ကျီခါးမြို့မှ မိုးသီးကြွေလေပြင်းတိုက်၍ ပျက်စီးသည့် နေအိမ် (၁၄၅)လုံး ပြုပြင်ရေး ချင်းပြည်နယ်အစိုးရ ကူညီမည်
ကျီခါးမြို့မှ မိုးသီးကြွေလေပြင်းတိုက်၍ ပျက်စီးသည့် နေအိမ် (၁၄၅)လုံး ပြုပြင်ရေး ချင်းပြည်နယ်အစိုးရ ကူညီမည်
ဧပွီ 4, 2017
By Tachileik News Agency
ချင်းပြည်နယ် တွန်းဇန်မြို့နယ်၊ ကျီခါးမြို့တွင် ဧပြီလ (၂) ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၁၄၅)လုံး ပျက်စီးသွားသဖြင့် ပြည်နယ်အစိုးရက လိုအပ်သည့် ကူညီမှုများ လုပ်ဆောင်ပေးသွားရန် စီစဉ်နေကြောင်း ပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးဆလိုင်းအိုက်ဇက်ခင်ထံမှ သိရသည်။
တွန်းဇံမြို့နယ်၊ ကျီခါးမြို့တွင် ဧပြီလ(၂)ရက်နေ့ ညနေ(၆)နာရီကျော်မှစ၍ လေပြင်းတိုက်ခတ်မှုကြောင့် ကျီခါးမြို့ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်တို့မှ နေအိမ်အချို့နှင့် မိုးသီးကြွေကျမှုကြောင့် ဟိုင်းကျင်း ကျေးရွာအုပ်စု ဟိုင်းကျင်းကျေးရွာ၊ ဆွောင်းဇန်ကျေးရွာအုပ်စု ဆွောင်းဖန်ကျေးရွာနှင့် ဗန်လိုင် ကျေးရွာများမှ နေအိမ်အချို့ စုစုပေါင်း နေအိမ်(၁၄၅)လုံးမှာ အမိုးသွပ်များလန်ထွက်ခြင်းစသည့် ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပျက်စီးဆုံးရှုံးမှု အသေးစိတ်စာရင်းများကို လူမှုရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ စာရင်းပြုစုဆဲဖြစ်ကြောင်း သိရသည်။
သတင်း - ချယ်ရီထိုက်
~~~~~~~~⊰❂ unicode ~~~~~~~~
ချင်းပြည်နယ် တွန်းဇန်မြို့နယ်၊ ကျီခါးမြို့တွင် ဧပြီလ (၂) ရက်နေ့က လပြေင်းတိုက်ခတ်မှုကြောင့် နေအိမ် (၁၄၅)လုံး ပျက်စီးသွားသဖြင့် ပြည်နယ်အစိုးရက လိုအပ်သည့် ကူညီမှုများ လုပ်ဆောင်ပေးသွားရန် စီစဉ်နေကြောင်း ပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးဆလိုင်းအိုက်ဇက်ခင်ထံမှ သိရသည်။
“နေအိမ်ပျက်စီးမှုကြောင့် အရေးပေါ်ရွှေ့ပြောင်းပေးရတဲ့ အနေအထားတော့ မရှိပါဘူး။ နေအိမ် ပျက်စီးမှုတွေ အတွက် ပြန်လည်ပြုပြင်ဖို့ ပြည်နယ်အစိုးရ ရန်ပုံငွေကနေ ကူညီပေးသွားမှာပါ။ လက်ရှိမှာတော့ ပျက်စီးဆုံးရှုံးမှု စာရင်းကို တွက်ချက်နပြေီး ဘယ်အတိုင်းအတာထိ ကူညီပေးနိုင်မလဲ ဆိုတာတော့ ပြောလို့မရသေးပါဘူး”ဟု ချင်းပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးဆလိုင်းအိုက်ဇက်ခင်က တာချီလိတ်သတင်းအေဂျင်စီကို ပြောသည်။
တွန်းဇံမြို့နယ်၊ ကျီခါးမြို့တွင် ဧပြီလ(၂)ရက်နေ့ ညနေ(၆)နာရီကျော်မှစ၍ လပြေင်းတိုက်ခတ်မှုကြောင့် ကျိီခါးမြို့ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်တို့မှ နေအိမ်အချို့နှင့် မိုးသီးကြွေကျမှုကြောင့် ဟိုင်းကျင်း ကျေးရွာအုပ်စု ဟိုင်းကျင်းကျေးရွာ၊ ဆွောင်းဇန်ကျေးရွာအုပ်စု ဆွောင်းဖန်ကျေးရွာနှင့် ဗန်လိုင် ကျေးရွာများမှ နေအိမ်အချို့ စုစုပေါင်း နေအိမ်(၁၄၅)လုံးမှာ အမိုးသွပ်များလန်ထွက်ခြင်းစသည့် ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပျက်စီးဆုံးရှုံးမှု အသေးစိတ်စာရင်းများကို လူမှုရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ စာရင်းပြုစုဆဲဖြစ်ကြောင်း သိရသည်။
သတင်း - ချယ်ရီထိုက်
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~