ဆိုင်ကလုန်းမုန်တိုင်းဖြတ်ကျော်စဉ် ကမ်းရိုးတန်းဒေသအချို့တွင် မုန်တိုင်းဒီရေ(၆)ပေခန့်အထိ မြင့်တက်နိုင်

ဆိုင်ကလုန်းမုန်တိုင်းဖြတ်ကျော်စဉ် ကမ်းရိုးတန်းဒေသအချို့တွင် မုန်တိုင်းဒီရေ(၆)ပေခန့်အထိ မြင့်တက်နိုင်
ဧပွီ 16, 2017
By Tachileik News Agency
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် ပုသိမ်မြို့၏ အနောက်၊ အနောက်မြောက်ဘက် (၁၀၅)မိုင်ခန့်၊ ဂွမြို့၏ အနောက် အနောက်တောင်ဘက် (၉၅) မိုင်ခန့်၊ သံတွဲမြို့၏ အနောက်တောင်ဘက် (၁၀၅)မိုင်ခန့် နှင့်ကျောက်ဖြူမြို့၏ တောင် - အနောက်တောင်ဘက် (၁၃၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားမည်ဟု ခန့်မှန်းထားခြင်းဖြစ်သည်။
ပြည်သူများ အနေဖြင့် မုန်တိုင်းငယ် အခြေအနေနှင့် ပတ်သက်၍ စဉ်ဆက်မပြတ် လေ့လာကာ အရေးပေါ် အချိန်တွင် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ စီစဉ်ဆောင်ရွက်မှုများ အတိုင်း လိုက်နာဆောင်ရွက်ခြင်းဖြင့် ပူးပေါင်း ပါဝင် ဆောင်ရွက်နိုင်ကြပါရန်နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာနတွင် (၂၄)နာရီ ဖွင့်လှစ်ထားရှိသည့် Call Centre ဖုန်းများ ဖြစ်သည့် (၀၆၇-၄၀၄၆၆၆) နှင့် (၀၆၇-၄၀၄၇၇၇) တို့သို့ အချိန်မရွေး ဆက်သွယ် အကူအညီ တောင်းခံရန်ကိုလည်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားသည်။

~~~~~~~~⊰❂ unicode ~~~~~~~~
ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသည့် ဆိုင်ကလုန်းမုန်တိုင်း မာရသာသည် မြန်မာနိုင်ငံ ပုသိမ်မြို့၊ ဂွမြို့၊ သံတွဲမြို့နှင့် ကျောက်ဖြူမြို့များ အနီး ပင်လယ်ပြင်ကို ဗဟိုပြုနေ၍ မုန်တိုင်း ဝင်ရောက်ချိန်တွင် အဆိုပါ ဒေသများအနီးရှိ ကမ်းရိုးတန်းများတွင် မုန်တိုင်းဒီရေ အမြင့်ပေ(၂)ပေမှ (၆)ပေအထိ မြင့်တက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ခန့်မှန်းထားသည်။

ဆိုင်ကလုန်းမုန်တိုင်း ဖြတ်ကျော်စဉ် မုန်တိုင်းဒီရေမှာ ရခိုင်ကမ်းရိုးတန်းဒေသ ကျောက်ဖြူမြို့၊ သံတွဲမြို့နှင့် ဂွမြို့တို့၏ ကမ်းခြေဒေသ များတွင် (၄)ပေမှ (၆)ပေခန့်၊ ဧရာဝတီတိုင်းဒေသကြီး ကမ်းခြေဒေသ များတွင် (၂) ပေမှ (၄)ပေခန့် အထိ မြင့်တက်လာနိုင်ကြောင်း ဧပြီလ (၁၆) ရက်နေ့ နေ့လယ် (၁)နာရီ (၃၀)မိနစ် တိုင်းထွာချက်များအရ ထုတ်ပြန်ထားခြင်း ဖြစ်သည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် ပုသိမ်မြို့၏ အနောက်၊ အနောက်မြောက်ဘက် (၁၀၅)မိုင်ခန့်၊ ဂွမြို့၏ အနောက် အနောက်တောင်ဘက် (၉၅) မိုင်ခန့်၊ သံတွဲမြို့၏ အနောက်တောင်ဘက် (၁၀၅)မိုင်ခန့် နှင့်ကျောက်ဖြူမြို့၏ တောင် - အနောက်တောင်ဘက် (၁၃၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနပြေီး အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားမည်ဟု ခန့်မှန်းထားခြင်းဖြစ်သည်။

ပြည်သူများ အနဖြေင့် မုန်တိုင်းငယ် အခြေအနေနှင့် ပတ်သက်၍ စဉ်ဆက်မပြတ် လေ့လာကာ အရေးပေါ် အချိန်တွင် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ စီစဉ်ဆောင်ရွက်မှုများ အတိုင်း လိုက်နာဆောင်ရွက်ခြင်းဖြင့် ပူးပေါင်း ပါဝင် ဆောင်ရွက်နိုင်ကြပါရန်နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနတွင် (၂၄)နာရီ ဖွင့်လှစ်ထားရှိသည့် Call Centre ဖုန်းများ ဖြစ်သည့် (ဝ၆၇-၄၀၄၆၆၆) နှင့် (ဝ၆၇-၄၀၄၇၇၇) တို့သို့ အချိန်မရွေး ဆက်သွယ် အကူအညီ တောင်းခံရန်ကိုလည်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~