ျပည္ပပို႔ရန္ တရားမဝင္သယ္လာသည့္ ႏြား(၇၄)ေကာင္ကို ေရပူစစ္ေဆးေရးအဖြဲ႔က ဖမ္းဆီးရမိ

ျပည္ပပို႔ရန္ တရားမဝင္သယ္လာသည့္ ႏြား(၇၄)ေကာင္ကို ေရပူစစ္ေဆးေရးအဖြဲ႔က ဖမ္းဆီးရမိ
ဧပြီ 10, 2017
By Tachileik News Agency

ေမွာင္ခိုလမ္းေၾကာင္းမွ ျပည္ပတင္ပုိ႔ရန္ သယ္ေဆာင္လာသည့္ ႏြား (၇၄)ေကာင္အား  ရွမ္းျပည္နယ္ ေျမာက္ပိုင္း မႏၱေလး - မူဆယ္ကုန္သြယ္ေရးလမ္း သိန္းနီၿမိဳ႕နယ္ရိွ ေရပူအၿမဲတမ္း စစ္ေဆးေရးစခန္းႏွင့္ (၃) မိုင္ခန္႔အကြာတြင္ ေရပူစစ္ေဆးေရးအဖြဲ႕က ဧၿပီလ(၁၀)ရက္ေန႔ ေန႔လယ္ပိုင္းတြင္ ဖမ္းဆီး ရမိလုိက္ေၾကာင္း သိရသည္။

“သတင္းက ဒီလ ( ၇) ရက္ေန႔ ေလာက္ကတည္းက ႀကိဳရထားတာ။ အဲဒါနဲ႔ ေရပူဂိတ္ကို ေရွာင္ၿပီးသြားတဲ့ အဓိက ေမွာင္ခိုလမ္း ႏွစ္လမ္းမွာ ကြ်န္ေတာ္တို႔ စစ္ေဆးေရးအဖြဲ႔နဲ႔ ျပည္သူ႔စစ္အဖြဲ႔တခ်ိဳ႕အတူပူးေပါင္းၿပီး ေစာင့္ဆိုင္း ဖမ္းဆီးခဲ့မိတာပါ။ ႏြားေတြကို ေမာင္းလာသူေတြကေတာ့ ထြက္ေျပးသြားတယ္။ နယ္ေျမ လံုၿခံဳေရးအရ အဲဒီလူ ေတြကို လိုက္ဖမ္းဖို႔ကိုေတာ့ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔ကို လႊဲေပးထားပါတယ္”ဟု ေရပူအၿမဲတမ္းစစ္ေဆးေရးစခန္းမွ စစ္ေဆးေရးအဖြဲ႔ေခါင္းေဆာင္ ဦးတက္ထြန္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဧၿပီလ(၁၀)ရက္ေန႔ ေန႔လယ္ (၁၁) နာရီဝန္းက်င္ခန္႔တြင္ ေရပူစစ္ေဆးေရးဂိတ္မွ (၃)မိုင္ခန္႔အကြာ ေရွာင္ကြင္းလမ္း၊ ေတာလမ္းတစ္ခုအတြင္းမွ ေမာင္းႏွင္လာသည့္ႏြားအုပ္အား စစ္ေဆးေရးအဖြဲ႕က ႀကိဳတင္ ေစာင့္ဆိုင္းဖမ္းဆီးႏုိင္ခဲ့ေသာ္လည္း ႏြားသယ္ေဆာင္လာသူမ်ား ထြက္ေျပးလြတ္ေျမာက္သြားေၾကာင္း သိရသည္။

“လူေတြကေတာ့ ဘယ္ႏွစ္ေယာက္ပါလာလည္း မသိလိုက္ေတာ့ဘူး။ ဖမ္းတဲ့အခ်ိန္မွာ ႏြားေတြကလည္း ထြက္ေျပး၊ လူေတြကလည္း ထြက္ေျပးဆိုေတာ့ ဝရုန္းသုန္းကားနဲ႔ ဖမ္းရတာခင္ဗ်။ လူေတြေနာက္ လိုက္ဖို႔လုပ္ေတာ့လည္း ကြ်န္ေတာ္တို႔နဲ႔ပါတဲ့ ျပည္သူ႔စစ္ေတြမွာ လက္နက္ရွိေပမဲ့ ထိေတြ႔တာေတြ မျဖစ္ေစခ်င္လို႔ရယ္၊ ေနာက္တစ္ခုက နယ္ေျမအေျခအေနအရ မလံုၿခံဳတာေၾကာင့္ရယ္ ဆက္ မလိုက္ႏိုင္တာပါ”ဟု ဦးတက္ထြန္းေအာင္က ေျပာသည္။

အဆိုပါ တရားမဝင္သယ္ေဆာင္လာသည့္ႏြားမ်ား ဖမ္းဆီးရမိေရးအတြက္ အေကာက္ခြန္ဦးစီးဌာန ဝန္ထမ္းမ်ားႏွင့္ ျပည္သူ႔စစ္အဖြဲ႔မ်ား ပါဝင္သည့္ ပူးေပါင္းစစ္ေဆးေရးအဖြဲ႔ျဖင့္ (၃) ရက္ခန္႔ ေစာင့္ဆိုင္းခဲ့ရျခင္း ျဖစ္ေၾကာင္း သိရသည္။

လက္ရိွတြင္ ဖမ္းဆီးရမိထားသည့္ ႏြားမ်ားအား ေကြ်းေမြးထိန္းသိမ္းထားၿပီး ျပည္သူပိုင္အျဖစ္ သိမ္းဆည္းကာ သိန္းနီၿမိဳ႕နယ္စည္ပင္သာယာေရး ဌာနသို႔အပ္ႏွံ၍ ေလလံတင္ႏိုင္ရန္ စီစဥ္ သြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ႏြား (၇၄) ေကာင္အား ေမွာင္ခိုလမ္းေၾကာင္းမ်ားမွတဆင့္ တရုတ္ႏိုင္ငံသို႔ ပို႔ေဆာင္ရန္ သယ္ေဆာင္လာျခင္းျဖစ္ႏုိင္သည္ဟု စစ္ေဆးေရးအဖြဲ႔က ခန္႔မွန္းထားသည္။

သတင္း - ေနၿဖဳိးျမင့္
ဓာတ္ပံု - ေရပူအၿမဲတမ္း စစ္ေဆးေရးအဖြဲ႔


~~~~~~~~⊰❂ unicode ~~~~~~~~

ပြည်ပပို့ရန် တရားမဝင်သယ်လာသည့် နွား(၇၄)ကောင်ကို ရေပူစစ်ဆေးရေးအဖွဲ့က ဖမ်းဆီးရမိ

မှောင်ခိုလမ်းကြောင်းမှ ပြည်ပတင်ပို့ရန် သယ်ဆောင်လာသည့် နွား (၇၄)ကောင်အား ရှမ်းပြည်နယ် မြောက်ပိုင်း မန္တလေး - မူဆယ်ကုန်သွယ်ရေးလမ်း သိန်းနီမြို့နယ်ရှိ ရေပူအမြဲတမ်း စစ်ဆေးရေးစခန်းနှင့် (၃) မိုင်ခန့်အကွာတွင် ရေပူစစ်ဆေးရေးအဖွဲ့က ဧပြီလ(၁၀)ရက်နေ့ နေ့လယ်ပိုင်းတွင် ဖမ်းဆီး ရမိလိုက်ကြောင်း သိရသည်။

“သတင်းက ဒီလ ( ၇) ရက်နေ့ လောက်ကတည်းက ကြိုရထားတာ။ အဲဒါနဲ့ ရေပူဂိတ်ကို ရှောင်ပြီးသွားတဲ့ အဓိက မှောင်ခိုလမ်း နှစ်လမ်းမှာ ကျွန်တော်တို့ စစ်ဆေးရေးအဖွဲ့နဲ့ ပြည်သူ့စစ်အဖွဲ့တချို့အတူပူးပေါင်းပြီး စောင့်ဆိုင်း ဖမ်းဆီးခဲ့မိတာပါ။ နွားတွေကို မောင်းလာသူတွေကတော့ ထွက်ပြေးသွားတယ်။ နယ်မြေ လုံခြုံရေးအရ အဲဒီလူ တွေကို လိုက်ဖမ်းဖို့ကိုတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို လွှဲပေးထားပါတယ်”ဟု ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းမှ စစ်ဆေးရေးအဖွဲ့ခေါင်းဆောင် ဦးတက်ထွန်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဧပြီလ(၁၀)ရက်နေ့ နေ့လယ် (၁၁) နာရီဝန်းကျင်ခန့်တွင် ရေပူစစ်ဆေးရေးဂိတ်မှ (၃)မိုင်ခန့်အကွာ ရှောင်ကွင်းလမ်း၊ တောလမ်းတစ်ခုအတွင်းမှ မောင်းနှင်လာသည့်နွားအုပ်အား စစ်ဆေးရေးအဖွဲ့က ကြိုတင် စောင့်ဆိုင်းဖမ်းဆီးနိုင်ခဲ့သော်လည်း နွားသယ်ဆောင်လာသူများ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

“လူတွေကတော့ ဘယ်နှစ်ယောက်ပါလာလည်း မသိလိုက်တော့ဘူး။ ဖမ်းတဲ့အချိန်မှာ နွားတွေကလည်း ထွက်ပြေး၊ လူတွေကလည်း ထွက်ပြေးဆိုတော့ ဝရုန်းသုန်းကားနဲ့ ဖမ်းရတာခင်ဗျ။ လူတွေနောက် လိုက်ဖို့လုပ်တော့လည်း ကျွန်တော်တို့နဲ့ပါတဲ့ ပြည်သူ့စစ်တွေမှာ လက်နက်ရှိပေမဲ့ ထိတွေ့တာတွေ မဖြစ်စေချင်လို့ရယ်၊ နောက်တစ်ခုက နယ်မြေအခြေအနေအရ မလုံခြုံတာကြောင့်ရယ် ဆက် မလိုက်နိုင်တာပါ”ဟု ဦးတက်ထွန်းအောင်က ပြောသည်။

အဆိုပါ တရားမဝင်သယ်ဆောင်လာသည့်နွားများ ဖမ်းဆီးရမိရေးအတွက် အကောက်ခွန်ဦးစီးဌာန ဝန်ထမ်းများနှင့် ပြည်သူ့စစ်အဖွဲ့များ ပါဝင်သည့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် (၃) ရက်ခန့် စောင့်ဆိုင်းခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဖမ်းဆီးရမိထားသည့် နွားများအား ကျွေးမွေးထိန်းသိမ်းထားပြီး ပြည်သူပိုင်အဖြစ် သိမ်းဆည်းကာ သိန်းနီမြို့နယ်စည်ပင်သာယာရေး ဌာနသို့အပ်နှံ၍ လေလံတင်နိုင်ရန် စီစဉ် သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ နွား (၇၄) ကောင်အား မှောင်ခိုလမ်းကြောင်းများမှတဆင့် တရုတ်နိုင်ငံသို့ ပို့ဆောင်ရန် သယ်ဆောင်လာခြင်းဖြစ်နိုင်သည်ဟု စစ်ဆေးရေးအဖွဲ့က ခန့်မှန်းထားသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ရေပူအမြဲတမ်း စစ်ဆေးရေးအဖွဲ့

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~