မိုင္းဆတ္၌ သက္ႀကီးပူေဇာ္ကန္ေတာ့ပဲြႏွင့္ ဇီ၀ိတဒါနငါးလႊတ္ပဲြက်င္းပ

မိုင္းဆတ္၌ သက္ႀကီးပူေဇာ္ကန္ေတာ့ပဲြႏွင့္ ဇီ၀ိတဒါနငါးလႊတ္ပဲြက်င္းပ
ဧပြီ 17, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ မိုင္းဆတ္တပ္နယ္ႏွင့္ ခ႐ိုင္/ၿမိဳ႕နယ္ဌာနဆိုင္ရာမ်ား ပူးေပါင္း၍ (၁၁)ႀကိမ္ေျမာက္ သက္ႀကီးအဘိုးအဘြားမ်ားအား ပူေဇာ္ကန္ေတာ့ပဲြ အခမ္းအနားကို ဧၿပီလ(၁၇)ရက္ေန႔ နံနက္(၈)နာရီက မိုင္းဆတ္ၿမိဳ႕ရွိ တပ္နယ္ ရန္ႀကီးေအာင္ခန္းမတြင္ က်င္းပျပဳလုပ္ေၾကာင္း သိရသည္။
ကန္ေတာ့ခံတက္ေရာက္လာသည့္ အဘိုးအဘြားမ်ားအား တပ္မေတာ္ေဆးတပ္ဖြဲ႔၀င္မ်ားက က်န္းမာေရး ေစာင့္ေရွာက္မႈေပးၿပီး အာဟာရတိုက္ေကြ်းသည္။

ဆက္လက္ၿပီး အသက္(၈၀)ႏွစ္အထက္ အဘိုးအဘြား စုစုေပါင္း (၁၀၉)ဦးအား တစ္ဦးလွ်င္ ေငြက်ပ္(၂၇၀၀၀)၊ ေခါက္ဆဲြတစ္ဖာ၊ ေဆးစိမ္ျခင္ေထာင္ တစ္လုံးႏွင့္ ေဆး၀ါးမ်ားကို ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးစိုင္းခတၱိယ၊ ဗိုလ္မွဴးခ်ဳပ္သူရလွမင္း၊ မိုင္းဆတ္ခ႐ိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးေနမ်ဳိးေအာင္၊ မိုင္းဆတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးေအာင္သူလိႈင္ ႏွင့္ တပ္မေတာ္အရာရိွႀကီးမ်ားက ေပးအပ္လွဴဒါန္းရာ ဘိုးဘြားမ်ားကိုယ္စား အဘိုး ဦးမင္းသူက ဆုံးမၾသ၀ါဒစကားေျပာၾကားၿပီး အဘြား ေဒၚတင္လွက ဆုမြန္ေကာင္းမ်ားေတာင္းေပးေၾကာင္း သိရသည္။

ယင္းေနာက္ ဇီ၀ိတဒါန ငါးလႊတ္ပဲြ အခမ္းအနားအား နံနက္(၉)နာရီခြဲတြင္ ဆိုက္ေခါင္ေခ်ာင္းအတြင္း ဆက္လက္က်င္းပရာ အခမ္းအနား၌ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းခတၱိယ၊ နယ္ေျမခံတပ္နယ္မွ ဗိုလ္မွဴးခ်ဳပ္သူရလွမင္း၊ မိုင္းဆတ္ခရိုင္ ခ႐ိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးေနမ်ဳိးေအာင္၊ တပ္မေတာ္အရာရိွႀကီးမ်ား၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးေအာင္သူလိႈင္ႏွင့္ ဌာနဆိုင္ရာတာ၀န္ရိွသူတို႔က ငါးေကာင္ေရ(၃၅၀၀)ကို ဇီ၀ိတဒါနလႊတ္ေပးခဲ့ေၾကာင္းသိရသည္။

သတင္း/ဓာတ္ပံု - သန္းေဇာ္ဦး


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်တပ်နယ်နှင့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ ပူးပေါင်း၍ (၁၁)ကြိမ်မြောက် သက်ကြီးအဘိုးအဘွားများအား ပူဇော်ကန်တော့ပွဲ အခမ်းအနားကို ဧပြီလ(၁၇)ရက်နေ့ နံနက်(၈)နာရီက မိုင်းဆတ်မြို့ရှိ တပ်နယ် ရန်ကြီးအောင်ခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
ကန်တော့ခံတက်ရောက်လာသည့် အဘိုးအဘွားများအား တပ်မတော်ဆေးတပ်ဖွဲ့ဝင်များက ကျန်းမာရေး စောင့်ရှောက်မှုပေးပြီး အာဟာရတိုက်ကျွေးသည်။

ဆက်လက်ပြီး အသက်(၈၀)နှစ်အထက် အဘိုးအဘွား စုစုပေါင်း (၁၀၉)ဦးအား တစ်ဦးလျှင် ငွေကျပ်(၂၇၀၀၀)၊ ခေါက်ဆွဲတစ်ဖာ၊ ဆေးစိမ်ခြင်ထောင် တစ်လုံးနှင့် ဆေးဝါးများကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းခတ္တိယ၊ ဗိုလ်မှူးချုပ်သူရလှမင်း၊ မိုင်းဆတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်၊ မိုင်းဆတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သူလှိုင် နှင့် တပ်မတော်အရာရှိကြီးများက ပေးအပ်လှူဒါန်းရာ ဘိုးဘွားများကိုယ်စား အဘိုး ဦးမင်းသူက ဆုံးမသြဝါဒစကားပြောကြားပြီး အဘွား ဒေါ်တင်လှက ဆုမွန်ကောင်းများတောင်းပေးကြောင်း သိရသည်။

ယင်းနောက် ဇီဝိတဒါန ငါးလွှတ်ပွဲ အခမ်းအနားအား နံနက်(၉)နာရီခွဲတွင် ဆိုက်ခေါင်ချောင်းအတွင်း ဆက်လက်ကျင်းပရာ အခမ်းအနား၌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းခတ္တိယ၊ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးချုပ်သူရလှမင်း၊ မိုင်းဆတ်ခရိုင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်၊ တပ်မတော်အရာရှိကြီးများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သူလှိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူတို့က ငါးကောင်ရေ(၃၅၀၀)ကို ဇီဝိတဒါနလွှတ်ပေးခဲ့ကြောင်းသိရသည်။

သတင်း/ဓာတ်ပုံ - သန်းဇော်ဦး

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~