ေက်ာက္မဲၿမိဳ႕တြင္ ဆက္ေၾကးေကာက္ျခင္းႏွင့္ ျပန္ေပးဆြဲခံရသည့္ သတင္းမ်ား မမွန္ကန္ဟုဆို

ေက်ာက္မဲၿမိဳ႕တြင္ ဆက္ေၾကးေကာက္ျခင္းႏွင့္ ျပန္ေပးဆြဲခံရသည့္ သတင္းမ်ား မမွန္ကန္ဟုဆို
ဧပြီ 25, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕ရွိ စီးပြားေရးလုပ္ငန္းရွင္အခ်ိဳ႕အား လက္နက္ကိုင္တပ္ဖြဲ႔တစ္ခုမွ သိန္း ေထာင္ခ်ီ၍ ဆက္ေၾကးေကာက္ခံျခင္းႏွင့္ ျပန္ေပးဆြဲျခင္းမ်ားျပဳလုပ္ေနသည္ဟု သတင္းမ်ား ထြက္ေပၚေနျခင္းမွာ မမွန္ကန္ေၾကာင္း ဧၿပီလ (၂၅) ရက္ေန႔တြင္ ရဲတပ္ဖြဲ႕ႏွင့္ လုပ္ငန္းရွင္မ်ားထံမွ သိရသည္။

“အျပင္မွာေတာ့ အဲဒီလို ဆက္ေၾကးေကာက္ခံတယ္ဆိုတာ ေျပာေတာ့ ေျပာေနၾကတာပဲ။ ကြ်န္မတို႔ဆီ ကိုေတာ့ အဲဒီလို စာပို႔ၿပီးေတာင္းခံတာမရွိပါဘူး။ အရင္ကလည္း တစ္ခါမွမရွိခဲ့ဖူးပါဘူး။ ဒါေပမယ့္ ေက်ာက္မဲမွာကေတာ့ စီးပြားေရး လုပ္ငန္းရွင္ေတြကို တစ္ႏွစ္တစ္ခါ အဲဒီလိုစာပို႔ၿပီး ေငြေၾကး ေတာင္းခံတယ္လို႔ေတာ့ တစ္ၿမိဳ႕လံုးမွာ သတင္းထြက္ေန ၾကားေနရတာပါပဲ”ဟု ေက်ာက္မဲၿမိဳ႕ရွိ ေရႊႏွင့္လက္ဝတ္ရတနာေရာင္းခ်သည့္ ဆိုင္ရွင္တစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

၂၀၁၇ ခုႏွစ္ ဧၿပီလအတြင္း ေက်ာက္မဲၿမိဳ႕ရွိ စီးပြားေရးလုပ္ငန္းရွင္ အမ်ိဳးသမီးတစ္ဦးအား ျပန္ေပးဆြဲထားၿပီး ေရႊႏွင့္လက္ဝတ္ရတနာဆိုင္မ်ားအား စာပို႔၍ က်ပ္သိန္း(၁၀၀၀)ခန္႔ ေငြေၾကးေတာင္းခံေနေၾကာင္း သတင္းမ်ား ထြက္ေပၚေနျခင္းျဖစ္သည္။

“အဲဒီလိုမ်ိဳး ျပန္ေပးဆြဲတာ ေငြေတာင္းတာေတြေတာ့ မၾကားမိပါဘူးဗ်။ တကယ္လို႔ အဲဒီလို ကိစၥရွိခဲ့တယ္ဆိုရင္ ကြ်န္ေတာ္တို႔သိရမွာပါ။ ေလာေလာဆယ္ေတာ့ အဲဒီလိုေငြေတာင္းတာ ျပန္ေပးဆြဲတာမ်ိဳးေတြ မၾကားထားပါဘူး။ ေက်ာက္မဲၿမိဳ႕နယ္အတြင္းမွာ အဲဒီလိုကိစၥမ်ိဳးမရွိဖူးေသးပါဘူး”ဟု ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွ ရဲအရာရွိတစ္ဦးက ေျပာသည္။

၂၀၁၆ ခုႏွစ္တြင္ ေက်ာက္မဲၿမိဳ႕နယ္အတြင္းရွိ စက္သံုးဆီအေရာင္းဆိုင္ႀကီးမ်ားႏွင့္ ေမြးျမဴေရး လုပ္ငန္းလုပ္ကိုင္သည့္ စီးပြားေရးလုပ္ငန္းရွင္မ်ားအား လက္နက္ကိုင္တပ္ဖြဲ႔တစ္ခုမွ ေငြေၾကးေကာက္ခံသည့္ အေၾကာင္းၾကားစာမ်ား ပို႔ေဆာင္ခဲ့ဖူးေၾကာင္း အမည္မေဖာ္လိုသူ လုပ္ငန္းရွင္တစ္ဦးက ေျပာသည္။

“မႏွစ္ကေတာ့ရွိတယ္။ သူတို႔က စာေရးၿပီး ဆက္သားန႔ဲပို႔ခိုင္းတာ။ ေမြးျမဴေရးလုပ္ငန္းလုပ္တဲ့သူေတြ စုၿပီးေတာ့ သြားပို႔ေပးရတာ။ ဘယ္သူက တိုင္တန္းရဲမွာလဲ။ မသကာဗံုးနဲ႔လာခြဲသြားရင္ သူတို႔ေတာင္းတာထက္ပိုၿပီးေတာ့ ဆံုးရႈံးရမွာေလ။ မေပးပဲေတာ့ေနလို႔မရဘူး။ ဒါေပမယ့္ ကိုယ္တတ္ႏိုင္တဲ့အတိုင္းအတာထိေတာ့ ေစ်းဆစ္လို႔ရပါတယ္။ ဒီႏွစ္အတြက္ကေတာ့ အဲဒီလိုလာေတာင္းခံတာမ်ိဳး မရွိေသးဘူး”ဟု ေက်ာက္မဲတြင္ ၾကက္ေမြးျမဴေရးလုပ္ကိုင္သူ အမည္မေဖာ္လိုသူ တစ္ဦးက ေျပာသည္။

သတင္း - ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ရှိ စီးပွားရေးလုပ်ငန်းရှင်အချို့အား လက်နက်ကိုင်တပ်ဖွဲ့တစ်ခုမှ သိန်း ထောင်ချီ၍ ဆက်ကြေးကောက်ခံခြင်းနှင့် ပြန်ပေးဆွဲခြင်းများပြုလုပ်နေသည်ဟု သတင်းများ ထွက်ပေါ်နခြေင်းမှာ မမှန်ကန်ကြောင်း ဧပြီလ (၂၅) ရက်နေ့တွင် ရဲတပ်ဖွဲ့နှင့် လုပ်ငန်းရှင်များထံမှ သိရသည်။

“အပြင်မှာတော့ အဲဒီလို ဆက်ကြေးကောက်ခံတယ်ဆိုတာ ပြောတော့ ပြောနကြေတာပဲ။ ကျွန်မတို့ဆီ ကိုတော့ အဲဒီလို စာပို့ပြီးတောင်းခံတာမရှိပါဘူး။ အရင်ကလည်း တစ်ခါမှမရှိခဲ့ဖူးပါဘူး။ ဒါပေမယ့် ကျောက်မဲမှာကတော့ စီးပွားရေး လုပ်ငန်းရှင်တွေကို တစ်နှစ်တစ်ခါ အဲဒီလိုစာပို့ပြီး ငွေကြေး တောင်းခံတယ်လို့တော့ တစ်မြို့လုံးမှာ သတင်းထွက်နေ ကြားနေရတာပါပဲ”ဟု ကျောက်မဲမြို့ရှိ ရွှေနှင့်လက်ဝတ်ရတနာရောင်းချသည့် ဆိုင်ရှင်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

၂၀၁၇ ခုနှစ် ဧပြီလအတွင်း ကျောက်မဲမြို့ရှိ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ဦးအား ပြန်ပေးဆွဲထားပြီး ရွှေနှင့်လက်ဝတ်ရတနာဆိုင်များအား စာပို့၍ ကျပ်သိန်း(၁၀၀၀)ခန့် ငွေကြေးတောင်းခံနေကြောင်း သတင်းများ ထွက်ပေါ်နခြေင်းဖြစ်သည်။

“အဲဒီလိုမျိုး ပြန်ပေးဆွဲတာ ငွေတောင်းတာတွေတော့ မကြားမိပါဘူးဗျ။ တကယ်လို့ အဲဒီလို ကိစ္စရှိခဲ့တယ်ဆိုရင် ကျွန်တော်တို့သိရမှာပါ။ လောလောဆယ်တော့ အဲဒီလိုငွေတောင်းတာ ပြန်ပေးဆွဲတာမျိုးတွေ မကြားထားပါဘူး။ ကျောက်မဲမြို့နယ်အတွင်းမှာ အဲဒီလိုကိစ္စမျိုးမရှိဖူးသေးပါဘူး”ဟု မြို့နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

၂၀၁၆ ခုနှစ်တွင် ကျောက်မဲမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်ကြီးများနှင့် မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သည့် စီးပွားရေးလုပ်ငန်းရှင်များအား လက်နက်ကိုင်တပ်ဖွဲ့တစ်ခုမှ ငွေကြေးကောက်ခံသည့် အကြောင်းကြားစာများ ပို့ဆောင်ခဲ့ဖူးကြောင်း အမည်မဖော်လိုသူ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“မနှစ်ကတော့ရှိတယ်။ သူတို့က စာရေးပြီး ဆက်သားနဲ့ပို့ခိုင်းတာ။ မွေးမြူရေးလုပ်ငန်းလုပ်တဲ့သူတွေ စုပြီးတော့ သွားပို့ပေးရတာ။ ဘယ်သူက တိုင်တန်းရဲမှာလဲ။ မသကာဗုံးနဲ့လာခွဲသွားရင် သူတို့တောင်းတာထက်ပိုပြီးတော့ ဆုံးရှုံးရမှာလေ။ မပေးပဲတော့နေလို့မရဘူး။ ဒါပေမယ့် ကိုယ်တတ်နိုင်တဲ့အတိုင်းအတာထိတော့ ဈေးဆစ်လို့ရပါတယ်။ ဒီနှစ်အတွက်ကတော့ အဲဒီလိုလာတောင်းခံတာမျိုး မရှိသေးဘူး”ဟု ကျောက်မဲတွင် ကြက်မွေးမြူရေးလုပ်ကိုင်သူ အမည်မဖော်လိုသူ တစ်ဦးက ပြောသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~