ေက်ာက္မဲတြင္ လူငယ္တစ္ဦး ေမာင္းလာသည့္ ဆိုင္ကယ္မွ ဝင္တုိက္မိ၍ သံုးဦးဒဏ္ရာရ

ေက်ာက္မဲတြင္ လူငယ္တစ္ဦး ေမာင္းလာသည့္ ဆိုင္ကယ္မွ ဝင္တုိက္မိ၍ သံုးဦးဒဏ္ရာရ
ဧပြီ 5, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕တြင္ ဧၿပီလ (၅)ရက္ေန႔ ညေန(၃)နာရီေက်ာ္က လူငယ္တစ္ဦး ေမာင္းႏွင္လာသည့္ ဆိုင္ကယ္က အျခားဆုိင္ကယ္အား ေနာက္မွဝင္တုိက္မိ၍ သံုးဦးဒဏ္ရာရသြားေၾကာင္း သိရသည္။

“အမ်ဳိးသမီးႏွစ္ဦးစီးလာတ့ဲ ဆိိုင္ကယ္ကို အဲဒီကေလးမေလးဆိုင္ကယ္က ဝင္တိုက္မိတာ။ အေနာက္ ကေနဝင္တိုက္ၿပီး လြင့္ထြက္သြားတာ ပလက္ေဖါင္းနားမွာ လူကသြားက်တယ္။ ဇီဝိတလူမႈကူညီေရး အသင္းက လာသယ္သြားတာေတြ႔တယ္”ဟု ျဖစ္စဥ္အားျမင္ေတြ႕လိုက္သူ ကိုမိ်ဳးက ေျပာသည္။

ေက်ာက္မဲၿမိဳ႕ နယ္ နားပံုေက်းရြာေန အသက္ (၁၁) ႏွစ္အရြယ္ဟု ရဲမွတ္တမ္းအရသိရွိရသည မစႏၵာဦးဆိုသူ စီးနင္းလာသည့္ ဆိုင္ကယ္က အမ်ိဳးသမီးႏွစ္ဦး စီးလာသည့္ဆိုင္ကယ္အား ဝင္တိုက္မိခ့ဲျခင္းျဖစ္ၿပီး စုစုေပါင္းအမိ်ဳးသမီးသံုးဦး ဒဏ္ရာရသြားေၾကာင္း သိရသည္။

“စစ္ေဆးေနဆဲပဲ ရွိပါေသးတယ္၊ သူတို႔အုပ္ထိန္းသူေတြ ဘာေတြလည္း မစံုေသးဘူး။ ျဖစ္စဥ္ကိုလည္း အတိအက် မစစ္ေဆးရေသးလို႔ပါ။ ေနာက္မွသက္ဆိုင္သလိုဆက္လုပ္သြားရမွာပါ” ဟု အခင္းျဖစ္ပြားမႈကို စစ္ေဆးေနသည့္ ယာဥ္ထိန္းအရာရွိက ေျပာသည္။

ယာဥ္တုိက္မႈေၾကာင့္ ဒဏ္ရာအသီးသီးရသြားသည့္ အမ်ိဳးသမီး (၃)ဦးအား ေက်ာက္မဲၿမိဳ႕ ျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ထားေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္
ဓာတ္ပံု - ကိုမ်ဳိး


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့တွင် ဧပြီလ (၅)ရက်နေ့ ညနေ(၃)နာရီကျော်က လူငယ်တစ်ဦး မောင်းနှင်လာသည့် ဆိုင်ကယ်က အခြားဆိုင်ကယ်အား နောက်မှဝင်တိုက်မိ၍ သုံးဦးဒဏ်ရာရသွားကြောင်း သိရသည်။

“အမျိုးသမီးနှစ်ဦးစီးလာတဲ့ ဆိုင်ကယ်ကို အဲဒီကလေးမလေးဆိုင်ကယ်က ဝင်တိုက်မိတာ။ အနောက် ကနေဝင်တိုက်ပြီး လွင့်ထွက်သွားတာ ပလက်ဖောင်းနားမှာ လူကသွားကျတယ်။ ဇီဝိတလူမှုကူညီရေး အသင်းက လာသယ်သွားတာတွေ့တယ်”ဟု ဖြစ်စဉ်အားမြင်တွေ့လိုက်သူ ကိုမျိုးက ပြောသည်။

ကျောက်မဲမြို့ နယ် နားပုံကျေးရွာနေ အသက် (၁၁) နှစ်အရွယ်ဟု ရဲမှတ်တမ်းအရသိရှိရသည့် မစန္ဒါဦးဆိုသူ စီးနင်းလာသည့် ဆိုင်ကယ်က အမျိုးသမီးနှစ်ဦး စီးလာသည့်ဆိုင်ကယ်အား ဝင်တိုက်မိခဲ့ခြင်းဖြစ်ပြီး စုစုပေါင်းအမျိုးသမီးသုံးဦး ဒဏ်ရာရသွားကြောင်း သိရသည်။

“စစ်ဆေးနေဆဲပဲ ရှိပါသေးတယ်၊ သူတို့အုပ်ထိန်းသူတွေ ဘာတွေလည်း မစုံသေးဘူး။ ဖြစ်စဉ်ကိုလည်း အတိအကျ မစစ်ဆေးရသေးလို့ပါ။ နောက်မှသက်ဆိုင်သလိုဆက်လုပ်သွားရမှာပါ” ဟု အခင်းဖြစ်ပွားမှုကို စစ်ဆေးနေသည့် ယာဉ်ထိန်းအရာရှိက ပြောသည်။

ယာဉ်တိုက်မှုကြောင့် ဒဏ်ရာအသီးသီးရသွားသည့် အမျိုးသမီး (၃)ဦးအား ကျောက်မဲမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ကိုမျိုး

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~