တာခ်ီလိတ္တြင္ အသက္(၈၀)ႏွစ္အထက္ ဘိုးဘြား (၁၉၉)ဦးအား က်ပ္(၈၅)သိန္းေက်ာ္ဖိုး စုေပါင္း ကန္ေတာ့

တာခ်ီလိတ္တြင္ အသက္(၈၀)ႏွစ္အထက္ ဘိုးဘြား (၁၉၉)ဦးအား က်ပ္(၈၅)သိန္းေက်ာ္ဖိုး စုေပါင္း ကန္ေတာ့
ဧပြီ 17, 2017
By Tachileik News Agency

ျမန္မာႏွစ္ဆန္း (၁) ရက္ေန႔ျဖစ္သည့္ ဧၿပီလ (၁၇) ရက္ေန႔ နံနက္ပိုင္းက  အႏၱရာယ္ကင္း ပရိတ္ရြတ္ဖတ္ ပူေဇာ္ျခင္းႏွင့္ သက္ႀကီးဘုိးဘြား(၁၉၉)ဦးအား ပူေဇာ္ကန္ေတာ့ျခင္းတို႔ကို တာခ်ီလိတ္ၿမိဳ႕နယ္ဓမၼာရံုတြင္ က်င္းပျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

အခမ္းအနားတြင္ အႏၱရာယ္ကင္းပရိတ္ရြတ္ဖတ္ပူေဇာ္ပဲြအား ပထမပိုင္းအစီအစဥ္အျဖင့္ က်င္းပျပဳလုပ္ၿပီးေနာက္ အသက္(၈၀)ႏွစ္အထက္ သက္ႀကီးဘုိးဘြားမ်ားအား ပူေဇာ္ကန္ေတာ့ပဲြ ဆက္လက္က်င္းပျပဳလုပ္ရာ ၿမိဳ႕ေပၚရပ္ကြက္မ်ားႏွင့္ ဘိုးဘြားရိပ္သာတို႔မွ အသက္(၈၀)ႏွစ္အထက္ အဘုိး၊ အဘြား (၁၉၉)ဦးအား စုေပါင္းကန္ေတာ့ခဲ့ၾကေၾကာင္း သိရသည္။

အသက္(၈၀)ႏွစ္အထက္ ကန္ေတာ့ခံ ဘိုးဘြားမ်ားတြင္ တာခ်ီလိတ္ၿမိဳ႕ရွိ ရပ္ကြက္မ်ားအနက္ ၀မ္ေကာင္း၊ တာေလာ့၊ ပုန္းထြန္၊ မကာဟိုခမ္း၊ ဆန္ဆိုင္း(က)၊ ဆန္ဆိုင္း(ခ)၊ မယ္ေခါင္၊ ေဆခမ္း၊ ၀ိန္းေက်ာက္၊ ရန္ေအာင္ေျမ၊ ပါဆတ္ စသည့္ ရပ္ကြက္မ်ားအျပင္ ဘိုးဘြားအပါအ၀င္ စုစုေပါင္း (၁၉၉)ဦး ရွိရာ၊ အခမ္းအနားသို႔ (၉၇)ဦးသာ တက္ေရာက္ႏိုင္ခဲ့ၿပီး အခမ္းအနားသို႔ တက္ေရာက္ႏိုင္ျခင္း မရွိသည့္ ဘိုးဘြားမ်ား၏ ေန႔အိမ္မ်ားသို႔ သက္ဆိုင္ရာ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးအဖြဲ႔မွ တဆင့္ လက္၀ယ္အေရာက္ ေပးအပ္သြားမွာ ျဖစ္ေၾကာင္းႏွင့္ စုစုေပါင္း လွဴဒါန္းမႈ တန္ဖိုးမွာ က်ပ္(၈၅)သိန္းေက်ာ္ တန္ဖိုးရွိေၾကာင္း သိရသည္။

အဆိုပါ အခမ္းအနားသို႔ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဌး၀င္း၊ စစ္ဗ်ဴဟာအဖြဲ႕(အေျခခ်)တာခ်ီလိတ္မွ စစ္ဗ်ဴဟာမွဴး ဗိုလ္မွဴးႀကီး ေက်ာ္ကိုထိုက္၊ တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊ၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္ ႏွင့္ ခရိုင္/ၿမိဳ႕နယ္ ဌာနဆိုင္ရာမ်ား၊ ေစတနာရွင္အလွဴရွင္မ်ား တက္ေရာက္ေၾကာင္း သိရသည္။

ဓာတ္ပံု - ေ၀ယံလင္း ၊ ယာေဆး



~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာနှစ်ဆန်း (၁) ရက်နေ့ဖြစ်သည့် ဧပြီလ (၁၇) ရက်နေ့ နံနက်ပိုင်းက အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ် ပူဇော်ခြင်းနှင့် သက်ကြီးဘိုးဘွား(၁၉၉)ဦးအား ပူဇော်ကန်တော့ခြင်းတို့ကို တာချီလိတ်မြို့နယ်ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ပွဲအား ပထမပိုင်းအစီအစဉ်အဖြင့် ကျင်းပပြုလုပ်ပြီးနောက် အသက်(၈၀)နှစ်အထက် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲ ဆက်လက်ကျင်းပပြုလုပ်ရာ မြို့ပေါ်ရပ်ကွက်များနှင့် ဘိုးဘွားရိပ်သာတို့မှ အသက်(၈၀)နှစ်အထက် အဘိုး၊ အဘွား (၁၉၉)ဦးအား စုပေါင်းကန်တော့ခဲ့ကြကြောင်း သိရသည်။

အသက်(၈၀)နှစ်အထက် ကန်တော့ခံ ဘိုးဘွားများတွင် တာချီလိတ်မြို့ရှိ ရပ်ကွက်များအနက် ဝမ်ကောင်း၊ တာလော့၊ ပုန်းထွန်၊ မကာဟိုခမ်း၊ ဆန်ဆိုင်း(က)၊ ဆန်ဆိုင်း(ခ)၊ မယ်ခေါင်၊ ဆေခမ်း၊ ဝိန်းကျောက်၊ ရန်အောင်မြေ၊ ပါဆတ် စသည့် ရပ်ကွက်များအပြင် ဘိုးဘွားအပါအဝင် စုစုပေါင်း (၁၉၉)ဦး ရှိရာ၊ အခမ်းအနားသို့ (၉၇)ဦးသာ တက်ရောက်နိုင်ခဲ့ပြီး အခမ်းအနားသို့ တက်ရောက်နိုင်ခြင်း မရှိသည့် ဘိုးဘွားများ၏ နေ့အိမ်များသို့ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့မှ တဆင့် လက်ဝယ်အရောက် ပေးအပ်သွားမှာ ဖြစ်ကြောင်းနှင့် စုစုပေါင်း လှူဒါန်းမှု တန်ဖိုးမှာ ကျပ်(၈၅)သိန်းကျော် တန်ဖိုးရှိကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်း၊ စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်ကိုထိုက်၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် နှင့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များ တက်ရောက်ကြောင်း သိရသည်။

ဓာတ်ပုံ -ေဝယံလင်း၊ ယာဆေး

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~