မေကြးတုိင္းေဒသႀကီးအတြင္း ဆိုင္ကယ္ၿမိဳ႕ဝင္ေၾကးဘီးခြန္ေကာက္ခံျခင္း ရပ္ဆိုင္း

မေကြးတုိင္းေဒသႀကီးအတြင္း ဆိုင္ကယ္ၿမိဳ႕ဝင္ေၾကးဘီးခြန္ေကာက္ခံျခင္း ရပ္ဆိုင္း
ဧပြီ 9, 2017
By Tachileik News Agency

မေကြးတိုင္းေဒသႀကီးအတြင္းရိွ ၿမိဳ႕မ်ားအားလုံးတြင္ ဆိုင္ကယ္ၿမိဳ႕ဝင္ေၾကး ဘီးခြန္ေကာက္ခံေနမႈကို သၾကၤန္မတိုင္မီ ရပ္ဆိုင္းေပးေတာ႔မည္ ျဖစ္ေၾကာင္း မေကြးတိုင္းေဒသႀကီးလႊတ္ေတာ္ စီမံကိန္း ဘ႑ာေရးႏွင္႔ စည္ပင္သာယာေရးေကာ္မတီထံမွ သိရသည္။

“မေန႔က ဧၿပီ (၈) ရက္က ၿမိဳ႕၀င္ေၾကးဂိတ္ေတြမွာ ဆိုင္ကယ္တစ္စီးကို တစ္ရာက်ပ္ ေကာက္ခံေနတာကို ရပ္ဆိုင္းဖို႔ တိုင္းစည္ပင္ကို ၫႊန္ၾကားခ်က္ထုတ္လိုက္ပါၿပီ။ တစ္ႏွစ္စာ ဘီးခြန္အျဖစ္ ဆိုင္ကယ္တစ္စီးကို က်ပ္ (၂,၀၀၀) ႏႈန္းေပးေဆာင္ဖို႔ကိုေတာ့ ဆက္လက္ လုပ္ေဆာင္သြားမွာပါ”ဟု မေကြးတိုင္းေဒသႀကီး အစိုးရ အဖြဲ႕ စီမံကိန္းဘ႑ာေရးႏွင့္ စည္ပင္သာယာေရး၀န္ႀကီး ဦးေဇာ္မင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဆိုင္ကယ္ၿမိဳ႕ဝင္ေၾကး ဘီးခြန္ေကာက္ခံေနမႈကို ရပ္ဆိုင္းလိုက္ေသာ္လည္း တစ္ႏွစ္စာ ဆိုင္ကယ္ ဘီးခြန္အျဖစ္ က်ပ္(၂၀၀၀) ေကာက္ခံျခင္းကို ဆက္လက္ေပးေဆာင္ၾကရန္ႏွင့္ ရရိွလာသည့္ အခြန္ ေငြမ်ားအား အေလအလြင့္ နည္းရန္ ႀကိဳးစားေဆာင္ရြက္သြားမည္ဟု မေကြးတိုင္းေဒသႀကီးလႊတ္ေတာ္ စီမံကိန္း ဘ႑ာေရးႏွင့္ စည္ပင္သာယာေရးေကာ္မတီ ဥကၠဌ ဦးေအးေက်ာ္က ဆိုသည္။

“ဧရာဝတီတံတား မွာ ဂိတ္ကျဖတ္ၿပီဆိုရင္ အသြားေရာအျပန္ပါ ႏွစ္ရာေပးရတယ္ဗ်ာ။ အသြားမွာ ႏွစ္ရာ ေပးရတာက မင္းဘူးၿမိဳ႕ဝင္ေၾကးနဲ႔ ဘီးခြန္ေပါင္းၿပီးေကာက္တာမို႔ထားပါေတာ႔ ကိုယ္႔ၿမိဳ႕ကိုယ္ျပန္ဝင္ေတာ႔ လည္း မေကြးၿမိဳ႕ဝင္ေၾကးနဲ႔ ဘီးခြန္ကိုေပါင္းၿပီး ႏွစ္ရာေကာက္ျပန္တာကေတာ႔ အေတာ္ကို ခံရခက္ပါတယ္။ အခုလို ဂိတ္ေတြမွာ ၿမိဳ႕ဝင္ေၾကးေပးစရာမလိုေတာ႔ဘူးဆိုတာသိလိုက္ရေတာ႔ အရမ္းကိုဝမ္းသာပါတယ္”ဟု မေကြးၿမိဳ႕ခံ ကိုေအာင္သက္ပိုင္က ေျပာသည္။

ၿမိဳ႕၀င္ေၾကးေကာက္ခံသည့္ ဂိတ္မ်ားတြင္ ဆိုင္ကယ္မ်ားကိုပါ ဘီးခြန္ေကာက္ခံေနျခင္းကို ရပ္ဆိုင္းေပးရန္ တိုင္းေဒသႀကီးလႊတ္ေတာ္္ကိုယ္စားလွယ္မ်ားက တိုင္းေဒသႀကီးအစိုးရအဖြဲ႕ထံသို႔ ေဖေဖာ္ဝါရီ(၂၀)ရက္ေန႔က တင္ျပခဲ့သျဖင့္ ယင္းကဲ့သို႔ဆံုးျဖတ္လိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~
မကွေးတိုင်းဒေသကြီးအတွင်း ဆိုင်ကယ်မြို့ဝင်ကြေးဘီးခွန်ကောက်ခံခြင်း ရပ်ဆိုင်း

မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့များအားလုံးတွင် ဆိုင်ကယ်မြို့ဝင်ကြေး ဘီးခွန်ကောက်ခံနေမှုကို သင်္ကြန်မတိုင်မီ ရပ်ဆိုင်းပေးတော့မည် ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးလွှတ်တော် စီမံကိန်း ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

“မနေ့က ဧပြီ (၈) ရက်က မြို့ဝင်ကြေးဂိတ်တွေမှာ ဆိုင်ကယ်တစ်စီးကို တစ်ရာကျပ် ကောက်ခံနေတာကို ရပ်ဆိုင်းဖို့ တိုင်းစည်ပင်ကို ညွှန်ကြားချက်ထုတ်လိုက်ပါပြီ။ တစ်နှစ်စာ ဘီးခွန်အဖြစ် ဆိုင်ကယ်တစ်စီးကို ကျပ် (၂,ဝဝဝ) နှုန်းပေးဆောင်ဖို့ကိုတော့ ဆက်လက် လုပ်ဆောင်သွားမှာပါ”ဟု မကွေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ စီမံကိန်းဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဆိုင်ကယ်မြို့ဝင်ကြေး ဘီးခွန်ကောက်ခံနေမှုကို ရပ်ဆိုင်းလိုက်သော်လည်း တစ်နှစ်စာ ဆိုင်ကယ် ဘီးခွန်အဖြစ် ကျပ်(၂၀၀၀) ကောက်ခံခြင်းကို ဆက်လက်ပေးဆောင်ကြရန်နှင့် ရရှိလာသည့် အခွန် ငွေများအား အလေအလွင့် နည်းရန် ကြိုးစားဆောင်ရွက်သွားမည်ဟု မကွေးတိုင်းဒေသကြီးလွှတ်တော် စီမံကိန်း ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးအေးကျော်က ဆိုသည်။

“ဧရာဝတီတံတား မှာ ဂိတ်ကဖြတ်ပြီဆိုရင် အသွားရောအပြန်ပါ နှစ်ရာပေးရတယ်ဗျာ။ အသွားမှာ နှစ်ရာ ပေးရတာက မင်းဘူးမြို့ဝင်ကြေးနဲ့ ဘီးခွန်ပေါင်းပြီးကောက်တာမို့ထားပါတော့ ကိုယ့်မြို့ကိုယ်ပြန်ဝင်တော့ လည်း မကွေးမြို့ဝင်ကြေးနဲ့ ဘီးခွန်ကိုပေါင်းပြီး နှစ်ရာကောက်ပြန်တာကတော့ အတော်ကို ခံရခက်ပါတယ်။ အခုလို ဂိတ်တွေမှာ မြို့ဝင်ကြေးပေးစရာမလိုတော့ဘူးဆိုတာသိလိုက်ရတော့ အရမ်းကိုဝမ်းသာပါတယ်”ဟု မကွေးမြို့ခံ ကိုအောင်သက်ပိုင်က ပြောသည်။

မြို့ဝင်ကြေးကောက်ခံသည့် ဂိတ်များတွင် ဆိုင်ကယ်များကိုပါ ဘီးခွန်ကောက်ခံနခြေင်းကို ရပ်ဆိုင်းပေးရန် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက တိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ ဖေဖော်ဝါရီ(၂၀)ရက်နေ့က တင်ပြခဲ့သဖြင့် ယင်းကဲ့သို့ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~