ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕ေန႔ အထိမ္းအမွတ္အျဖစ္ ေတာင္ႀကီးၿမိဳ႕တြင္ ေသြးလွဴပြဲ နွင့္ ဘုရားတြင္ သန္႔ရွင္းေရးျပဳလုပ္

ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕ေန႔ အထိမ္းအမွတ္အျဖစ္ ေတာင္ႀကီးၿမိဳ႕တြင္ ေသြးလွဴပြဲ နွင့္ ဘုရားတြင္ သန္႔ရွင္းေရးျပဳလုပ္
ဧပြီ 30, 2017
By Tachileik News Agency

(၇၁)ႀကိမ္ေျမာက္ ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕ေန႔ အထိမ္းအမွတ္အျဖစ္ ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးခရိုင္ မီးသတ္တပ္ဖြဲ႕မွ အင္အား (၂၂၀)ေက်ာ္က ဧၿပီလ (၃၀)ရက္ေန႔တြင္ ေသြးလွဴဒါန္းျခင္းႏွင့္ ေတာင္ႀကီးၿမိဳ႕ စူဠာမဏိဘုရား၌ သန္႔ရွင္းေရးဒါနမ်ား လုပ္ေဆာင္ၾကေၾကာင္း သိရသည္။

ေမလ (၅) ရက္ေန႔တြင္ က်ေရာက္မည့္ (၇၁) ႀကိမ္ေျမာက္ ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕ေန႔ အထိမ္းအမွတ္ အျဖစ္ တစ္ႏုိင္ငံလံုးရိွ ေဒသအသီးသီးမွ မီးသတ္တပ္ဖြဲ႔မ်ားက အထိမ္းအမွတ္လႈပ္ရွားမႈမ်ား လုပ္ေဆာင္ေနၾကျခင္းျဖစ္ေၾကာင္း သိရသည္။

ေတာင္ႀကီးခရိုင္ရွိ မီးသတ္တပ္ဖြဲ႕မွ ဦးေဆာင္၍ ဧၿပီ ၃၀ ရက္ေန႔တြင္ စုေပါင္းေသြးလွဴပြဲ ႏွင့္ သန္႕ရွင္းေရးဒါနမ်ား ျပဳလုပ္ခဲ့ေၾကာင္း ျမန္မာနိုင္ငံမီးသတ္တပ္ဖြဲ႕ ရွမ္းျပည္နယ္မီးသတ္ဦးစီးဌာနမွ သိရသည္။

“မီးသတ္တပ္ဖြဲ႕ေန႔က ေမလ (၅) ရက္ေန႔မွာက်ေရာက္မွာဆိုေတာ့ မီးေဘးလံုျခံဳေရး၊ ပညာေပးေရးတို႔ကို လုပ္ေဆာင္ေနပါတယ္။ နွစ္စဥ္ႏွစ္တိုင္း တစ္နွစ္ထက္တစ္နွစ္ ေသြးလွဴရွင္ေတြပိုတိုးလာတယ္။ လုပ္အားေပး ဒါနေတြလည္း ပိုမ်ားလာပါတယ္။ မီးသတ္လုပ္ငန္းဟာ ျပည္သူေတြအတြက္ ျဖစ္တာေႀကာင့္ ျပည္သူေတြယံုၾကည္အားကိုးတဲ႔ မီးသတ္တပ္ဖြဲ႕ျဖစ္ေအာင္ ကၽြန္ေတာ္တို႔ႀကိဳးစားေနပါတယ္” ဟု ျမန္မာနိုင္ငံမီးသတ္တပ္ဖြဲ႕ ရွမ္းျပည္နယ္မီးသတ္ဦးစီးမွဴး ညြန္ၾကားေရးမွဴး ဦးတင္မင္းက ေျပာသည္။

ရွမ္းျပည္နယ္(ေတာင္ပိုင္း)တြင္ မီးသတ္တပ္ဖြဲ႕ တပ္ရင္းတစ္ခုလွ်င္ တပ္ဖြဲ႕ဝင္ (၅၀၀)ေက်ာ္စီျဖင့္္ မီးသတ္တပ္ဖြဲ႕ဝင္အင္အား စုစုေပါင္း (၇၀၀၀)ေက်ာ္ရိွေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ႏိုႏို


~~~~~~~~⊰❂ unicode ~~~~~~~~
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် တောင်ကြီးမြို့တွင် သွေးလှူပွဲ နှင့် ဘုရားတွင် သန့်ရှင်းရေးပြုလုပ်

(၇၁)ကြိမ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင် မီးသတ်တပ်ဖွဲ့မှ အင်အား (၂၂၀)ကျော်က ဧပြီလ (၃၀)ရက်နေ့တွင် သွေးလှူဒါန်းခြင်းနှင့် တောင်ကြီးမြို့ စူဠာမဏိဘုရား၌ သန့်ရှင်းရေးဒါနများ လုပ်ဆောင်ကြကြောင်း သိရသည်။

မေလ (၅) ရက်နေ့တွင် ကျရောက်မည့် (၇၁) ကြိမ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် အဖြစ် တစ်နိုင်ငံလုံးရှိ ဒေသအသီးသီးမှ မီးသတ်တပ်ဖွဲ့များက အထိမ်းအမှတ်လှုပ်ရှားမှုများ လုပ်ဆောင်နကြခြေင်းဖြစ်ကြောင်း သိရသည်။

တောင်ကြီးခရိုင်ရှိ မီးသတ်တပ်ဖွဲ့မှ ဦးဆောင်၍ ဧပြီ ၃၀ ရက်နေ့တွင် စုပေါင်းသွေးလှူပွဲ နှင့် သန့်ရှင်းရေးဒါနများ ပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ရှမ်းပြည်နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

“မီးသတ်တပ်ဖွဲ့နေ့က မေလ (၅) ရက်နေ့မှာကျရောက်မှာဆိုတော့ မီးဘေးလုံခြုံရေး၊ ပညာပေးရေးတို့ကို လုပ်ဆောင်နေပါတယ်။ နှစ်စဉ်နှစ်တိုင်း တစ်နှစ်ထက်တစ်နှစ် သွေးလှူရှင်တွေပိုတိုးလာတယ်။ လုပ်အားပေး ဒါနတွေလည်း ပိုများလာပါတယ်။ မီးသတ်လုပ်ငန်းဟာ ပြည်သူတွေအတွက် ဖြစ်တာကြောင့် ပြည်သူတွေယုံကြည်အားကိုးတဲ့ မီးသတ်တပ်ဖွဲ့ဖြစ်အောင် ကျွန်တော်တို့ကြိုးစားနေပါတယ်” ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ရှမ်းပြည်နယ်မီးသတ်ဦးစီးမှူး ညွန်ကြားရေးမှူး ဦးတင်မင်းက ပြောသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် မီးသတ်တပ်ဖွဲ့ တပ်ရင်းတစ်ခုလျှင် တပ်ဖွဲ့ဝင် (၅၀၀)ကျော်စီဖြင့် မီးသတ်တပ်ဖွဲ့ဝင်အင်အား စုစုပေါင်း (၇၀၀၀)ကျော်ရှိကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နိုနို 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~