ရွမ္းျပည္နယ္တြင္း အက်ဥ္းေထာင္မ်ားတြင္ တီဘီေရာဂါအား ေျခာက္လတစ္ႀကိမ္ စစ္ေဆးေပးမည္

ရွမ္းျပည္နယ္တြင္း အက်ဥ္းေထာင္မ်ားတြင္ တီဘီေရာဂါအား ေျခာက္လတစ္ႀကိမ္ စစ္ေဆးေပးမည္
ဧပြီ 8, 2017
By Tachileik News Agency

ရွမ္းျပည္နယ္မွ အက်ဥ္းေထာင္မ်ားအား တစ္ႏွစ္တစ္ႀကိမ္ တီဘီေရာဂါ စစ္ေဆးေနရာမွ ေျခာက္လတစ္ႀကိမ္ ေျပာင္းလဲ စစ္ေဆးသြားရန္ တီဘီႏွင့္ အနာႀကီးေရာဂါတုိက္ဖ်က္ေရးဌာနက စီစဥ္ေနေၾကာင္း သိရသည္။

“အရင္နွစ္ေတြက တစ္ႏွစ္ တစ္ခါပဲ လုပ္ေပးနိုင္တယ္။ ဒီႏွစ္ေတာ့ ေျခာက္လတစ္ခါ ႀကိဳးစားၿပီးေတာ့ လုပ္ေပးမယ္လို႔ ရည္ရြယ္ထားပါတယ္။ အက်ဥ္းေထာင္ တင္မကဘူး အက်ဥ္းသားေနတဲ့ အလုပ္စခန္းေတြမွာလည္း ဓာတ္မွန္ရိုက္စစ္ေဆးမႈကို ျပဳလုပ္ေပးပါတယ္။ ေထာင္ထဲမွာ သြားေရာက္ စစ္ေဆးဖို႔အတြက္ကို ၃လ ႀကိဳၿပီး အစီအစဥ္ဆြဲရတယ္။ ေထာင္က စည္းကမ္းေတြနဲ႔အညီ စာရင္းအတိအက် ေပးၿပီးေတာ့ ဝင္စစ္ေဆးရပါတယ္။”ဟု တီဘီႏွင့္ အနာႀကီးေရာဂါတိုက္ဖ်က္ေရးဌာနမွ လက္ေထာက္ညြန္ၾကားေရးမွဴး ေဒါက္တာ အိအိေခ်ာက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အက်ဥ္းေထာင္မ်ားတြင္ တီဘီေရာဂါဆိုင္ရာ အသိပညာေပးျခင္းႏွင့္ တီဘီေရာဂါခံစားေနရသူမ်ားအား ေဆးမွန္မွန္ ေသာက္သံုးနိုင္ရန္ စစ္ေဆးမႈမ်ားျပဳလုပ္ေပးျခင္း၊ တီဘီေရာဂါလကၡဏာ ရွိသူမ်ားကို စာရင္း မွတ္တမ္းျပဳစုျခင္းတို႔ကို အက်ဥ္းေထာင္ေဆးရံုမွ တာ၀န္ရွိ သူနာျပဳ၊ ဆရာ၀န္မ်ားက ျပဳလုပ္ေပးေနေၾကာင္း သိရသည္။

အက်ဥ္းေထာင္ေဆးရံုတြင္ တီဘီေရာဂါရိွသူမ်ားအား သီးျခားလူနာေဆာင္တြင္ (၆)လခြဲထားၿပီး ကုသေပးေၾကာင္းသိရသည္။

သတင္း - ႏိုႏို


~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်တွင်း အကျဉ်းထောင်များတွင် တီဘီရောဂါအား ခြောက်လတစ်ကြိမ် စစ်ဆေးပေးမည်


ရှမ်းပြည်နယ်မှ အကျဉ်းထောင်များအား တစ်နှစ်တစ်ကြိမ် တီဘီရောဂါ စစ်ဆေးနေရာမှ ခြောက်လတစ်ကြိမ် ပြောင်းလဲ စစ်ဆေးသွားရန် တီဘီနှင့် အနာကြီးရောဂါတိုက်ဖျက်ရေးဌာနက စီစဉ်နေကြောင်း သိရသည်။

“အရင်နှစ်တွေက တစ်နှစ် တစ်ခါပဲ လုပ်ပေးနိုင်တယ်။ ဒီနှစ်တော့ ခြောက်လတစ်ခါ ကြိုးစားပြီးတော့ လုပ်ပေးမယ်လို့ ရည်ရွယ်ထားပါတယ်။ အကျဉ်းထောင် တင်မကဘူး အကျဉ်းသားနေတဲ့ အလုပ်စခန်းတွေမှာလည်း ဓာတ်မှန်ရိုက်စစ်ဆေးမှုကို ပြုလုပ်ပေးပါတယ်။ ထောင်ထဲမှာ သွားရောက် စစ်ဆေးဖို့အတွက်ကို ၃လ ကြိုပြီး အစီအစဉ်ဆွဲရတယ်။ ထောင်က စည်းကမ်းတွေနဲ့အညီ စာရင်းအတိအကျ ပေးပြီးတော့ ဝင်စစ်ဆေးရပါတယ်။”ဟု တီဘီနှင့် အနာကြီးရောဂါတိုက်ဖျက်ရေးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာ အိအိချောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အကျဉ်းထောင်များတွင် တီဘီရောဂါဆိုင်ရာ အသိပညာပေးခြင်းနှင့် တီဘီရောဂါခံစားနေရသူများအား ဆေးမှန်မှန် သောက်သုံးနိုင်ရန် စစ်ဆေးမှုများပြုလုပ်ပေးခြင်း၊ တီဘီရောဂါလက္ခဏာ ရှိသူများကို စာရင်း မှတ်တမ်းပြုစုခြင်းတို့ကို အကျဉ်းထောင်ဆေးရုံမှ တာဝန်ရှိ သူနာပြု၊ ဆရာဝန်များက ပြုလုပ်ပေးနေကြောင်း သိရသည်။

အကျဉ်းထောင်ဆေးရုံတွင် တီဘီရောဂါရှိသူများအား သီးခြားလူနာဆောင်တွင် (၆)လခွဲထားပြီး ကုသပေးကြောင်းသိရသည်။

သတင်း - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~