ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္မ်ားႏွင့္ NLD ဗဟို၊ ျပည္နယ္ဥကၠဌ ႏွင့္ အတြင္းေရးမွဴးမ်ား ေတြ႔ဆံုပြဲ ေတာင္ႀကီးတြင္က်င္းပ

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္မ်ားႏွင့္ NLD ဗဟို၊ ျပည္နယ္ဥကၠဌ ႏွင့္ အတြင္းေရးမွဴးမ်ား ေတြ႔ဆံုပြဲ ေတာင္ႀကီးတြင္က်င္းပ
မတ် 12, 2017
By Tachileik News Agency
ရွမ္းျပည္နယ္ အစိုးရအဖြဲ႕ဝင္မ်ားႏွင့္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဗဟိုအလုပ္အမႈေဆာင္ အတြင္းေရးမွဴး အဖြဲ႕ဝင္၊ ျပည္နယ္ဥကၠဌႏွင့္ အတြင္းေရးမွဴးမ်ား ေတြ႔ဆံုေဆြးေႏြးပြဲကို ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕၌ မတ္လ (၁၂) ရက္ေန႔ ေန႔လယ္(၁)နာရီက က်င္းပေၾကာင္း သိရသည္။

“ဒီကေန႔ေတြ႕ဆံုပြဲက အစိုးရ၊ ပါတီ၊ လႊတ္ေတာ္ေတြရဲ႕ ထိေတြ႕မႈဟာ ပိုမိုၿပီးေတာ့ နီးစပ္ဖို႔ရယ္၊ တစ္ဦးနဲ႔တစ္ဦး ပိုမိုခ်ိတ္ဆက္မႈ အားေကာင္းေအာင္ ျဖစ္ပါတယ္” ဟု NLD ဗဟိုအလုပ္မႈေဆာင္ အတြင္းေရးမွဴးအဖြဲ႕၀င္ ဦး၀င္းထိန္က ေျပာသည္။

အဆိုပါ ေတြ႔ဆံု ေဆြးေႏြးပြဲသို႔ ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ ျပည္နယ္အစိုးရအဖြဲ႕ဝင္ ဝန္ႀကီးမ်ား၊ ရွမ္းျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္၏ ျပည္နယ္အဆင့္ ဥကၠဌႏွင့္ အတြင္းေရးမွဴးမ်ား ၊ပါတီဗဟိုအလုပ္မႈေဆာင္ အတြင္းေရးမွဴးအဖြဲ႕၀င္ ဦး၀င္းထိန္ စုစုေပါင္း လူဦးေရ (၁၆၀) တက္ေရာက္ၾကသည့္ ပါတီတြင္း မိသားစု ေတြ႕ဆံုပြဲျဖစ္ေၾကာင္း သိရသည္။

“ဒီေန႔ပြဲကေတာ့ ကၽြန္ေတာ္တို႔ဗဟုိက ဦး၀င္းထိန္နဲ႔ ၿမိဳ႕နယ္တိုင္း ၿမိဳ႕နယ္တိုင္းမွာရွိတဲ႕ အမ်ဳိးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ အလုပ္အမႈေဆာင္ ဥကၠဌ၊ အတြင္းေရးမွဴးေတြ ေတြ႕ဆံုပြဲရွိတယ္ ဆိုျပီး ဖုန္းနဲ႔ လွမ္းဖိတ္လို႔  တက္လာတာပါ”ဟု နမ့္စန္ၿမိဳ႕နယ္ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ပါတီ ဥကၠဌ ဦးေနေဇာ္ႏိုင္က ေျပာသည္။

အဆိုပါ ေတြ႕ဆံုပြဲသို႔ ရွမ္းျပည္နယ္ အတြင္း ၿမိဳ႕နယ္အလုိက္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ပါတီ၏ ျပည္နယ္ ဥကၠဌႏွင့္ အတြင္းေရးမွဴး (၂) ဦးစီကို ကန္႔သတ္ ဖိတ္ၾကားျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ႏိုႏို

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူး အဖွဲ့ဝင်၊ ပြည်နယ်ဥက္ကဌနှင့် အတွင်းရေးမှူးများ တွေ့ဆုံဆွေးနွေးပွဲကို ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၌ မတ်လ (၁၂) ရက်နေ့ နေ့လယ်(၁)နာရီက ကျင်းပကြောင်း သိရသည်။

“ဒီကနေ့တွေ့ဆုံပွဲက အစိုးရ၊ ပါတီ၊ လွှတ်တော်တွေရဲ့ ထိတွေ့မှုဟာ ပိုမိုပြီးတော့ နီးစပ်ဖို့ရယ်၊ တစ်ဦးနဲ့တစ်ဦး ပိုမိုချိတ်ဆက်မှု အားကောင်းအောင် ဖြစ်ပါတယ်” ဟု NLD ဗဟိုအလုပ်မှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ပြောသည်။

အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြည်နယ်အဆင့် ဥက္ကဌနှင့် အတွင်းရေးမှူးများ၊ပါတီဗဟိုအလုပ်မှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် စုစုပေါင်း လူဦးရေ (၁၆၀) တက်ရောက်ကြသည့် ပါတီတွင်း မိသားစု တွေ့ဆုံပွဲဖြစ်ကြောင်း သိရသည်။

“ဒီနေ့ပွဲကတော့ ကျွန်တော်တို့ဗဟိုက ဦးဝင်းထိန်နဲ့ မြို့နယ်တိုင်း မြို့နယ်တိုင်းမှာရှိတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အလုပ်အမှုဆောင် ဥက္ကဌ၊ အတွင်းရေးမှူးတွေ တွေ့ဆုံပွဲရှိတယ် ဆိုပြီး ဖုန်းနဲ့ လှမ်းဖိတ်လို့ တက်လာတာပါ”ဟု နမ့်စန်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဌ ဦးနေဇော်နိုင်က ပြောသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ရှမ်းပြည်နယ် အတွင်း မြို့နယ်အလိုက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၏ ပြည်နယ် ဥက္ကဌနှင့် အတွင်းရေးမှူး (၂) ဦးစီကို ကန့်သတ် ဖိတ်ကြားခြင်းဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~