ဒီေမာ့ဆိုၿမိဳ႕နယ္ ေဒါဆိုေရွးေက်းရြာတြင္ လႊတ္ေတာ္ကိုယ္စားလွယ္ႏွင့္ ေက်းရြာသားမ်ား ေျမယာပိုင္ဆိုင္မႈ အျငင္းပြား

ဒီေမာ့ဆိုၿမိဳ႕နယ္ ေဒါဆိုေရွးေက်းရြာတြင္ လႊတ္ေတာ္ကိုယ္စားလွယ္ႏွင့္ ေက်းရြာသားမ်ား ေျမယာပိုင္ဆိုင္မႈ အျငင္းပြား
ဧပြီ 29, 2017
By Tachileik News Agency

ကယားျပည္နယ္ ဒီေမာ့ဆိုၿမိဳ႕နယ္ ေဒါဆိုေရွးေက်းရြာမွ ေျမ(၅)ဧကပိုင္ဆုိင္မႈႏွင့္ ပတ္သက္၍ လိြဳင္ေကာ္ၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ႏွင့္ ေက်းရြာသားမ်ား အျငင္းပြားမႈ ျဖစ္ပြားေနေၾကာင္း သိရသည္။

ယခင္က စိုက္ပ်ိဳးျခင္းမရိွဘဲထားသည့္ ေျမ (၅)ဧကတြင္ ေက်းရြာရန္ပံုေငြအျဖစ္ စိုက္ပ်ိဳးရန္ ေက်းရြာသားမ်ားက ဧၿပီလ (၂၃)ရက္ေန႔က စတင္ထြန္ယက္ရာ လိြဳင္ေကာ္ၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားျဖစ္သူ ဦးေရွရယ္ရႈေမာင္က အဆိုပါ ေျမေနရာမွာ ၎လႊတ္ေတာ္ကိုယ္စားလွယ္ မျဖစ္မီကတည္းက ပိုင္ဆိုင္ထားသည့္ ေျမယာျဖစ္ေၾကာင္း အသိေပးလာျခင္းျဖစ္သည္ဟု သိရသည္။

“သူက သူပိုင္တယ္ေပါ့ သူ႕ေျမဆိုၿပီး ျပန္ေျပာဖို႔ လာေျပာတယ္။ သူ႔မွာလည္း ဘာအေထာက္အထားမွ မရွိသလို သူပိုင္တယ္ဆိုတာ အဲဒီေန႔ကမွ ၾကားရတာ။ ကၽြန္ေတာ္တို႔က ရြာရဲ႕စာသင္ေက်ာင္းေဆာက္ဖို႕ အဲဒီေျမကို ထားထားတာ ၾကာၿပီ။ ဘယ္သူ႕ကိုမွလည္း ေပးမလုပ္ဘူး။ တစ္ရြာလုံးက ကန္႕ကြက္ထားတာ”ဟု ေဒါဆိုေရွးရြာသား ကိုေသာမက္က ေျပာသည္။

အဆိုပါ ေျမ(၅)ဧကေက်ာ္တြင္ ၂၀၁၅ ခုႏွစ္က ထြန္ယက္စိုက္ပ်ိဳးရန္ စီစဥ္ေနသူႏွစ္ဦးအား ေက်းရြာမွ ကန္႔ကြက္သျဖင့္ ေျဖရွင္းေပးခဲ့ရဖူးေၾကာင္း ၂၀၁၅ ခုႏွစ္တြင္ ေက်းရြာအုပ္စု ဥကၠဌ တာဝန္ထမ္းေဆာင္ခဲ့သည့္ ဦးအာဗရာဟန္ၿငိမ္းထံမွ သိရသည္။

“ဦးေလးလက္ထက္တုန္းက ေျဖရွင္းေပးခဲ့ဖူးတယ္။ ရြာသားေတြနဲ႕ ညိႇႏိႈင္းတိုင္ပင္ေပးခဲ့တာေပါ့။ အဲဒီတုန္းက အေျဖမရခဲ့ဘူး။ ရြာမိရြာဖေတြ ရြာသားေတြက လက္မွတ္ထိုးၿပီး ကန္႔ကြက္တယ္။ ထိန္းသိမ္းထားခဲ့တာေပါ့။ ဦးေလး သိသေလာက္ကေတာ့ ဒီေျမက ဘယ္သူမွ မပိုင္ဘူး ”ဟု ဦးအာဗရာဟန္ၿငိမ္းက ေျပာသည္။

အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေရွးရယ္ရႈေမာင္က ၎ပိုင္ဆုိင္သည့္ ေျမယာျဖစ္သျဖင့္ ခြင့္ျပဳခ်က္ ေတာင္းခံပါက ေျမယာတစ္ဝက္အား လွဴဒါန္းမည္ဟု ဧၿပီလ (၂၆)ရက္ေန႔က ေဒါဆိုေရွး ေက်းရြာသားမ်ားအား ညိႇႏိႈင္းေသာ္လည္း ၎၏ ညိႇႏိႈင္းမႈအား ေက်းရြာက လက္ခံျခင္း မရိွခဲ့ေၾကာင္း သိရသည္။

သတင္း - ဆန္းၿဖိဳးထြန္း


~~~~~~~~⊰❂ unicode ~~~~~~~~
ဒီမော့ဆိုမြို့နယ် ဒေါဆိုရှေးကျေးရွာတွင် လွှတ်တော်ကိုယ်စားလှယ်နှင့် ကျေးရွာသားများ မြေယာပိုင်ဆိုင်မှု အငြင်းပွား

ကယားပြည်နယ် ဒီမော့ဆိုမြို့နယ် ဒေါဆိုရှေးကျေးရွာမှ မြေ(၅)ဧကပိုင်ဆိုင်မှုနှင့် ပတ်သက်၍ လွိုင်ကော်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နှင့် ကျေးရွာသားများ အငြင်းပွားမှု ဖြစ်ပွားနေကြောင်း သိရသည်။

ယခင်က စိုက်ပျိုးခြင်းမရှိဘဲထားသည့် မြေ (၅)ဧကတွင် ကျေးရွာရန်ပုံငွေအဖြစ် စိုက်ပျိုးရန် ကျေးရွာသားများက ဧပြီလ (၂၃)ရက်နေ့က စတင်ထွန်ယက်ရာ လွိုင်ကော်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားဖြစ်သူ ဦးရှေရယ်ရှုမောင်က အဆိုပါ မြေနေရာမှာ၎င်းလွှတ်တော်ကိုယ်စားလှယ် မဖြစ်မီကတည်းက ပိုင်ဆိုင်ထားသည့် မြေယာဖြစ်ကြောင်း အသိပေးလာခြင်းဖြစ်သည်ဟု သိရသည်။

“သူက သူပိုင်တယ်ပေါ့ သူ့မြေဆိုပြီး ပြန်ပြောဖို့ လာပြောတယ်။ သူ့မှာလည်း ဘာအထောက်အထားမှ မရှိသလို သူပိုင်တယ်ဆိုတာ အဲဒီနေ့ကမှ ကြားရတာ။ ကျွန်တော်တို့က ရွာရဲ့စာသင်ကျောင်းဆောက်ဖို့ အဲဒီမြေကို ထားထားတာ ကြာပြီ။ ဘယ်သူ့ကိုမှလည်း ပေးမလုပ်ဘူး။ တစ်ရွာလုံးက ကန့်ကွက်ထားတာ”ဟု ဒေါဆိုရှေးရွာသား ကိုသောမက်က ပြောသည်။

အဆိုပါ မြေ(၅)ဧကကျော်တွင် ၂၀၁၅ ခုနှစ်က ထွန်ယက်စိုက်ပျိုးရန် စီစဉ်နေသူနှစ်ဦးအား ကျေးရွာမှ ကန့်ကွက်သဖြင့် ဖြေရှင်းပေးခဲ့ရဖူးကြောင်း ၂၀၁၅ ခုနှစ်တွင် ကျေးရွာအုပ်စု ဥက္ကဌ တာဝန်ထမ်းဆောင်ခဲ့သည့် ဦးအာဗရာဟန်ငြိမ်းထံမှ သိရသည်။

“ဦးလေးလက်ထက်တုန်းက ဖြေရှင်းပေးခဲ့ဖူးတယ်။ ရွာသားတွေနဲ့ ညှိနှိုင်းတိုင်ပင်ပေးခဲ့တာပေါ့။ အဲဒီတုန်းက အဖြေမရခဲ့ဘူး။ ရွာမိရွာဖတွေ ရွာသားတွေက လက်မှတ်ထိုးပြီး ကန့်ကွက်တယ်။ ထိန်းသိမ်းထားခဲ့တာပေါ့။ ဦးလေး သိသလောက်ကတော့ ဒီမြေက ဘယ်သူမှ မပိုင်ဘူး ”ဟု ဦးအာဗရာဟန်ငြိမ်းက ပြောသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရှေးရယ်ရှုမောင်က၎င်းပိုင်ဆိုင်သည့် မြေယာဖြစ်သဖြင့် ခွင့်ပြုချက် တောင်းခံပါက မြေယာတစ်ဝက်အား လှူဒါန်းမည်ဟု ဧပြီလ (၂၆)ရက်နေ့က ဒေါဆိုရှေး ကျေးရွာသားများအား ညှိနှိုင်းသော်လည်း၎င်း၏ ညှိနှိုင်းမှုအား ကျေးရွာက လက်ခံခြင်း မရှိခဲ့ကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~