ေလာက္ကိုင္တိုက္ပြဲအတြင္း ျပည္သူ႔ေဆးရံုတြင္ တာဝန္ထမ္းေဆာင္ခဲ့သည့္ ဝန္ထမ္းမ်ားအား ဂုဏ္ျပဳခ်ီးျမႇင့္

ေလာက္ကိုင္တိုက္ပြဲအတြင္း ျပည္သူ႔ေဆးရံုတြင္ တာဝန္ထမ္းေဆာင္ခဲ့သည့္ ဝန္ထမ္းမ်ားအား ဂုဏ္ျပဳခ်ီးျမႇင့္
ဧပြီ 7, 2017
By Tachileik News Agency
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေလာက္ကိုင္ၿမိဳ႕တြင္ တုိက္ပြဲကာလအတြင္း ျပည္သူ႔ေဆးရံု၌ ဆက္လက္တာဝန္ ထမ္းေဆာင္ခဲ့သည့္ ေဆးရံုဝန္ထမ္း (၆)ဦးအား က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန ကိုယ္စား ေဆးရံုအုပ္ႀကီးက ဂုဏ္ျပဳေထာက္ပံ့ေငြႏွင့္ ဂုဏ္ျပဳမွတ္တမ္းမ်ားကို ဧၿပီလ(၄)ရက္ေန႔တြင္ ေပးအပ္ လိုက္ေၾကာင္း သိရသည္။
“က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ျပန္လည္ ထူေထာင္ေရးအတြက္ က်ပ္သိန္း (၂၀) ခြင့္ျပဳေပးပါတယ္။ ဒီထဲကေန တိုက္ပြဲကာလ အတြင္းမွာ ေဆးရံုမွာ ဆက္လက္ တာဝန္ထမ္းေဆာင္ေနခဲ့တဲ့ ဝန္ထမ္း (၆)ဦးအတြက္ တစ္ဦးကို က်ပ္ေငြ (၃)သိန္းစီ ဂုဏ္ျပဳဆုအေနနဲ႔ ေပးအပ္တာျဖစ္ပါတယ္။ တုိက္ပြဲကာလ အတြင္းမွာ သူတို႔ေတြ အေတာ္ႀကီး အခက္အခဲျဖစ္ရတာပါ။ ဒီမွာဆက္ၿပီး တာဝန္ ထမ္းေဆာင္ ေနေပမယ့္ သူတို႔မိသားစုေတြကိုေတာ့ ေဘးလြတ္ရာ ေရႊ႕ေျပာင္းေပးခဲ့ၾကရတာပါ။ ဒါေၾကာင့္ ျပန္လည္ထူေထာင္ေရးလည္း လုပ္ႏုိင္ေအာင္ ကၽြန္ေတာ့္အေနနဲ႔က ဂုဏ္ျပဳေထာက္ပံ့ေငြအျဖစ္ စီစဥ္ေပးလိုက္တာပါ”ဟု ေလာက္ကိုင္ျပည္သူ႔ေဆးရံုအုပ္ ေဒါက္တာ ေအာင္ျမင့္ထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
ေလာက္ကိုင္ျပည္သူ႔ေဆးရံုတြင္ တုိက္ပြဲကာလအတြင္း ဆက္လက္တာဝန္ထမ္းေဆာင္ခဲ့သည့္ ဌာနခြဲစာေရး ဦးေက်ာ္ေက်ာ္၊ အေထြေထြလုပ္သားမ်ားျဖစ္သည့္ ဦးေဌးျမင့္၊ ေဒၚေထြး၊ ေဒၚျမသီတာစိုး၊ ေဒၚျမတ္ျမတ္မြန္ႏွင့္ ယာဥ္ေမာင္း ဦးခ်စ္မင္းႏိုင္တို႔အား ဂုဏ္ျပဳမွတ္တမ္းႏွင့္ ဂုဏ္ျပဳခ်ီးျမႇင့္ေငြမ်ား ေပးအပ္လုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။
လက္ရိွတြင္ ေလာက္ကိုင္ေဆးရံုမွ ဝန္ထမ္းဦးေရ(၅၀)ခန္႔အနက္ တာဝန္ျပန္လည္မထမ္းေဆာင္ႏုိင္ေသးသူ (၃၀)ခန္႔ရိွေနဆဲျဖစ္ေသာ္လည္း ေလာက္ကိုင္ၿမိဳ႕မွ တပ္မေတာ္ေဆးရံု၏ အကူအညီျဖင့္ ကုသမႈမ်ား ဆက္လက္လုပ္ေဆာင္ေပးေနေၾကာင္း သိရသည္။
“လက္ရိွမွာေတာ့ ဒီကအေျခအေနက တည္ၿငိမ္ေနၿပီဆိုေပမယ့္ နည္းနည္း ေစာင့္ၾကည့္ေနၾကတာလည္း ပါမွာပါ။ အားလံုးေတာ့ တာဝန္ျပန္လည္ မထမ္းေဆာင္ႏုိင္ေသးပါဘူး။ ျပင္ပလူနာကေတာ့ တစ္ရက္ကို (၇၀)၊ (၈၀)၊ (၉၀)ေလာက္အထိ လာျပၾကတယ္။ ႀကီးႀကီးမားမား ခြဲစိတ္ရမယ့္ လူနာေတြဆိုရင္ေတာ့ တပ္မေတာ္ေဆးရံုက အထူးကု၊ ပါရဂူေတြလည္းရိွေတာ့ အဲဒီကို လႊဲေပးပါတယ္။ ေနာက္ ကၽြန္ေတာ္ နယ္ေတြ ဆင္းဖို႔ဆိုရင္လည္း ေဆးရံုအနီးမွာရိွတဲ့ ဗ်ဴဟာက ေဆးဗိုလ္ႀကီးတစ္ေယာက္ကို ေဆးရံုလာၾကည့္ေပးဖို႔ အကူအညီ ေတာင္းရပါတယ္။ ဒါေၾကာင့္ ေလာေလာဆယ္ေတာ့ အဆင္ေျပပါတယ္”ဟု ေဒါက္တာ ေအာင္ျမင့္ထြန္းက ဆိုသည္။
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေလာက္ကိုင္ၿမိဳ႕အား မတ္လ(၆)ရက္ေန႔ နံနက္(၂)နာရီခန္႔က MNDAA က ဝင္ေရာက္ တုိက္ခိုက္ရာမွ တိုက္ပြဲမ်ားျဖစ္ပြားသျဖင့္ ေဒသတြင္းမွျပည္သူမ်ား တိမ္းေရွာင္ခဲ့ရျခင္းျဖစ္ၿပီး ေလာက္ကိုင္ျပည္သူ႔ေဆးရံုတြင္ က်န္ေနခဲ့သည့္ ေဆးရံုအုပ္ႀကီး ေဒါက္တာေအာင္ျမင့္ထြန္းႏွင့္ ေဆးရံုဝန္ထမ္း(၆)ဦးတို႔က ကုသေရးႏွင့္အတူ စစ္ေဘးေရွာင္ကယ္ဆယ္ေရးတို႔ကို လုပ္ေဆာင္ေပးခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
သတင္း - ခ်ယ္ရီထိုက္
ဓာတ္ပံု -  ေဒါက္တာေအာင္ျမင့္ထြန္း


~~~~~~~~⊰❂ unicode ~~~~~~~~

လောက်ကိုင်တိုက်ပွဲအတွင်း ပြည်သူ့ဆေးရုံတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်

ရှမ်းပြည်နယ်(မြောက်ပိုင်း) လောက်ကိုင်မြို့တွင် တိုက်ပွဲကာလအတွင်း ပြည်သူ့ဆေးရုံ၌ ဆက်လက်တာဝန် ထမ်းဆောင်ခဲ့သည့် ဆေးရုံဝန်ထမ်း (၆)ဦးအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကိုယ်စား ဆေးရုံအုပ်ကြီးက ဂုဏ်ပြုထောက်ပံ့ငွေနှင့် ဂုဏ်ပြုမှတ်တမ်းများကို ဧပြီလ(၄)ရက်နေ့တွင် ပေးအပ် လိုက်ကြောင်း သိရသည်။

“ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပြန်လည် ထူထောင်ရေးအတွက် ကျပ်သိန်း (၂၀) ခွင့်ပြုပေးပါတယ်။ ဒီထဲကနေ တိုက်ပွဲကာလ အတွင်းမှာ ဆေးရုံမှာ ဆက်လက် တာဝန်ထမ်းဆောင်နေခဲ့တဲ့ ဝန်ထမ်း (၆)ဦးအတွက် တစ်ဦးကို ကျပ်ငွေ (၃)သိန်းစီ ဂုဏ်ပြုဆုအနေနဲ့ ပေးအပ်တာဖြစ်ပါတယ်။ တိုက်ပွဲကာလ အတွင်းမှာ သူတို့တွေ အတော်ကြီး အခက်အခဲဖြစ်ရတာပါ။ ဒီမှာဆက်ပြီး တာဝန် ထမ်းဆောင် နေပေမယ့် သူတို့မိသားစုတွေကိုတော့ ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ကြရတာပါ။ ဒါကြောင့် ပြန်လည်ထူထောင်ရေးလည်း လုပ်နိုင်အောင် ကျွန်တော့်အနေနဲ့က ဂုဏ်ပြုထောက်ပံ့ငွေအဖြစ် စီစဉ်ပေးလိုက်တာပါ”ဟု လောက်ကိုင်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာ အောင်မြင့်ထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လောက်ကိုင်ပြည်သူ့ဆေးရုံတွင် တိုက်ပွဲကာလအတွင်း ဆက်လက်တာဝန်ထမ်းဆောင်ခဲ့သည့် ဌာနခွဲစာရေး ဦးကျော်ကျော်၊ အထွေထွေလုပ်သားများဖြစ်သည့် ဦးဌေးမြင့်၊ ဒေါ်ထွေး၊ ဒေါ်မြသီတာစိုး၊ ဒေါ်မြတ်မြတ်မွန်နှင့် ယာဉ်မောင်း ဦးချစ်မင်းနိုင်တို့အား ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် လောက်ကိုင်ဆေးရုံမှ ဝန်ထမ်းဦးရေ(၅၀)ခန့်အနက် တာဝန်ပြန်လည်မထမ်းဆောင်နိုင်သေးသူ (၃၀)ခန့်ရှိနေဆဲဖြစ်သော်လည်း လောက်ကိုင်မြို့မှ တပ်မတော်ဆေးရုံ၏ အကူအညီဖြင့် ကုသမှုများ ဆက်လက်လုပ်ဆောင်ပေးနေကြောင်း သိရသည်။

“လက်ရှိမှာတော့ ဒီကအခြေအနေက တည်ငြိမ်နပြေီဆိုပေမယ့် နည်းနည်း စောင့်ကြည့်နကြေတာလည်း ပါမှာပါ။ အားလုံးတော့ တာဝန်ပြန်လည် မထမ်းဆောင်နိုင်သေးပါဘူး။ ပြင်ပလူနာကတော့ တစ်ရက်ကို (၇၀)၊ (၈၀)၊ (၉၀)လောက်အထိ လာပြကြတယ်။ ကြီးကြီးမားမား ခွဲစိတ်ရမယ့် လူနာတွေဆိုရင်တော့ တပ်မတော်ဆေးရုံက အထူးကု၊ ပါရဂူတွေလည်းရှိတော့ အဲဒီကို လွှဲပေးပါတယ်။ နောက် ကျွန်တော် နယ်တွေ ဆင်းဖို့ဆိုရင်လည်း ဆေးရုံအနီးမှာရှိတဲ့ ဗျူဟာက ဆေးဗိုလ်ကြီးတစ်ယောက်ကို ဆေးရုံလာကြည့်ပေးဖို့ အကူအညီ တောင်းရပါတယ်။ ဒါကြောင့် လောလောဆယ်တော့ အဆင်ပြေပါတယ်”ဟု ဒေါက်တာ အောင်မြင့်ထွန်းက ဆိုသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) လောက်ကိုင်မြို့အား မတ်လ(၆)ရက်နေ့ နံနက်(၂)နာရီခန့်က MNDAA က ဝင်ရောက် တိုက်ခိုက်ရာမှ တိုက်ပွဲများဖြစ်ပွားသဖြင့် ဒေသတွင်းမှပြည်သူများ တိမ်းရှောင်ခဲ့ရခြင်းဖြစ်ပြီး လောက်ကိုင်ပြည်သူ့ဆေးရုံတွင် ကျန်နေခဲ့သည့် ဆေးရုံအုပ်ကြီး ဒေါက်တာအောင်မြင့်ထွန်းနှင့် ဆေးရုံဝန်ထမ်း(၆)ဦးတို့က ကုသရေးနှင့်အတူ စစ်ဘေးရှောင်ကယ်ဆယ်ရေးတို့ကို လုပ်ဆောင်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်
ဓာတ်ပုံ - ဒေါက်တာအောင်မြင့်ထွန်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~