ကြတ္ခိုင္ၿမိဳ႕ KBC - 2 စစ္ေရွာင္စခန္းရိွ မူးယစ္ေဆးစြဲသူမ်ားအား (၃)လစီမံခ်က္ျဖင့္ ေဆးျဖတ္ေပးေန

ကြတ္ခိုင္ၿမိဳ႕ KBC - 2 စစ္ေရွာင္စခန္းရိွ မူးယစ္ေဆးစြဲသူမ်ားအား (၃)လစီမံခ်က္ျဖင့္ ေဆးျဖတ္ေပးေန
ဧပြီ 23, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ကြတ္ခိုင္ၿမိဳ႕ အမွတ္(၆)ရပ္ကြက္မွ KBC-2 စစ္ေဘးေရွာင္စခန္းရွိ မူးယစ္ေဆးစြဲေနသူ (၂၃)ဦးအား မတ္လမွ စတင္၍ (၃)လ စီမံခ်က္ျဖင့္ မူးယစ္ေဆးျဖတ္လုပ္ငန္းမ်ား လုပ္ေဆာင္ ေပးလ်က္ရွိေၾကာင္း စခန္းတာဝန္ခံထံမွ သိရသည္။

ကြတ္ခိုင္ၿမိဳ႕ ေျမာက္ဘက္( ၉) မိုင္ခန္႔အကြာရွိ မန္လံုေက်းရြာႏွင့္ (၁၄) မိုင္ခန္႔အကြာ ေကာင္းလိန္ေက်းရြာ မွ ၂၀၁၆ ခုႏွစ္ ဒီဇင္ဘာလ (၁၉) ရက္မွစ၍ ကြတ္ခိုင္ၿမိဳ႕သို႔ စစ္ေဘးတိမ္းေရွာင္လာသည့္ အိမ္ေထာင္စု(၄၅)စုမွ လူဦးေရ (၂၁၉) ဦးတြင္ မူးယစ္ေဆးစြဲအမ်ိဳးသား (၂၇) ဦးပါဝင္လာသည့္အတြက္ ၎တို႔အား မူးယစ္ေဆးျဖတ္ေပးႏိုင္ရန္ လုပ္ေဆာင္ေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။

“စုစုေပါင္းကေတာ့ မူးယစ္ေဆးစြဲေနသူက (၂၇)ဦးရွိတယ္။ (၄)ဦးက စည္းကမ္းမလိုက္နာႏိုင္တဲ့အတြက္ သူတို႔ သေဘာတူညီမႈနဲ႔ ေဆြမ်ိဳးေတြဆီမွာသြားေနေနၾကတယ္။ စခန္းမွာက (၂၃)ဦးက်န္တယ္။ မူးယစ္ေဆးျဖတ္ လုပ္ငန္းေတြလုပ္ေပးေနတဲ့အတြက္ သူတို႔ကို စခန္းထဲကေနအျပင္မထြက္ဖို႔ ေစာင့္ၾကပ္ ေပးေနရတယ္။ အဟာရ ရွိတာေတြေကြ်းႏိုင္ဖို႔စီစဥ္ေပးရတယ္။ အခ်ိန္ျပည့္ေစာင့္ေရွာက္ေပးဖို႔အတြက္ ကြတ္ခိုင္လူငယ္ အဖြဲ႔အစည္းကေန တစ္ေန႔ကို လူအင္အား (၆)ေယာက္ေလာက္နဲ႔လာၿပီး ေစာင့္ၾကပ္ေပးေနရတယ္။ ေဆးျဖတ္ ေပးေနရတဲ့သူေတြ အတြက္ရယ္ ၊ လာကူညီေနတဲ့ လူငယ္ေတြ အတြက္ရယ္ အေထာက္အပံ့ေလးေတြေတာ့ လိုအပ္မႈရွိေနပါတယ္”ဟု ကြတ္ခိုင္ၿမိဳ႕ KBC-2 စစ္ေဘးေရွာင္စခန္းမွ တာဝန္ခံ ဆရာမ ဘီေဘာက္ေထာင္က ေျပာသည္။

အဆိုပါစစ္ေရွာင္စခန္းစတင္ဖြင့္လွစ္စဥ္က အိမ္ေထာင္စု (၄၅)စုမွ လူဦးေရ(၂၁၉)ဦးရွိခဲ့ေသာ္လည္း အခ်ိဳ႔မွာ စခန္းမွ ျပန္လည္ထြက္ခြာသြားသည့္အတြက္ လက္ရွိတြင္ အိမ္ေထာင္စု(၄၀)မွ လူဦးေရ (၂၀၀)ဝန္းက်င္သာရွိေတာ့ေၾကာင္း သိရသည္။

“အဓိကလိုအပ္ခ်က္ကေတာ့ စခန္းမွာရွိတဲ့ စစ္ေဘးေရွာင္အားလံုးအတြက္ ေန႔စဥ္လိုအပ္ခ်က္ေတြျဖစ္တဲ့ ဆပ္ျပာ တို႔ ဆန္တို႔ ဆားတို႔ ဆီတို႔ ေတြေပါ့။ ဒီလထဲမွာပဲ အဖြဲ႔တစ္ခုကလာေရာက္ၿပီး စစ္ေရွာင္ေတြ အတြက္ ဆန္ အိတ္(၂၀) လွဴထားတာရွိတယ္။ ၿပီးေတာ့ ရန္ကုန္ကလာတဲ့ အဖြဲ႔တစ္ဖြဲ႔ကလည္း လူတစ္ဦးစီ အတြက္ က်ပ္ (၇၀၀၀) စီ လွဴဒါန္းထားတာရွိတဲ့အတြက္ ဒီလအတြက္ကေတာ့ အဆင္ေျပတယ္ ဆိုေပမယ့္ စခန္းက ဘယ္ေလာက္ၾကာေအာင္ ဖြင့္ထားရမလဲ မသိေသးတာေႀကာင့္ စားနပ္ရိကၡာ ဆန္၊ ဆီ၊ ဆား စတာေတြ လိုအပ္ခ်က္ေတြရွိေနတုန္းပါပဲ”ဟု စခန္းတာဝန္ခံကေျပာသည္။

KBC-2 စစ္ေရွာင္စခန္းအား ကြတ္ခိုင္ၿမိဳ႕ အမွတ္ (၆) ရပ္ကြက္ မူႀကိဳေက်ာင္းဝန္းအတြင္း ၿခံစည္းရိုး၊ ၿခံတံခါးမ်ားျဖင့္ လံုၿခံဳစြာကာရံထားၿပီး စခန္းအတြင္း လူအဝင္အထြက္ကို စနစ္တက် လုပ္ေဆာင္ေပးေနေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ကွတ်ခိုင်မြို့ KBC - 2 စစ်ရှောင်စခန်းရှိ မူးယစ်ဆေးစွဲသူများအား (၃)လစီမံချက်ဖြင့် ဆေးဖြတ်ပေးနေ

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့ အမှတ်(၆)ရပ်ကွက်မှ KBC-2 စစ်ဘေးရှောင်စခန်းရှိ မူးယစ်ဆေးစွဲနေသူ (၂၃)ဦးအား မတ်လမှ စတင်၍ (၃)လ စီမံချက်ဖြင့် မူးယစ်ဆေးဖြတ်လုပ်ငန်းများ လုပ်ဆောင် ပေးလျက်ရှိကြောင်း စခန်းတာဝန်ခံထံမှ သိရသည်။

ကွတ်ခိုင်မြို့ မြောက်ဘက်( ၉) မိုင်ခန့်အကွာရှိ မန်လုံကျေးရွာနှင့် (၁၄) မိုင်ခန့်အကွာ ကောင်းလိန်ကျေးရွာ မှ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ (၁၉) ရက်မှစ၍ ကွတ်ခိုင်မြို့သို့ စစ်ဘေးတိမ်းရှောင်လာသည့် အိမ်ထောင်စု(၄၅)စုမှ လူဦးရေ (၂၁၉) ဦးတွင် မူးယစ်ဆေးစွဲအမျိုးသား (၂၇) ဦးပါဝင်လာသည့်အတွက်၎င်းတို့အား မူးယစ်ဆေးဖြတ်ပေးနိုင်ရန် လုပ်ဆောင်ပေးနခြေင်းဖြစ်ကြောင်း သိရသည်။

“စုစုပေါင်းကတော့ မူးယစ်ဆေးစွဲနေသူက (၂၇)ဦးရှိတယ်။ (၄)ဦးက စည်းကမ်းမလိုက်နာနိုင်တဲ့အတွက် သူတို့ သဘောတူညီမှုနဲ့ ဆွေမျိုးတွေဆီမှာသွားနေနကြေတယ်။ စခန်းမှာက (၂၃)ဦးကျန်တယ်။ မူးယစ်ဆေးဖြတ် လုပ်ငန်းတွေလုပ်ပေးနေတဲ့အတွက် သူတို့ကို စခန်းထဲကနေအပြင်မထွက်ဖို့ စောင့်ကြပ် ပေးနေရတယ်။ အဟာရ ရှိတာတွေကျွေးနိုင်ဖို့စီစဉ်ပေးရတယ်။ အချိန်ပြည့်စောင့်ရှောက်ပေးဖို့အတွက် ကွတ်ခိုင်လူငယ် အဖွဲ့အစည်းကနေ တစ်နေ့ကို လူအင်အား (၆)ယောက်လောက်နဲ့လာပြီး စောင့်ကြပ်ပေးနေရတယ်။ ဆေးဖြတ် ပေးနေရတဲ့သူတွေ အတွက်ရယ်၊ လာကူညီနေတဲ့ လူငယ်တွေ အတွက်ရယ် အထောက်အပံ့လေးတွေတော့ လိုအပ်မှုရှိနေပါတယ်”ဟု ကွတ်ခိုင်မြို့ KBC-2 စစ်ဘေးရှောင်စခန်းမှ တာဝန်ခံ ဆရာမ ဘီဘောက်ထောင်က ပြောသည်။

အဆိုပါစစ်ရှောင်စခန်းစတင်ဖွင့်လှစ်စဉ်က အိမ်ထောင်စု (၄၅)စုမှ လူဦးရေ(၂၁၉)ဦးရှိခဲ့သော်လည်း အချို့မှာ စခန်းမှ ပြန်လည်ထွက်ခွာသွားသည့်အတွက် လက်ရှိတွင် အိမ်ထောင်စု(၄၀)မှ လူဦးရေ (၂၀၀)ဝန်းကျင်သာရှိတော့ကြောင်း သိရသည်။

“အဓိကလိုအပ်ချက်ကတော့ စခန်းမှာရှိတဲ့ စစ်ဘေးရှောင်အားလုံးအတွက် နေ့စဉ်လိုအပ်ချက်တွဖြေစ်တဲ့ ဆပ်ပြာ တို့ ဆန်တို့ ဆားတို့ ဆီတို့ တွေပေါ့။ ဒီလထဲမှာပဲ အဖွဲ့တစ်ခုကလာရောက်ပြီး စစ်ရှောင်တွေ အတွက် ဆန် အိတ်(၂၀) လှူထားတာရှိတယ်။ ပြီးတော့ ရန်ကုန်ကလာတဲ့ အဖွဲ့တစ်ဖွဲ့ကလည်း လူတစ်ဦးစီ အတွက် ကျပ် (၇၀၀၀) စီ လှူဒါန်းထားတာရှိတဲ့အတွက် ဒီလအတွက်ကတော့ အဆင်ပြေတယ် ဆိုပေမယ့် စခန်းက ဘယ်လောက်ကြာအောင် ဖွင့်ထားရမလဲ မသိသေးတာကြောင့် စားနပ်ရိက္ခါ ဆန်၊ ဆီ၊ ဆား စတာတွေ လိုအပ်ချက်တွေရှိနေတုန်းပါပဲ”ဟု စခန်းတာဝန်ခံကပြောသည်။

KBC-2 စစ်ရှောင်စခန်းအား ကွတ်ခိုင်မြို့ အမှတ် (၆) ရပ်ကွက် မူကြိုကျောင်းဝန်းအတွင်း ခြံစည်းရိုး၊ ခြံတံခါးများဖြင့် လုံခြုံစွာကာရံထားပြီး စခန်းအတွင်း လူအဝင်အထွက်ကို စနစ်တကျ လုပ်ဆောင်ပေးနေကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~