ေျမာက္ကိုရီးယားအား တုိက္ခုိက္ပါက ေတာင္ကိုရီးယားရိွ အေနာက္ႏုိင္ငံသားမ်ားကို ဓါးစာခံအျဖစ္ သံုးႏုိင္ဖြယ္ရိွ

ေျမာက္ကိုရီးယားအား တုိက္ခုိက္ပါက ေတာင္ကိုရီးယားရိွ အေနာက္ႏုိင္ငံသားမ်ားကို ဓါးစာခံအျဖစ္ သံုးႏုိင္ဖြယ္ရိွ
ဧပြီ 16, 2017
By Tachileik News Agency

အေမရိကန္က ေျမာက္ကိုရီးယားအား တုိက္ခိုက္ပါက ေတာင္ကိုရီးယားတြင္ ေရာက္ေနသည့္ အေနာက္ႏုိင္ငံသားမ်ားအား ဓါးစာခံအျဖစ္ အသံုးျပဳသြားရန္ ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ံဳအန္က အမိန္႔ေပးထားေၾကာင္း The Sun သတင္းတြင္ ေဖၚျပထားသည္။

ေျမာက္ကိုရီးယား အထူးတပ္ဖြဲ႕အား ရန္သူ႔နယ္ေျမတြင္ စိမ့္ဝင္ထိုးေဖါက္ၿပီး ယင္းကိစၥမ်ား လုပ္ေဆာင္ရန္ အတြက္ အထူးတပ္ဖြဲ႕အား ေလ့က်င့္ေပးထားေၾကာင္း ေျမာက္ကိုရီးယားစစ္တပ္တြင္ လြန္ခဲ့သည့္ (၁၁)ႏွစ္က အထူးတပ္ဖြဲ႕ တပ္ၾကပ္အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သူ Ung-gil Lee က သတင္းဌာနအား ေျပာၾကားျခင္းျဖစ္ေၾကာင္း သိရသည္။

“ကၽြန္ေတာ္တုိ႔က ေတာင္ကိုရီးယားကို ထိုးေဖါက္ဝင္ေရာက္ၿပီး အဝတ္အစားေတြေျပာင္း ႏိုင္ငံျခားသားေတြ အမ်ားစု ေနတဲ့ေနရာကိုဝင္ၿပီး သူတို႔ကို ဖမ္းဆီးရမွာပါ။ ကၽြန္ေတာ္တုိ႔ဆီမွာ လိပ္စာ၊ ဖုန္းနံပါတ္နဲ႔ သံရံုးေတြက အႀကီးအကဲေတြရဲ႕ ကားနံပါတ္ေတြ ရိွေနပါတယ္ ”ဟု ၎က ဆိုသည္။

အဆိုပါ အထူးတပ္ဖြဲ႕အေနျဖင့္ ရန္သူ႔နယ္ေျမအတြင္း ထိုးေဖါက္ဝင္ေရာက္ျခင္းအား ကိုရီးယားစစ္ပြဲၿပီး ကာလကတည္းက ေလ့က်င့္ေနျခင္းျဖစ္ေၾကာင္း သတင္းတြင္ေဖၚျပထားသည္ကို ေတြ႕ရသည္။

Ref; News.com.au


~~~~~~~~⊰❂ unicode ~~~~~~~~

အမေရိကန်က မြောက်ကိုရီးယားအား တိုက်ခိုက်ပါက တောင်ကိုရီးယားတွင် ရောက်နေသည့် အနောက်နိုင်ငံသားများအား ဓားစာခံအဖြစ် အသုံးပြုသွားရန် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က အမိန့်ပေးထားကြောင်း The Sun သတင်းတွင် ဖော်ပြထားသည်။

မြောက်ကိုရီးယား အထူးတပ်ဖွဲ့အား ရန်သူ့နယ်မြေတွင် စိမ့်ဝင်ထိုးဖောက်ပြီး ယင်းကိစ္စများ လုပ်ဆောင်ရန် အတွက် အထူးတပ်ဖွဲ့အား လေ့ကျင့်ပေးထားကြောင်း မြောက်ကိုရီးယားစစ်တပ်တွင် လွန်ခဲ့သည့် (၁၁)နှစ်က အထူးတပ်ဖွဲ့ တပ်ကြပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ Ung-gil Lee က သတင်းဌာနအား ပြောကြားခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့က တောင်ကိုရီးယားကို ထိုးဖောက်ဝင်ရောက်ပြီး အဝတ်အစားတွေပြောင်း နိုင်ငံခြားသားတွေ အများစု နေတဲ့နေရာကိုဝင်ပြီး သူတို့ကို ဖမ်းဆီးရမှာပါ။ ကျွန်တော်တို့ဆီမှာ လိပ်စာ၊ ဖုန်းနံပါတ်နဲ့ သံရုံးတွေက အကြီးအကဲတွေရဲ့ ကားနံပါတ်တွေ ရှိနေပါတယ် ”ဟု၎င်းက ဆိုသည်။

အဆိုပါ အထူးတပ်ဖွဲ့အနဖြေင့် ရန်သူ့နယ်မြေအတွင်း ထိုးဖောက်ဝင်ရောက်ခြင်းအား ကိုရီးယားစစ်ပွဲပြီး ကာလကတည်းက လေ့ကျင့်နခြေင်းဖြစ်ကြောင်း သတင်းတွင်ဖော်ပြထားသည်ကို တွေ့ရသည်။

Ref; News.com.au  

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~