လားရႈိးတြင္ ပထမဦးဆံုး သဘာဝအပန္းေျဖ စခန္းအား သႀကၤန္ကာလအမီ တည္ေဆာက္လွ်က္ရွိ

လားရႈိးတြင္ ပထမဦးဆံုး သဘာဝအပန္းေျဖ စခန္းအား သႀကၤန္ကာလအမီ တည္ေဆာက္လွ်က္ရွိ
ဧပြီ 7, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ လားရႈိးၿမိဳ႕၊ ဆံုကြယ္ေက်းရြာတြင္ ေဆာက္လုပ္ေနသည့္ က်ပ္ သိန္း(၇၀၀)ခန္႔ ကုန္က်မည့္ ( SPA ) လားရိႈးေရလယ္ကြ်န္း အပန္းေျဖစခန္းအား ဧၿပီလ (၁၀)ရက္ေန႔တြင္ စတင္ဖြင့္လွစ္ အသံုးျပဳႏိုင္ရန္ ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။

"အခုလာမယ့္ မဟာသႀကၤန္ပြဲေတာ္အတြင္းမွာ အပန္းေျဖႏိုင္ဖို႔ရယ္ ေနာက္ပိုင္းမွာလည္း ရွမ္း/ေျမာက္မွာ တစ္ခါမွ မရွိဖူးေသးတဲ့ ရွမ္းရိုးရာရြာေလးတစ္ခုလို လူေတြလာၿပီး ေလ့လာလို႔ရႏိုင္မယ့္ ပံုစံမ်ိဳး ျဖစ္ေအာင္လုိ႔ရယ္ လုပ္သြားမွာပါ၊ စားေသာက္ဆိုင္ေတြပါမယ္၊ ေရကစားဖို႔အတြက္လည္း သဘာဝေရထြက္တစ္ခုက ေရေႏြးေခ်ာင္းနဲ႔ ရိုးရိုးေရေခ်ာင္းမွာ ေဘာကြင္းေတြနဲ႔ ကစားလို႔ရေအာင္ ေရလႊာေလ်ွာစီးတာေတြကစားလို႔ရေအာင္ စီစဥ္ေဆာင္ရြက္ေနပါတယ္"ဟု အပန္းေျဖစခန္းပိုင္ရွင္ျဖစ္သူ ကိုထက္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လားရွိဳးၿမိဳ႕ ဆံုကြယ္ေက်းရြာအုပ္စု ဆုံကြယ္ေက်းရြာ အကြက္အမွတ္ (၁၁) ရွိ အက်ယ္အဝန္း(၁၂)ဧကခန္႔ ရွိေသာ ေျမေနရာတြင္ ၂၀၁၇ ခုႏွစ္ မတ္လ ၂၅ ရက္ေန႔က စတင္၍ ေဆာက္လုပ္ေနျခင္းျဖစ္ၿပီး လာမည့္ မဟာ သႀကၤန္ပြဲေတာ္အမီ ဧည့္သည္မ်ား လာေရာက္လည္ပတ္ႏိုင္ရန္ အၿပီးသတ္ ေဆာက္လုပ္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

"သႀကၤန္ကာလမွာေတာ့ လူတစ္ဦးကုိ ဝင္ေၾကး က်ပ္ (၁၀၀၀) သတ္မွတ္ထားမယ္၊ ဆိုင္ကယ္နဲ႔ ကားနဲ႔ကေတာ့ ဝင္ေၾကး မေကာက္ပါဘူး၊ ဆိုင္ကယ္က အေပ်ာက္အရွ ျဖစ္ႏိုင္ေတာ့ ဆိုင္ကယ္စတန္း အတြက္ တစ္ရက္ႏွစ္ရက္အတြင္း ဆံုးျဖတ္ရမွာပါ၊ ေပ်ာ္ပြဲရႊင္ပြဲေတြနဲ႔ ပရိုမိုးရွင္းေတြအတြက္ကေတာ့ သႀကၤန္ၿပီးမွပဲ စီစဥ္မွာပါ၊ လားရိႈးၿမိဳ႕ကို လာၿပီးလည္ပတ္မယ့္ ဧည့္သည္ေတြ ၿမိဳ့ခံေတြအတြက္ လည္ပတ္စရာေနရာတစ္ခုျဖစ္ေအာင္ ဖန္တီးေပးသြားမွာပါ"ဟု လားရိႈး ေရလယ္ကြ်န္းအပန္းေျဖစခန္းအား တည္ေဆာက္ေနသူ ကိုထက္က ေျပာသည္။

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ လားရိႈးၿမိဳ႕တြင္ ယခုကဲ့သို႔ ဖန္တီးတည္ေဆာက္ထားသည့္ သဘာဝအပန္းေျဖစခန္းမ်ိဳး မရွိခဲ့ဖူးေၾကာင္း ႏွင့္ ယခုႏွစ္ မဟာသႀကၤန္ပြဲေတာ္တြင္ ဗဟိုမ႑ပ္လည္း ထားရွိမည္ မဟုတ္ေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္
ဓာတ္ပံု - ခမ္းဦး


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ဆုံကွယ်ကျေးရွာတွင် ဆောက်လုပ်နေသည့် ကျပ် သိန်း(၇၀၀)ခန့် ကုန်ကျမည့် ( SPA ) လားရှိုးရေလယ်ကျွန်း အပန်းဖြေစခန်းအား ဧပြီလ (၁၀)ရက်နေ့တွင် စတင်ဖွင့်လှစ် အသုံးပြုနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

"အခုလာမယ့် မဟာသင်္ကြန်ပွဲတော်အတွင်းမှာ အပန်းဖြေနိုင်ဖို့ရယ် နောက်ပိုင်းမှာလည်း ရှမ်း/မြောက်မှာ တစ်ခါမှ မရှိဖူးသေးတဲ့ ရှမ်းရိုးရာရွာလေးတစ်ခုလို လူတွေလာပြီး လေ့လာလို့ရနိုင်မယ့် ပုံစံမျိုး ဖြစ်အောင်လို့ရယ် လုပ်သွားမှာပါ၊ စားသောက်ဆိုင်တွေပါမယ်၊ ရေကစားဖို့အတွက်လည်း သဘာဝရေထွက်တစ်ခုက ရေနွေးချောင်းနဲ့ ရိုးရိုးရေချောင်းမှာ ဘောကွင်းတွေနဲ့ ကစားလို့ရအောင် ရေလွှာလျှောစီးတာတွေကစားလို့ရအောင် စီစဉ်ဆောင်ရွက်နေပါတယ်"ဟု အပန်းဖြေစခန်းပိုင်ရှင်ဖြစ်သူ ကိုထက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လားရှိုးမြို့ ဆုံကွယ်ကျေးရွာအုပ်စု ဆုံကွယ်ကျေးရွာ အကွက်အမှတ် (၁၁) ရှိ အကျယ်အဝန်း(၁၂)ဧကခန့် ရှိသော မြေနေရာတွင် ၂၀၁၇ ခုနှစ် မတ်လ ၂၅ ရက်နေ့က စတင်၍ ဆောက်လုပ်နခြေင်းဖြစ်ပြီး လာမည့် မဟာ သင်္ကြန်ပွဲတော်အမီ ဧည့်သည်များ လာရောက်လည်ပတ်နိုင်ရန် အပြီးသတ် ဆောက်လုပ်နခြေင်းဖြစ်ကြောင်း သိရသည်။

"သင်္ကြန်ကာလမှာတော့ လူတစ်ဦးကို ဝင်ကြေး ကျပ် (၁၀၀၀) သတ်မှတ်ထားမယ်၊ ဆိုင်ကယ်နဲ့ ကားနဲ့ကတော့ ဝင်ကြေး မကောက်ပါဘူး၊ ဆိုင်ကယ်က အပျောက်အရှ ဖြစ်နိုင်တော့ ဆိုင်ကယ်စတန်း အတွက် တစ်ရက်နှစ်ရက်အတွင်း ဆုံးဖြတ်ရမှာပါ၊ ပျော်ပွဲရွှင်ပွဲတွေနဲ့ ပရိုမိုးရှင်းတွေအတွက်ကတော့ သင်္ကြန်ပြီးမှပဲ စီစဉ်မှာပါ၊ လားရှိုးမြို့ကို လာပြီးလည်ပတ်မယ့် ဧည့်သည်တွေ မြို့ခံတွေအတွက် လည်ပတ်စရာနေရာတစ်ခုဖြစ်အောင် ဖန်တီးပေးသွားမှာပါ"ဟု လားရှိုး ရေလယ်ကျွန်းအပန်းဖြေစခန်းအား တည်ဆောက်နေသူ ကိုထက်က ပြောသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ယခုကဲ့သို့ ဖန်တီးတည်ဆောက်ထားသည့် သဘာဝအပန်းဖြေစခန်းမျိုး မရှိခဲ့ဖူးကြောင်း နှင့် ယခုနှစ် မဟာသင်္ကြန်ပွဲတော်တွင် ဗဟိုမဏ္ဍပ်လည်း ထားရှိမည် မဟုတ်ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ခမ်းဦး

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~