တိုင်းရင်းသားလက်နက်ကိုင် (၅)ဖွဲ့ တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် လက်မှတ်ထိုးမည်

တိုင်းရင်းသားလက်နက်ကိုင် (၅)ဖွဲ့ တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် လက်မှတ်ထိုးမည်
မတ် 30, 2017
By 🌸

ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၅)ဖွဲ့က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) အားလက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနက မတ်လ (၃၀) ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်သည်။

“တစ်နှစ်တာ ကြိုးပမ်းဆွေးနွေးညှိနှိုင်းမှုများ၏ ရလဒ်အဖြစ် ယနေ့ညနေပိုင်းတွင် ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)၏ အဖွဲ့ဝင် (၅)ဖွဲ့ဖြစ်သည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (MNSP)၊ ရခိုင်အမျိုးသားကောင်စီ (ANC)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)နှင့် ဝ အမျိုးသားအဖွဲ့ချုပ် (WNO)တို့က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ကို လက်မှတ်ရေးထိုးတော့မည်ဖြစ်ကြောင်း ထုတ်ဖေါ်ပြောကြားလာခဲ့ပါသည်”ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် NCA လက်မှတ်မထိုးရသေးသည့်အဖွဲ့များပါ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံတွင် ပါဝင်လာရေးလုပ်ဆောင်နေကြောင်းကို အဆိုပါထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

~~~~~~~~⊰❂ unicode ~~~~~~~~

တိုင်းရင်းသားလက္နက္ကိုင် (၅)ဖြဲ့ တစ်နိုင်ငံလုံးအပစ်ရပ္စာခ်ုပ် လက္မွတ္ထိုးမည်
************

ညီညြတ်သောတိုင်းရင်းသားလူမိုးမ်ား ဖက္ဒရယ်ကောင္စီ (UNFC)အဖြဲ့ဝင် (၅)ဖြဲ့က တစ်နိုင်ငံလုံးပစ္ခတ္တိုက္ခိုက္မှု ရပ္စဲရေးသေဘာတူစာခ်ုပ် (NCA) အားလက္မွတ်ရေးထိုးမည်ျဖစ်ကြောင်း နိုင်ငံတော်အတိုင္ပင္ခံရုံးဝန်ကြီးဌာနက မတ္လ (၃၀) ရက်နေ့တြင် သတင်းထုတ်ျပန္လိုက်သည်။

“တစ်နွစ္တာ ကြိုးပမ်းဆြေးနြေးညှိနှိုင်းမှုမ်ား၏ ရလဒ်အျဖစ် ယေန့ညေနပိုင်းတြင် ညီညွှတ်သော တိုင်းရင်သား လူမိုးမ်ား ဖက္ဒရယ်ကောင္စီ (UNFC)၏ အဖြဲ့ဝင် (၅)ဖြျဲ့ဖစ်သည့် ကရင္နီအမိုးသားတိုးတက်ရေးပါတီ (KNPP)၊ မြန်ျပည်သစ္ပါတီ (MNSP)၊ ရခိုင်အမိုးသားကောင္စီ (ANC)၊ လားဟူဒီမိုကရက္တစ်အစည်းအရုံး (LDU)နွင့် ဝ အမိုးသားအဖြဲ့ခ်ုပ် (WNO)တို့က တစ်နိုင်ငံလုံးပစ္ခတ္တိုက္ခိုက္မှုရပ္စဲရေး သေဘာတူစာခ်ုပ် (NCA)ကို လက္မွတ်ရေးထိုးတော့မည်ျဖစ်ကြောင်း ထုတ်ဖေါ်ျေပာကြားလာခဲ့ပါသည်”ဟု အဆိုပါ ထုတ်ျပန္ခ်က္တြင် ဖေါ်ျပထားသည်။

နိုင်ငံတော်အစိုးရအေနျဖင့် အမိုးသာျးပန္လည်သင့်ျမတ်ရေးနွင့် ငြိမ်းခ်မ်းရေးလုပ်ငန်းစဥ္မ်ားကို ဆောင်ြရက်ရာတြင် NCA လက္မွတ္မထိုးရေသးသည့်အဖြဲ့မ်ားပျါပည်ထောင္စု ငြိမ်းခ်မ်းရေးညီလာခံ (၂၁)ရာစုပင္လုံတြင် ပါဝင္လာရေးလုပ်ဆောင်နေကြာင်းကို အဆိုပါထုတ်ျပန္ခ်က္တြင် ဖေါ်ျပထားသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~