ေတာင္ႀကီးသႀကၤန္ကာလ ယာဥ္ထိန္းတပ္ဖြဲ႕အင္အား ယခင္ႏွစ္ထက္ ထပ္တိုးမည္

ေတာင္ႀကီးသႀကၤန္ကာလ ယာဥ္ထိန္းတပ္ဖြဲ႕အင္အား ယခင္ႏွစ္ထက္ ထပ္တိုးမည္
မတ် 31, 2017
By 🌸
ရွမ္းျပည္နယ္ေတာင္ပိုင္း ေတာင္ႀကီးၿမိဳ႕သႀကၤန္ကာလအတြင္း ယာဥ္စည္းကမ္းထိန္းသိမ္းေရးအတြက္ တပ္ဖြဲ႕ဝင္အင္အားကို ယခင္ႏွစ္ထက္ တပ္ဖြဲ႕ဝင္ဦးေရ (၂၀) ဦးထပ္တိုးထားၿပီး ယာဥ္စည္းကမ္းထိန္းသိမ္းေရး ပညာေပးလုပ္ငန္းမ်ားကို လုပ္ေဆာင္ေနေၾကာင္း သိရသည္။

“ သၾကၤန္မတိုင္ခင္အထိ သတိေပးနိႈးေဆာ္ခ်က္စာေစာင္ေတြ ေဝသြားမယ္။ လူစည္ကားတဲ့ေနရာေတြမွာ ဗီႏိုင္းနဲ႔ ေၾကျငာသြားမယ္။ လမ္းေၾကာပိတ္ဆို႔ၿပီး လမ္းလြဲေတြလုပ္တာေတာ့ မရွိပါဘူး။ သၾကၤန္ေရာက္ခါနီး ဆိုရင္ ညဘက္အသံေပးႏိႈးေဆာ္ခ်က္ေတြနဲ႔ ဆိုင္ကယ္ေတြမွာ ေရာက္ျပန္စေတကာေတြ တပ္ဆင္ ေပးသြားမွာပါ” ဟု အမွတ္ (၁၈)ယာဥ္ထိန္းရဲ ဒုတပ္ဖြဲ႕ခြဲ( ရွမ္းေတာင္ ) မွ ရဲမွဴးမ်ဳိးေဇာ္ေအာင္က ေျပာသည္။

ေတာင္ႀကီးသၾကၤန္တြင္ မတ္လ(၃၀)ရက္ေန႔အထိ ဗဟိုမ႑ပ္တစ္ခုမွလြဲ၍ ခြင့္ျပဳခ်က္တင္လာသည့္ မ႑ပ္မရိွေသးေၾကာင္း ေတာင္ႀကီးၿမိဳ႕နယ္စည္ပင္သာယာေရးဌာနမွ သိရသည္။

“ျမကန္သာပန္းျခံကေနၿပီးေတာ့ ေတာင္ႀကီးအဆိုေတာ္ေတြေခၚၿပီး မ႑ပ္လုပ္မယ္လို႔ေတာ့ ေျပာထားတယ္။ စာရင္းေတာ့ အေသအခ်ာလာမတင္ထားေသးဘူး။ ေျပာေတာ့ေျပာထားပါတယ္။ မ႑ပ္အႀကီးကေတာ့ အစိုး ရကလုပ္တဲ့ ဗဟိုမ႑ပ္က ၿမိဳ႕မေစ်းေဘးမွာ အရင္ႏွစ္ေတြအတိုင္းပါပဲ။ ေတာင္ႀကီးမွာက ရန္ကုန္ကလို စီးပြားျဖစ္မ႑ပ္ေတြ ထားတာမရွိဘူး။ သႀကၤန္မွာေတာ့ အစိုးရအဖြဲ႕ေတြနဲ႔ မနွစ္ကအတိုင္းပဲ ေညာင္ေရႊ နဒီကန္မွာ ငါးလႊတ္ပြဲလုပ္မွာပါ။ မႏွစ္ကလုိပါပဲ။ ဗဟိုမ႑ပ္ တစ္ခုပဲရွိတယ္” ဟု ေတာင္ႀကီး ၿမိဳ႕နယ္စည္ပင္သာယာေရးဌာန အမႈေဆာင္အရာရွိ ဦးေအးကိုက ေျပာသည္။

ေတာင္ႀကီးၿမိဳ႕သႀကၤန္ကာလတြင္ ယာဥ္ထိန္းတပ္ဖြဲ႕က ယခင္ႏွစ္ထက္ အင္အား (၂၀) ဦးထပ္တိုးၿပီး စုစုေပါင္း အင္အား(၉၂)ဦးျဖင့္ ယာဥ္စည္းကမ္းထိန္းသိမ္းေရး ၾကပ္မတ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ႏိုႏို

~~~~~~~~⊰❂ unicode ~~~~~~~~

တောင်ကြီးသင်္ကြန်ကာလ ယာဉ်ထိန်းတပ်ဖွဲ့အင်အား ယခင်နှစ်ထက်ပိုသုံးမည်
************

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့သင်္ကြန်ကာလအတွင်း ယာဉ်စည်းကမ်းထိန်းသိမ်းရေးအတွက် တပ်ဖွဲ့ဝင်အင်အားကို ယခင်နှစ်ထက် တပ်ဖွဲ့ဝင်ဦးရေ (၂၀) ဦးထပ်တိုးထားပြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေး ပညာပေးလုပ်ငန်းများကို လုပ်ဆောင်နေကြောင်း သိရသည်။

“ သင်္ကြန်မတိုင်ခင်အထိ သတိပေးနှိုးဆော်ချက်စာစောင်တွေ ဝေသွားမယ်။ လူစည်ကားတဲ့နေရာတွေမှာ ဗီနိုင်းနဲ့ ကြေငြာသွားမယ်။ လမ်းကြောပိတ်ဆို့ပြီး လမ်းလွဲတွေလုပ်တာတော့ မရှိပါဘူး။ သင်္ကြန်ရောက်ခါနီး ဆိုရင် ညဘက်အသံပေးနှိုးဆော်ချက်တွေနဲ့ ဆိုင်ကယ်တွေမှာ ရောက်ပြန်စတေကာတွေ တပ်ဆင် ပေးသွားမှာပါ” ဟု အမှတ် (၁၈)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ( ရှမ်းတောင် ) မှ ရဲမှူးမျိုးဇော်အောင်က ပြောသည်။

တောင်ကြီးသင်္ကြန်တွင် မတ်လ(၃၀)ရက်နေ့အထိ ဗဟိုမဏ္ဍပ်တစ်ခုမှလွဲ၍ ခွင့်ပြုချက်တင်လာသည့် မဏ္ဍပ်မရှိသေးကြောင်း တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။

“မြကန်သာပန်းခြံကနေပြီးတော့ တောင်ကြီးအဆိုတော်တွေခေါ်ပြီး မဏ္ဍပ်လုပ်မယ်လို့တော့ ပြောထားတယ်။ စာရင်းတော့ အသေအချာလာမတင်ထားသေးဘူး။ ပြောတော့ပြောထားပါတယ်။ မဏ္ဍပ်အကြီးကတော့ အစိုး ရကလုပ်တဲ့ ဗဟိုမဏ္ဍပ်က မြို့မစျေးဘေးမှာ အရင်နှစ်တွေအတိုင်းပါပဲ။ တောင်ကြီးမှာက ရန်ကုန်ကလို စီးပွားဖြစ်မဏ္ဍပ်တွေ ထားတာမရှိဘူး။ သင်္ကြန်မှာတော့ အစိုးရအဖွဲ့တွေနဲ့ မနှစ်ကအတိုင်းပဲ ညောင်ရွှေ နဒီကန်မှာ ငါးလွှတ်ပွဲလုပ်မှာပါ။ မနှစ်ကလိုပါပဲ။ ဗဟိုမဏ္ဍပ် တစ်ခုပဲရှိတယ်” ဟု တောင်ကြီး မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးအေးကိုက ပြောသည်။

တောင်ကြီးမြို့သင်္ကြန်ကာလတွင် ယာဉ်ထိန်းတပ်ဖွဲ့က ယခင်နှစ်ထက် အင်အား (၂၀) ဦးထပ်တိုးပြီး စုစုပေါင်း အင်အား(၉၂)ဦးဖြင့် ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြပ်မတ်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~