာဉ်မတော် တဆမှု မကြာခဏဖြစ်ပွားလေ့ရှိသည့် အတွက် ဘေးအန္တရာယ်ကင်းရှင်းရေး သတိပေး အမှတ်အသားများ လုပ်ဆောင်နိုင်ရန် နှင့် ယာဉ်တိုက်မှုကြောင့် အသက်ဆုံးရှုံးမှုများ လျော့နည်းစေရန်အတွက် စစ်ဆေးမှုများကို ဧပြီလ (၄)ရက်နေ့က ပူးပေါင်းအဖွဲ့ဖြင့် လုပ်ဆောင်နေကြောင်း သိရသည်။

အဆိုပါ လမ်း၌ လမ်းညွှန်အမှတ်အသားထားရန်၊ အလယ်မျဉ်းဖြူရေးဆွဲရန်နှင့် ဗျူဟာကုန်းအဆင်းတွင် လျှပ်စစ်မီးလင်းရန်တို့ကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ် - ကျိုင်းတုံလမ်းပိုင်းမှ တာချီလိတ်စစ်ဗျူဟာကုန်းဆင်းအနီးနှင့် ဟွေခိုက်ကျေးရွာအနီးတို့တွင် ယာဉ်မတော်တဆမှု မကြာခဏဖြစ်ပွားသဖြင့် တာချီလိတ်ခရိုင်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားရေးမှူး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးသောင်းမြင့်နှင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ အမှတ်(၁၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(တာချီလိတ်)မှ ဒုရဲမှူး အောင်ကိုကိုနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ဆောက်လုပ်ရေးမှ တာဝန်ရှိသူများ နှင့် သော်တာဝင်းကုမ္ပဏီမှ တာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့က သွားရောက်ကြည့်ရှု စစ်ဆေးကြခြင်းဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~