ႏြား ၁၇၅ ေကာင္စာ အသားေျခာက္ႏွင့္အသားစိုမ်ား သယ္လာသည့္ ခရီးသည္တင္ကား သံုးစီးဖမ္းဆီးရမိ

ႏြား ၁၇၅ ေကာင္စာ အသားေျခာက္ႏွင့္အသားစိုမ်ား သယ္လာသည့္ ခရီးသည္တင္ကား သံုးစီးဖမ္းဆီးရမိ
မတ် 29, 2017
By 🌸
ရွမ္းျပည္နယ္ေျမာက္ပိုင္း မႏၱေလး-မူဆယ္ ကုန္သြယ္ေရးလမ္းေၾကာင္း ျပည္ေထာင္စုလမ္းမႀကီးေပၚရွိ ေရပူအၿမဲတမ္းစစ္ေဆးေရးဂိတ္၌ မတ္လ( ၂၉ ) ရက္ေန႔ကစစ္ေဆးစဥ္ GI Group Express ကား (၃)စီးတြင္ အမဲသားေျခာက္(၂၅၆၇)ပိႆႏွင့္ အစို(၅၀)ပိႆသယ္ေဆာင္လာသည္ကို စစ္ေဆးေတြ႔ရိွေၾကာင္း သိရသည္။
မႏၱေလးၿမိဳ႕ဘက္မွ မူဆယ္ၿမိဳ႕ဘက္သို႔ ေမာင္းနွင္လာသည့္ GI Group Express ကား (၃)စီးအား စစ္ေဆးေရးဂိတ္တြင္ နံနက္ ( ၄ ) နာရီဝန္းက်င္ကစစ္ေဆးရာ တရုတ္ႏိုင္ငံသို႔ပို႔ေဆာင္ရန္ သယ္ေဆာင္လာ   သည့္ အမဲသားေျခာက္( ၂၅၆၇ )ပိႆႏွင့္ အစို ( ၅၀ ) ပိႆ (ႏြား ၁၇၅  ေကာင္ႏွင့္ညီမွ်သည့္အသား)ကို ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ခရီးသည္တင္ကားျဖစ္တဲ့အတြက္ ပါလာတဲ့အသားေျခာက္ေတြ၊ အစိုေတြကို စစ္ေဆးၿပီး စာရင္းနဲ႔တကြ အခ်ိန္အတြယ္ေကာက္ယူၿပီးေတာ့ ခရီးသည္ေတြကိုေတာ့ ခရီးဆက္သြားခိုင္းလိုက္ပါၿပီ။ ျပည္တြင္းကေန ျပည္ပကို သြားမယ့္ အသားေတြကိုမိတာပါ။ ဒါေၾကာင့္ အသားေျခာက္ေတြက တစ္ပတ္ႏွစ္ပတ္ေလာက္အခ်ိန္ယူ ေျဖရွင္းဖို႔အခ်ိန္ရတဲ့အတြက္ လားရႈိးအေကာက္ခြန္ဌာနကို ပို႔မွာပါ။ အသားစိုေတြကေတာ့ လားရိႈးၿမိဳ႕နယ္   စည္ပင္ကို ပို႔ေဆာင္ၿပီး စည္ပင္ကမွတစ္ဆင့္ ေလလံတင္ေရာင္းခ်တာေတြ ျပန္လုပ္ဖို႔စီစဥ္မွာျဖစ္ပါတယ္” ဟု ေရပူအၿမဲတမ္းစစ္ေဆးေရးဂိတ္မွ စစ္ေဆးေရးအဖြဲ႔ေခါင္းေဆာင္ ဦးတက္ထြန္းေအာင္က ေျပာသည္။

အဆိုပါ စစ္ေဆးေရးဂိတ္တြင္ မတ္လ (၂၉) ရက္ေန႔ နံနက္ (၄ ) နာရီခန္႔က ပိေတာက္သစ္မ်ား တင္ေဆာင္လာသည့္ ကားတစ္စီး၊ အေကာက္ခြန္မဲ့ အိမ္ေဆာက္ပစၥည္းႏွင့္ အိမ္အလွဆင္ပစၥည္းမ်ား တင္ေဆာင္လာသည့္ကားတစ္စီး၊ အေကာက္ခြန္မဲ့ လွ်ပ္စစ္ပစၥည္းမ်ား တင္ေဆာင္လာသည့္ ကားတစ္စီးႏွင့္ အသားေျခာက္ႏွင့္အသားစိုမ်ား တင္ေဆာင္လာသည့္ ခရီးသည္တင္ကား (၃) စီးတို႔ကို အခ်ိန္အနည္းငယ္စီ ျခားကာ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

မႏၱေလး-မူဆယ္ ကုန္သြယ္ေရးလမ္းေၾကာင္းရိွ ေရပူအၿမဲတမ္းစစ္ေဆးေရးဂိတ္အား ၂၀၁၇ ခုႏွစ္ ဇန္နဝါရီလ (၁၆) ရက္ေန႔မွစ၍ ျပန္လည္ဖြင့္လွစ္ၿပီး စစ္ေဆးလာရာ မတ္လ (၂၄) ရက္ေန႔အထိ စုစုေပါင္း အမႈတြဲေပါင္း (၁၁၄) မႈတြင္ ကာလတန္ဖိုးက်ပ္သိန္းေပါင္း( ၂၂၆၆၁) ေက်ာ္အား ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု #ေရပူစစ္ေဆးေရးစခန္း

~~~~~~~~⊰❂ unicode ~~~~~~~~

နွား ၁၇၅ ကောင်စာ အသားခြောက်နှင့်အသားစိုများ သယ်လာသည့် ခရီးသည်တင်ကား သုံးစီးဖမ်းဆီးရမိ
************
ရှမ်းပြည်နယ်မြောက်ပိုင်း မန္တလေး-မူဆယ် ကုန်သွယ်ရေးလမ်းကြောင်း ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရေပူအမြဲတမ်းစစ်ဆေးရေးဂိတ်၌ မတ်လ( ၂၉ ) ရက်နေ့ကစစ်ဆေးစဉ် GI Group Express ကား (၃)စီးတွင် အမဲသားခြောက်(၂၅၆၇)ပိဿနှင့် အစို(၅၀)ပိဿသယ်ဆောင်လာသည်ကို စစ်ဆေးတွေ့ရှိကြောင်း သိရသည်။

မန္တလေးမြို့ဘက်မှ မူဆယ်မြို့ဘက်သို့ မောင်းနှင်လာသည့် GI Group Express ကား (၃)စီးအား စစ်ဆေးရေး ဂိတ်တွင် နံနက် ( ၄ ) နာရီဝန်းကျင်ကစစ်ဆေးရာ တရုတ်နိုင်ငံသို့ပို့ဆောင်ရန် သယ်ဆောင်လာသည့် အမဲသားခြောက်( ၂၅၆၇ )ပိဿနှင့် အစို ( ၅၀ ) ပိဿ (နွား ၁၇၅  ကောင်နှင့်ညီမျှသည့်အသား)ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ခရီးသည်တင်ကားဖြစ်တဲ့အတွက် ပါလာတဲ့အသားခြောက်တွေ၊ အစိုတွေကို စစ်ဆေးပြီး စာရင်းနဲ့တကွ အချိန် အတွယ် ကောက်ယူပြီးတော့ ခရီးသည်တွေကိုတော့ ခရီးဆက်သွားခိုင်းလိုက်ပါပြီ။ ပြည်တွင်းကနေ ပြည်ပကို သွားမယ့် အသားတွေကိုမိတာပါ။ ဒါကြောင့် အသားခြောက်တွေက တစ်ပတ်နှစ်ပတ်လောက်အချိန်ယူ ဖြေရှင်း ဖို့အချိန်ရတဲ့အတွက် လားရှိုးအကောက်ခွန်ဌာနကိုပို့မှာပါ။ အသားစိုတွေကတော့ လားရှိုးမြို့နယ်စည်ပင်ကို ပို့ဆောင်ပြီး စည်ပင်ကမှတစ်ဆင့် လေလံတင်ရောင်းချတာတွေ ပြန်လုပ်ဖို့စီစဉ်မှာဖြစ်ပါတယ်” ဟု ရေပူအမြဲတမ်းစစ်ဆေးရေးဂိတ်မှ စစ်ဆေးရေးအဖွဲ့ခေါင်းဆောင် ဦးတက်ထွန်းအောင်က ပြောသည်။

အဆိုပါ စစ်ဆေးရေးဂိတ်တွင် မတ်လ (၂၉) ရက်နေ့ နံနက် (၄ ) နာရီခန့်က ပိတောက်သစ်များ တင်ဆောင်လာသည့် ကားတစ်စီး၊ အကောက်ခွန်မဲ့ အိမ်ဆောက်ပစ္စည်းနှင့် အိမ်အလှဆင်ပစ္စည်းများ တင်ဆောင်လာသည့်ကားတစ်စီး၊ အကောက်ခွန်မဲ့ လျှပ်စစ်ပစ္စည်းများ တင်ဆောင်လာသည့် ကားတစ်စီးနှင့် အသားခြောက်နှင့်အသားစိုများ တင်ဆောင်လာသည့် ခရီးသည်တင်ကား (၃) စီးတို့ကို အချိန်အနည်းငယ်စီ ခြားကာ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မန္တလေး-မူဆယ် ကုန်သွယ်ရေးလမ်းကြောင်းရှိ ရေပူအမြဲတမ်းစစ်ဆေးရေးဂိတ်အား ၂၀၁၇ ခုနှစ် ဇန်နဝါရီလ (၁၆) ရက်နေ့မှစ၍ ပြန်လည်ဖွင့်လှစ်ပြီး စစ်ဆေးလာရာ မတ်လ (၂၄) ရက်နေ့အထိ စုစုပေါင်း အမှုတွဲပေါင်း (၁၁၄) မှုတွင် ကာလတန်ဖိုးကျပ်သိန်းပေါင်း( ၂၂၆၆၁) ကျော်အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ #ရေပူစစ်ဆေးရေးစခန်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~