လိုင္စင္မဲ့ ဆုိင္ကယ္မွတ္ပံုတင္ျခင္းကို ရွမ္း(အေရွ႕)က အမ်ားဆံုး ျပဳလုပ္

လိုင္စင္မဲ့ ဆုိင္ကယ္မွတ္ပံုတင္ျခင္းကို ရွမ္း(အေရွ႕)က အမ်ားဆံုး ျပဳလုပ္
ဧပြီ 12, 2017
By Tachileik News Agency

ရွမ္းျပည္နယ္တြင္ မတ္လအတြင္းမွစတင္၍ လုိင္စင္မဲ့ေမာ္ေတာ္ဆိုင္ကယ္မ်ား မွတ္ပံုတင္ေပးျခင္းအား ေဆာင္ရြက္ေပးေနလ်က္ရွိရာ မတ္လကုန္အထိ စာရင္းအရ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)က ယာဥ္မွတ္ပံုတင္ အမ်ားဆံုး လုပ္ေဆာင္ထားေၾကာင္း သိရသည္။

“ရွမ္းျပည္နယ္ အတြင္းမွာ အပတ္စဥ္ ဗုဒၶဟူးေန႕တိုင္း လုပ္ေပးပါတယ္။ ဒါေတာင္မွ လိုင္စင္မဲ့ယာဥ္ေတြက ရွိေနတုန္းပဲ။ လိုင္စင္ျပဳလုပ္ေပးတယ္ဆိုတာက ယာဥ္ပိုင္ရွင္အေနနဲ႔ကလည္း ဥပေဒနဲ႔အညီ တရား၀င္ ပိုင္ဆိုင္ဖို႔နဲ႔ စည္းကမ္းနဲ႔အညီ ေဘးကင္းေအာင္သြားလာနိုင္ၿပီး လံုျခံဳေရးနဲ႕ တရားဥပေဒစိုးမိုးေရးကို အေထာက္အကူျဖစ္ေစပါတယ္”ဟု ရွမ္းျပည္နယ္ ကုန္းလမ္းပုိ႔ေဆာင္ေရး ညႊန္ၾကားမႈဦးစီးဌာန ညႊန္ၾကားေရးမွဴး ဦးေ၀လင္းေအာင္က ေျပာသည္။

ရွမ္းျပည္နယ္အတြင္း မတ္လတြင္ ယာဥ္မွတ္ပံုတင္ လုိင္စင္ျပဳလုပ္သည့္ အေရအတြက္မွာ ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးတြင္ (၁၉၁) စီး၊ ေအာင္ပန္းတြင္ (၁၁) စီး၊ လိြဳင္လင္တြင္ (၇၆)စီး စုစုေပါင္း (၂၇၈)စီး၊ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) မူဆယ္တြင္ (၉၁) စီး၊ ေက်ာက္မဲတြင္ (၃၃) စီး၊ လားရိႈးတြင္ (၁၅၁) စီး စုစုေပါင္း (၂၇၅)စီးႏွင့္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ဳိင္းတံုတြင္ (၁၃၃၈) စီး၊ တာခ်ီလိတ္တြင္ (၁၂၇၅) စီး စုစုေပါင္း (၂၆၁၃)စီးရိွေၾကာင္း သိရသည္။ လိုင္စင္မဲ့ဆိုင္ကယ္မ်ား မွတ္ပံုတင္ျပဳလုပ္ေပးရာတြင္ အမ်ိဳးအစား အလုိက္ ဒဏ္ေၾကးေပးေဆာင္ရသည့္ ကုန္က်စရိတ္ ျမင့္မားသည့္အတြက္ ယာဥ္မွတ္ပံုတင္ ျပဳလုပ္ရန္ အခက္အခဲျဖစ္ရေၾကာင္း လက္ရိွတြင္ လုိင္စင္ျပဳလုပ္သူ ဒုတိယအနည္းဆံုးျဖစ္သည့္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕မွ ေဒသခံမ်ားထံမွ သိရသည္။

“ကြ်န္ေတာ္တို႔ အေျခခံလူတန္းစားေတြအတြက္ကေတာ့ ဆိုင္ကယ္ဆိုတာ ေငြေၾကးတတ္ႏိုင္လြန္းလို႔ ဝယ္စီးတာမွ မဟုတ္တာ။ အလုပ္သြား အလုပ္ျပန္အတြက္ အဓိကထားၿပီး ကုိယ္တတ္ႏိုင္တဲ့ အတိုင္းအတာနဲ႔ လက္လွမ္း မီသေလာက္ေလးပဲ ဝယ္စီးရတာပါ။ လိုင္စင္လုပ္ခ်င္ေပမယ့္ ကုန္က်စရိတ္ မ်ားလြန္းတယ္လို႔ ထင္မိတဲ့အတြက္ လိုင္စင္သြား မလုပ္ပါဘူး။ အဲဒီေလာက္ အကုန္အက် မခံႏိုင္ဘူး”ဟု ေက်ာက္မဲေဒသခံ ပန္းရံအလုပ္သမားတစ္ဦးျဖစ္သူ ကိုဝင္းေဌးက ေျပာသည္။

ဒဏ္ေၾကးအျဖစ္ ပ်မ္းမွ်အားျဖင့္ လိုင္စင္မဲ့ဆိုင္ကယ္မ်ား သတ္မွတ္ေပါက္ေစ်း၏ (၂၅)ရာခုိင္ႏႈန္းကို ေကာက္ယူျခင္းျဖစ္ေၾကာငး္ သိရသည္။

“ကြ်န္မတို႔ အမ်ားဆံုးစီးေနတာက တရုတ္ႏိုင္ငံထုတ္ဆိုင္ကယ္ေတြလည္းျဖစ္တယ္။ တတ္ႏိုင္လြန္းလို႔ ဝယ္ထား တာမဟုတ္ဘူး။ အသစ္ဝယ္ဖို႔ မတတ္ႏိုင္လို႔ အေဟာင္းတန္းကေန ျပန္ဝယ္သံုးေနရတဲ့ သူေတြက်ေတာ့ သူတို႔ သတ္မွတ္ထားတဲ့ ဒဏ္ေၾကးက ဆိုင္ကယ္တန္ဖိုးရဲ့ ေလးပံုတစ္ပံုေလာက္ ကုန္က်ေနတဲ့အတြက္ မတတ္ႏိုင္ဘူး။ ဒါေၾကာင့္ လိုင္စင္သြားမလုပ္တာ”ဟု ေက်ာက္မဲၿမိဳ႕မွ မနန္းမိုးက ေျပာသည္။

ရွမ္းျပည္နယ္အတြင္း လိုင္စင္မဲ့ေမာ္ေတာ္ဆုိင္ကယ္မ်ား မွတ္ပံုတင္ေပးျခင္းအား ကုန္းလမ္းပို႔ေဆာင္ေရး ညႊန္ၾကားမႈ ဦးစီးဌာနရံုးမ်ားတြင္ အပတ္စဥ္ ဗုဒၶဟူးေန႔တိုင္း လုပ္ေဆာင္ေပးေနျခင္းကို ဧၿပီလအတြင္း ေခတၱ ရပ္နားထားမည္ျဖစ္ၿပီး ဇြန္လမွစ၍ လုိင္စင္မဲ့မ်ားအား ပူးေပါင္းအဖြဲ႔မ်ားျဖင့္ ေရွာင္တခင္ စစ္ေဆးမႈမ်ား လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း ။  ။ႏိုႏို၊ ေနၿဖိဳးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
လိုင်စင်မဲ့ ဆိုင်ကယ်မှတ်ပုံတင်ခြင်းကို ရှမ်း(အရှေ့)က အများဆုံး ပြုလုပ် 

ရှမ်းပြည်နယ်တွင် မတ်လအတွင်းမှစတင်၍ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များ မှတ်ပုံတင်ပေးခြင်းအား ဆောင်ရွက်ပေးနေလျက်ရှိရာ မတ်လကုန်အထိ စာရင်းအရ ရှမ်းပြည်နယ်(အရှေ့ပိုင်း)က ယာဉ်မှတ်ပုံတင် အများဆုံး လုပ်ဆောင်ထားကြောင်း သိရသည်။

“ရှမ်းပြည်နယ် အတွင်းမှာ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း လုပ်ပေးပါတယ်။ ဒါတောင်မှ လိုင်စင်မဲ့ယာဉ်တွေက ရှိနေတုန်းပဲ။ လိုင်စင်ပြုလုပ်ပေးတယ်ဆိုတာက ယာဉ်ပိုင်ရှင်အနေနဲ့ကလည်း ဥပဒေနဲ့အညီ တရားဝင် ပိုင်ဆိုင်ဖို့နဲ့ စည်းကမ်းနဲ့အညီ ဘေးကင်းအောင်သွားလာနိုင်ပြီး လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို အထောက်အကူဖြစ်စေပါတယ်”ဟု ရှမ်းပြည်နယ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးေဝလင်းအောင်က ပြောသည်။

ရှမ်းပြည်နယ်အတွင်း မတ်လတွင် ယာဉ်မှတ်ပုံတင် လိုင်စင်ပြုလုပ်သည့် အရေအတွက်မှာ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးတွင် (၁၉၁) စီး၊ အောင်ပန်းတွင် (၁၁) စီး၊ လွိုင်လင်တွင် (၇၆)စီး စုစုပေါင်း (၂၇၈)စီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်တွင် (၉၁) စီး၊ ကျောက်မဲတွင် (၃၃) စီး၊ လားရှိုးတွင် (၁၅၁) စီး စုစုပေါင်း (၂၇၅)စီးနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံတွင် (၁၃၃၈) စီး၊ တာချီလိတ်တွင် (၁၂၇၅) စီး စုစုပေါင်း (၂၆၁၃)စီးရှိကြောင်း သိရသည်။ လိုင်စင်မဲ့ဆိုင်ကယ်များ မှတ်ပုံတင်ပြုလုပ်ပေးရာတွင် အမျိုးအစား အလိုက် ဒဏ်ကြေးပေးဆောင်ရသည့် ကုန်ကျစရိတ် မြင့်မားသည့်အတွက် ယာဉ်မှတ်ပုံတင် ပြုလုပ်ရန် အခက်အခဲဖြစ်ရကြောင်း လက်ရှိတွင် လိုင်စင်ပြုလုပ်သူ ဒုတိယအနည်းဆုံးဖြစ်သည့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့မှ ဒေသခံများထံမှ သိရသည်။

“ကျွန်တော်တို့ အခြေခံလူတန်းစားတွေအတွက်ကတော့ ဆိုင်ကယ်ဆိုတာ ငွေကြေးတတ်နိုင်လွန်းလို့ ဝယ်စီးတာမှ မဟုတ်တာ။ အလုပ်သွား အလုပ်ပြန်အတွက် အဓိကထားပြီး ကိုယ်တတ်နိုင်တဲ့ အတိုင်းအတာနဲ့ လက်လှမ်း မီသလောက်လေးပဲ ဝယ်စီးရတာပါ။ လိုင်စင်လုပ်ချင်ပေမယ့် ကုန်ကျစရိတ် များလွန်းတယ်လို့ ထင်မိတဲ့အတွက် လိုင်စင်သွား မလုပ်ပါဘူး။ အဲဒီလောက် အကုန်အကျ မခံနိုင်ဘူး”ဟု ကျောက်မဲဒေသခံ ပန်းရံအလုပ်သမားတစ်ဦးဖြစ်သူ ကိုဝင်းဌေးက ပြောသည်။

ဒဏ်ကြေးအဖြစ် ပျမ်းမျှအားဖြင့် လိုင်စင်မဲ့ဆိုင်ကယ်များ သတ်မှတ်ပေါက်ဈေး၏ (၂၅)ရာခိုင်နှုန်းကို ကောက်ယူခြင်းဖြစ်ကြောငး် သိရသည်။

“ကျွန်မတို့ အများဆုံးစီးနေတာက တရုတ်နိုင်ငံထုတ်ဆိုင်ကယ်တွေလည်းဖြစ်တယ်။ တတ်နိုင်လွန်းလို့ ဝယ်ထား တာမဟုတ်ဘူး။ အသစ်ဝယ်ဖို့ မတတ်နိုင်လို့ အဟောင်းတန်းကနေ ပြန်ဝယ်သုံးနေရတဲ့ သူတွေကျတော့ သူတို့ သတ်မှတ်ထားတဲ့ ဒဏ်ကြေးက ဆိုင်ကယ်တန်ဖိုးရဲ့ လေးပုံတစ်ပုံလောက် ကုန်ကျနေတဲ့အတွက် မတတ်နိုင်ဘူး။ ဒါကြောင့် လိုင်စင်သွားမလုပ်တာ”ဟု ကျောက်မဲမြို့မှ မနန်းမိုးက ပြောသည်။

ရှမ်းပြည်နယ်အတွင်း လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များ မှတ်ပုံတင်ပေးခြင်းအား ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရုံးများတွင် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း လုပ်ဆောင်ပေးနခြေင်းကို ဧပြီလအတွင်း ခေတ္တ ရပ်နားထားမည်ဖြစ်ပြီး ဇွန်လမှစ၍ လိုင်စင်မဲ့များအား ပူးပေါင်းအဖွဲ့များဖြင့် ရှောင်တခင် စစ်ဆေးမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း။နိုနို၊ နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~