ရွမ္းျပည္နယ္အတြင္း လုိင္စင္မဲ့ဆိုင္ကယ္မ်ားအား ေရွာင္တခင္စစ္ေဆးမႈ ဇြန္လတြင္ လုပ္ေဆာင္မည္

ရွမ္းျပည္နယ္အတြင္း လုိင္စင္မဲ့ဆိုင္ကယ္မ်ားအား ေရွာင္တခင္စစ္ေဆးမႈ ဇြန္လတြင္ လုပ္ေဆာင္မည္
ဧပြီ 18, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အတြင္း လိုင္စင္မဲ့ေမာ္ေတာ္ဆုိင္ကယ္မ်ားအား ဇြန္လတြင္ ေရွာင္တခင္စစ္ေဆးမႈမ်ား လုပ္ေဆာင္ၿပီး လိုင္စင္မျဖစ္မေန လုပ္ေဆာင္ေစမည္ ျဖစ္ေၾကာင္း သိရသည္။

“ပူးေပါင္းအဖြဲ႕နဲ႔ စစ္တဲ့ခ်ိန္မွာ စစ္ေဆးေတြ႕ရွိၿပီးရင္ေတာ့ လိုင္စင္ မလုပ္မေနရဆိုၿပီး ျဖစ္သြားမယ္။ အခု ျဖစ္ေနတာက ပုိင္ရွင္ရဲ႕ဆႏၵအရ လုပ္ေနတာျဖစ္တယ္။ ေနာက္ဆိုရင္ေတာ့ ၿမိဳ႕နယ္မ်ားကေန စစ္ေဆးေရး အဖြဲ႕မ်ားနဲ႔ ေဆာင္ရြက္စစ္ေဆးၿပီးေတာ့ မလုပ္မေန ျဖစ္သြားမွာပါ။ စီးေနတဲ့ ဆိုင္ကယ္တင္ မကဘူး ဌာနပိုင္၊ ပုဂၢလိကပိုင္ အေရာင္းျပခန္းအေရာင္းဆိုင္ေတြေရာ အကုန္ပါ ပါတယ္။ ေမာ္ေတာ္ဆိုင္ကယ္ မွန္သမွ်အကုန္ လိုင္စင္လုပ္ရေတာ့မွာပါ” ဟု ရွမ္းျပည္နယ္ ကုန္းလမ္းပုိ႔ေဆာင္ေရး ညႊန္ၾကားမႈဦးစီးဌာန ညႊန္ၾကားေရးမွဴး ဦးေ၀လင္းေအာင္က ေျပာသည္။

၂၀၁၇ ခုႏွစ္ မတ္လ(၁)ရက္ေန႔မွစ၍ ရွမ္းျပည္နယ္အတြင္း လိုင္စင္မဲ့ဆိုင္ကယ္မ်ား မွတ္ပံုတင္ျခင္းကို ျပည္နယ္အတြင္း ကုန္းလမ္းပို႔ေဆာင္ေရး ညြန္ၾကားမႈ ဦးစီးဌာနရံုးမ်ားတြင္ အပတ္စဥ္ ဗုဒၶဟူးေန႔တုိင္း လုပ္ေဆာင္ေပးေနျခင္းကို ဧၿပီလတြင္ ေခတၱရပ္နားၿပီး ေမလတြင္ ပံုမွန္အတုိင္း ျပန္လည္ လုပ္ေဆာင္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

လိုင္စင္မဲ့ဆုိင္ကယ္မ်ားအား ပူးေပါင္းအဖြဲ႔ျဖင့္ စစ္ေဆးခ်ိန္တြင္ လုိင္စင္ျပဳလုပ္ထားျခင္းမရိွသည့္ ဆိုင္ကယ္မ်ားအား ဒဏ္ေၾကးေပးေဆာင္ေစ၍ လုိင္စင္ျပဳလုပ္ေစမည္ျဖစ္ၿပီး လိုင္စင္မလုပ္လိုပါက ပို႕ကုန္သြင္းကုန္ဥပေဒအရ သက္ဆိုင္ရာတရားရံုးတြင္ တရားစြဲဆိုၿပီး လိုင္စင္မဲ့ ေမာ္ေတာ္ဆိုင္ကယ္အား ျပည္သူ႕ဘ႑ာအျဖစ္ သိမ္းဆည္းမည္ျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အတြင္း ကုန္းလမ္းပုိ႔ေဆာင္ေရး ညႊန္ၾကားမႈဦးစီးဌာနရံုးမ်ားဖြင့္လွစ္ထားသည့္ ရွမ္းျပည္နယ္ ေတာင္ပုိင္းတြင္ ေတာင္ႀကီး၊ လြဳိင္လင္ႏွင့္ ေအာင္ပန္း၊ ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ လားရိႈး၊ ေက်ာက္မဲႏွင့္ မူဆယ္၊ ရွမ္းျပည္နယ္အေရွ႕ပိုင္းတြင္ က်ဳိင္းတံုႏွင့္ တာခ်ီလိတ္တို႔တြင္ လိုင္စင္မဲ့ဆိုင္ကယ္မ်ား မွတ္ပံုတင္ျခင္းကို လုပ္ေဆာင္ႏုိင္ေၾကာင္း သိရသည္။

သတင္း - ႏိုႏို


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အတွင်း လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များအား ဇွန်လတွင် ရှောင်တခင်စစ်ဆေးမှုများ လုပ်ဆောင်ပြီး လိုင်စင်မဖြစ်မနေ လုပ်ဆောင်စေမည်ဖြစ်ကြောင်း သိရသည်။

“ပူးပေါင်းအဖွဲ့နဲ့ စစ်တဲ့ချိန်မှာ စစ်ဆေးတွေ့ရှိပြီးရင်တော့ လိုင်စင် မလုပ်မနေရဆိုပြီး ဖြစ်သွားမယ်။ အခု ဖြစ်နေတာက ပိုင်ရှင်ရဲ့ဆန္ဒအရ လုပ်နေတာဖြစ်တယ်။ နောက်ဆိုရင်တော့ မြို့နယ်များကနေ စစ်ဆေးရေး အဖွဲ့များနဲ့ ဆောင်ရွက်စစ်ဆေးပြီးတော့ မလုပ်မနေ ဖြစ်သွားမှာပါ။ စီးနေတဲ့ ဆိုင်ကယ်တင် မကဘူး ဌာနပိုင်၊ ပုဂ္ဂလိကပိုင် အရောင်းပြခန်းအရောင်းဆိုင်တွေရော အကုန်ပါ ပါတယ်။ မော်တော်ဆိုင်ကယ် မှန်သမျှအကုန် လိုင်စင်လုပ်ရတော့မှာပါ” ဟု ရှမ်းပြည်နယ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးေဝလင်းအောင်က ပြောသည်။

၂၀၁၇ ခုနှစ် မတ်လ(၁)ရက်နေ့မှစ၍ ရှမ်းပြည်နယ်အတွင်း လိုင်စင်မဲ့ဆိုင်ကယ်များ မှတ်ပုံတင်ခြင်းကို ပြည်နယ်အတွင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှု ဦးစီးဌာနရုံးများတွင် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း လုပ်ဆောင်ပေးနခြေင်းကို ဧပြီလတွင် ခေတ္တရပ်နားပြီး မေလတွင် ပုံမှန်အတိုင်း ပြန်လည် လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လိုင်စင်မဲ့ဆိုင်ကယ်များအား ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးချိန်တွင် လိုင်စင်ပြုလုပ်ထားခြင်းမရှိသည့် ဆိုင်ကယ်များအား ဒဏ်ကြေးပေးဆောင်စေ၍ လိုင်စင်ပြုလုပ်စေမည်ဖြစ်ပြီး လိုင်စင်မလုပ်လိုပါက ပို့ကုန်သွင်းကုန်ဥပဒေအရ သက်ဆိုင်ရာတရားရုံးတွင် တရားစွဲဆိုပြီး လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်အား ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံးများဖွင့်လှစ်ထားသည့် ရှမ်းပြည်နယ် တောင်ပိုင်းတွင် တောင်ကြီး၊ လွိုင်လင်နှင့် အောင်ပန်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လားရှိုး၊ ကျောက်မဲနှင့် မူဆယ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ကျိုင်းတုံနှင့် တာချီလိတ်တို့တွင် လိုင်စင်မဲ့ဆိုင်ကယ်များ မှတ်ပုံတင်ခြင်းကို လုပ်ဆောင်နိုင်ကြောင်း သိရသည်။

သတင်း - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~