ခဲအပူေပးေဂါက္တံ အပူလြန္ကဲ၍ ဗလီတိုက္တန္းရိွ အလုပ္ခန္း မီးေလာင္မႈျဖစ္ပြား

ခဲအပူေပးေဂါက္တံ အပူလြန္ကဲ၍ ဗလီတိုက္တန္းရိွ အလုပ္ခန္း မီးေလာင္မႈျဖစ္ပြား
ဧပြီ 24, 2017
By Tachileik News Agency

မေကြးတုိင္းေဒသႀကီး၊ မေကြးၿမိဳ႕ ရြာသစ္ပဲြႀကိဳရပ္ကြက္ ျပည္ေတာ္သာလမ္း ဗလီတိုက္တန္းရိွ တံဆိပ္ႏွင့္ ဘေလာက္လုပ္ငန္း ဆိုင္ခန္းတြင္ တံဆိပ္တံုးျပဳလုပ္ရာ၌ အသံုးျပဳသည့္ ခဲတို႔ေဂါက္တံ အပူ လြန္ကဲမွဳေၾကာင့္ ဧၿပီ(၂၄)ရက္ေန႔ နံနက္ပိုင္းက မီးေလာင္မႈျဖစ္ပြားေၾကာင္း သိရသည္။

“ညေန (၅) နာရီအခ်ိန္ေလာက္ကစၿပီး (၇) နာရီခဲြအခ်ိန္ထိ အခ်ိန္ႏွစ္နာရီေလာက္ သံုးစဲြထားတဲ့ ခဲအပူေပးေဂါက္တံကုိ အထပ္သားခင္း အလုပ္စားပဲြေပၚမွာ တင္ထားခဲ႔ၿပီး ေနအိမ္ကို ျပန္သြားခဲ႔တာလို႔ သိရပါတယ္။ အဲဒီမွာ ေဂါက္တံမွာ က်န္ေနတဲ့အပူရိွန္က အထပ္သားခင္းကို စတင္ မီးစဲြေလာင္မႈ ျဖစ္ပြားရတာပါ”ဟု မေကြး ၿမိဳ႕နယ္မီး သတ္ဦးစီးဌာနမွ ၿမိဳ႕နယ္မွဴး ဦးစိုးညြန္႔က တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ေျပာသည္။

မီးေလာင္မႈျဖစ္ပြားရာသို႔ မေကြးၿမိဳ႕နယ္ဒုတိယအုပ္ခ်ဳပ္ေရးမွဴး ဦးဖုန္းလြင္၊ မေကြးၿမိဳ႕မရဲစခန္းမွဴး ဒုရဲမွဴး စိန္ေအာင္ဦးစီး ရဲတပ္ဖဲြ႔ဝင္မ်ား၊ တိုင္းေဒသႀကီးမီးသတ္ဦးစီးဌာန ၫႊန္ၾကားေရးမွဴးဦးစီးသည့္ မီးသတ္တပ္ဖဲြ႔ဝင္(၄၀)ဦး၊ မီးသတ္ယာဥ္(၁၀)စီး၊ရပ္ကြက္အုပ္ခ်ဳပ္ေရးအဖဲြ႔ဝင္မ်ား၊ ရပ္ကြက္သူ၊ ရပ္ကြက္သားမ်ား စုစုေပါင္း အင္အား(၁၀၀) ဦးခန္႔က ဝိုင္းဝန္းၿငႇိမ္းသတ္မႈေၾကာင့္ နံနက္ (၂) နာရီ (၁၅) မိနစ္အခ်ိန္ခန္္႔တြင္ စတင္ေလာင္ကၽြမ္းသည့္မီးမွာ နံနက္ (၂) နာရီ (၂၅) မိနစ္အခ်ိန္တြင္ ၿငိႇမ္းသတ္ႏုိင္ခဲ့ေၾကာင္း သိရသည္။

မီးေလာင္မႈေၾကာင့္ ဆိုင္ခန္းအတြင္းရိွ လုပ္ငန္းသံုးပစၥည္းမ်ားျဖစ္ေသာ Acer အမ်ိဳးအစား(၁၉)လက္မ ေမာ္နီတာ (၁)လံုး၊ တံဆိပ္ အမည္ပံုေဖာ္စက္(၁)လံုး၊ တံဆိပ္တံုးျပဳလုပ္သည့္စက္ (၁)လံုး၊ စုစုေပါင္း တန္ဖိုး က်ပ္သံုးသိန္းခန္႔ ဆံုးရံႈးသြားသည္ဟု မီးသတ္ဦးစီးဌာနက ခန္႔မွန္းတြက္ခ်က္ထားသည္။

အဆိုပါ မီးေလာင္မႈႏွင့္ ပတ္သက္၍ မီးေပါ့ဆစြာ အသံုးျပဳသူ ဦးသန္းထြန္းေအာင္ အား မေကြးၿမိဳ႕မ ရဲစခန္းတြင္ (ပ)၂၃၆/၂၀၁၇၊ရာဇသတ္ႀကီးပုဒ္မ ၂၈၅ ျဖင္႔ အမႈဖြင္႔အေရးယူ ေဆာင္ရြက္လ်က္ရိွေၾကာင္း သိရသည္။

သတင္း - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

ခဲအပူပေးဂေါက်တံ အပူလွန်ကဲ၍ ဗလီတိုက်တန်းရှိ အလုပ်ခန်း မီးလောင်မှုဖြစ်ပွား
.............

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ ရွာသစ်ပွဲကြိုရပ်ကွက် ပြည်တော်သာလမ်း ဗလီတိုက်တန်းရှိ တံဆိပ်နှင့် ဘလောက်လုပ်ငန်း ဆိုင်ခန်းတွင် တံဆိပ်တုံးပြုလုပ်ရာ၌ အသုံးပြုသည့် ခဲတို့ဂေါက်တံ အပူ လွန်ကဲမှုကြောင့် ဧပြီ(၂၄)ရက်နေ့ နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

“ညနေ (၅) နာရီအချိန်လောက်ကစပြီး (၇) နာရီခွဲအချိန်ထိ အချိန်နှစ်နာရီလောက် သုံးစွဲထားတဲ့ ခဲအပူပေးဂေါက်တံကို အထပ်သားခင်း အလုပ်စားပွဲပေါ်မှာ တင်ထားခဲ့ပြီး နေအိမ်ကို ပြန်သွားခဲ့တာလို့ သိရပါတယ်။ အဲဒီမှာ ဂေါက်တံမှာ ကျန်နေတဲ့အပူရှိန်က အထပ်သားခင်းကို စတင် မီးစွဲလောင်မှု ဖြစ်ပွားရတာပါ”ဟု မကွေး မြို့နယ်မီး သတ်ဦးစီးဌာနမှ မြို့နယ်မှူး ဦးစိုးညွန့်က တာချီလိတ်သတင်း အေဂျင်စီသို့ပြောသည်။

မီးလောင်မှုဖြစ်ပွားရာသို့ မကွေးမြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးဖုန်းလွင်၊ မကွေးမြို့မရဲစခန်းမှူး ဒုရဲမှူး စိန်အောင်ဦးစီး ရဲတပ်ဖွဲ့ဝင်များ၊ တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးဦးစီးသည့် မီးသတ်တပ်ဖွဲ့ဝင်(၄၀)ဦး၊ မီးသတ်ယာဉ်(၁၀)စီး၊ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်သူ၊ ရပ်ကွက်သားများ စုစုပေါင်း အင်အား(၁၀၀) ဦးခန့်က ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် နံနက် (၂) နာရီ (၁၅) မိနစ်အချိန်ခန့်တွင် စတင်လောင်ကျွမ်းသည့်မီးမှာ နံနက် (၂) နာရီ (၂၅) မိနစ်အချိန်တွင် ငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် ဆိုင်ခန်းအတွင်းရှိ လုပ်ငန်းသုံးပစ္စည်းများဖြစ်သော Acer အမျိုးအစား(၁၉)လက်မ မော်နီတာ (၁)လုံး၊ တံဆိပ် အမည်ပုံဖော်စက်(၁)လုံး၊ တံဆိပ်တုံးပြုလုပ်သည့်စက် (၁)လုံး၊ စုစုပေါင်း တန်ဖိုး ကျပ်သုံးသိန်းခန့် ဆုံးရှုံးသွားသည်ဟု မီးသတ်ဦးစီးဌာနက ခန့်မှန်းတွက်ချက်ထားသည်။

အဆိုပါ မီးလောင်မှုနှင့် ပတ်သက်၍ မီးပေါ့ဆစွာ အသုံးပြုသူ ဦးသန်းထွန်းအောင် အား မကွေးမြို့မ ရဲစခန်းတွင် (ပ)၂၃၆/၂၀၁၇၊ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း - #ဖီးနစ် 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~